• Follow Us on

Home တပ္မေတာ္မွထုတ္ျပန္သည့္ မဲမသမာမႈစာရင္းသည္ မည္သို႔ခိုင္လုံေသာနည္းျဖင့္ စိစစ္ခဲ့သည္ကိုသိရန္ လိုအပ္ေသးေၾကာင္း NLD ပါတီ CEC အဖြဲ႕ဝင္ေဒါက္တာမ်ိဳးညြန႔္ ေမးခြန္းထုတ္

တပ္မေတာ္မွထုတ္ျပန္သည့္ မဲမသမာမႈစာရင္းသည္ မည္သို႔ခိုင္လုံေသာနည္းျဖင့္ စိစစ္ခဲ့သည္ကိုသိရန္ လိုအပ္ေသးေၾကာင္း NLD ပါတီ CEC အဖြဲ႕ဝင္ေဒါက္တာမ်ိဳးညြန႔္ ေမးခြန္းထုတ္

Share this post

ရန္ကုန္၊ ဒီဇင္ဘာ ၂၄ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
တပ္မေတာ္မွ ထုတ္ျပန္ခဲ့သည့္ ၿမိဳ႕နယ္ေလးၿမိဳ႕နယ္မွ မဲမသမာမႈမ်ားသည္ မည္သို႔ေသာ ခိုင္လုံေသာနည္းျဖင့္ စိစစ္ခဲ့သည္ဟု ေျပာဆိုရန္ လိုအပ္ေသးေၾကာင္း NLD ပါတီ CEC အဖြဲ႕ဝင္ ေဒါက္တာမ်ိဳးညြန႔္က ေမးခြန္း ထုတ္လိုက္သည္။
 
ဒီဇင္ဘာလ ၂၃ ရက္ေန႔ ညပိုင္းက တပ္မေတာ္မွ ထုတ္ျပန္ခဲ့သည့္ ၿမိဳ႕နယ္ေလးၿမိဳ႕နယ္ မဲမသမာမႈမ်ား စာရင္းႏွင့္ပတ္သက္၍ People Media မွ ေဒါက္တာမ်ိဳးညြန႔္ထံံ ဆက္သြယ္ေမးျမန္းခဲ့ျခင္းျဖစ္သည္။
 
“သူတို႔ မဲေတြ စိစစ္တယ္ဆိုတာမွာ ဘယ္လို ခိုင္လုံတဲ့နည္းေတြနဲ႔ စိစစ္တယ္ဆိုတာလည္းသိဖို႔ လိုပါေသးတယ္။ သူတို႔စိစစ္လို႔ ေတြ႕ရွိခ်က္က ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ကို တင္ျပမယ္ဆိုရင္ ဒီအခ်က္အလက္ေတြ ေပၚမူတည္ၿပီးေတာ့ တည္ဆဲဥပေဒနည္းဥပေဒေတြနဲ႔အညီ ဘယ္သူမွာ တာဝန္ရွိလဲ ဘယ္ေနရာမွားယြင္းလဲ ဆိုတာကို သက္ဆိုင္ရာဌာနကေနၿပီးေတာ့ ဒါကို စုံစမ္းၿပီးေတာ့ ဆက္လက္လုပ္ေဆာင္ရမွာျဖစ္ပါတယ္”လို႔ ေဒါက္တာမ်ိဳးညြန႔္က ေျပာသည္။
 
မိမိတို႔အေနျဖင့္ေတာ့ တပ္မေတာ္မွ မည္သို႔ေသာပုံစံႏွင့္ စိစစ္ခဲ့သည္ကို မသိေၾကာင္း၊ တပ္မေတာ္၏ ထုတ္ျပန္ခ်က္ကို တုန႔္ျပန္သင့္မသင့္ဆိုသည္မွာေတာ့ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ကသာ ဆုံးျဖတ္ရမွာျဖစ္ေၾကာင္း ေဒါက္တာမ်ိဳးညြန႔္က ဆိုသည္။
 
တပ္မေတာ္၏ ေျပာဆိုလိုက္ျခင္းမွာလည္း သူတို႔၏ ထုတ္ျပန္ခ်က္သာ ျဖစ္ေသးၿပီး ထိုအေပၚမွာ မည္သို႔ေသာ ခိုင္မာသည့္ အခ်က္အလက္မ်ား ပါဝင္ျခင္း မည္ကဲ့သို႔ ဥပေဒမ်ားအရ ထည့္သြင္းစဥ္းစားရမည့္အခ်က္ စသည္တို႔ကို ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ကသာ စိစစ္သုံးသပ္ရမည္ျဖစ္ေၾကာင္း ေဒါက္တာမ်ိဳး ညြန႔္က ေျပာသည္။
 
တပ္မေတာ္မွ ယေန႔ညပိုင္းတြင္ တပ္မေတာ္သားမ်ား မဲေပးခဲ့သည့္ ၿမိဳ႕နယ္မ်ားအနက္ ၿမိဳ႕နယ္ေလးၿမိဳ႕နယ္ ကနဦး စိစစ္ေတြ႕ရွိခ်က္အရ မဲမသမာမႈ ခုႏွစ္ေသာင္းေက်ာ္ ေတြ႕ရွိခဲ့ေၾကာင္း သတင္းထုတ္ျပန္ခဲ့သည္။
 
#PeopleMedia #မဲမသာမာမ#UEC #NLD #ေဒါက္တာမ်ိဳးညႊန႔္ #တပ္မေတာ္
 
(unicode)
တပ်မတော်မှထုတ်ပြန်သည့် မဲမသမာမှုစာရင်းသည် မည်သို့ခိုင်လုံသောနည်းဖြင့် စိစစ်ခဲ့သည်ကိုသိရန် လိုအပ်သေးကြောင်း NLD ပါတီ CEC အဖွဲ့ဝင်ဒေါက်တာမျိုးညွန့် မေးခွန်းထုတ်
…………………………………………………..
 
ရန်ကုန်၊ ဒီဇင်ဘာ ၂၄ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
တပ်မတော်မှ ထုတ်ပြန်ခဲ့သည့် မြို့နယ်လေးမြို့နယ်မှ မဲမသမာမှုများသည် မည်သို့သော ခိုင်လုံသောနည်းဖြင့် စိစစ်ခဲ့သည်ဟု ပြောဆိုရန် လိုအပ်သေးကြောင်း NLD ပါတီ CEC အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က မေးခွန်း ထုတ်လိုက်သည်။
 
ဒီဇင်ဘာလ ၂၃ ရက်နေ့ ညပိုင်းက တပ်မတော်မှ ထုတ်ပြန်ခဲ့သည့် မြို့နယ်လေးမြို့နယ် မဲမသမာမှုများ စာရင်းနှင့်ပတ်သက်၍ People Media မှ ဒေါက်တာမျိုးညွန့်ထံံ ဆက်သွယ်မေးမြန်းခဲ့ခြင်းဖြစ်သည်။
 
“သူတို့ မဲတွေ စိစစ်တယ်ဆိုတာမှာ ဘယ်လို ခိုင်လုံတဲ့နည်းတွေနဲ့ စိစစ်တယ်ဆိုတာလည်းသိဖို့ လိုပါသေးတယ်။ သူတို့စိစစ်လို့ တွေ့ရှိချက်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တင်ပြမယ်ဆိုရင် ဒီအချက်အလက်တွေ ပေါ်မူတည်ပြီးတော့ တည်ဆဲဥပဒေနည်းဥပဒေတွေနဲ့အညီ ဘယ်သူမှာ တာဝန်ရှိလဲ ဘယ်နေရာမှားယွင်းလဲ ဆိုတာကို သက်ဆိုင်ရာဌာနကနေပြီးတော့ ဒါကို စုံစမ်းပြီးတော့ ဆက်လက်လုပ်ဆောင်ရမှာဖြစ်ပါတယ်”လို့ ဒေါက်တာမျိုးညွန့်က ပြောသည်။
 
မိမိတို့အနေဖြင့်တော့ တပ်မတော်မှ မည်သို့သောပုံစံနှင့် စိစစ်ခဲ့သည်ကို မသိကြောင်း၊ တပ်မတော်၏ ထုတ်ပြန်ချက်ကို တုန့်ပြန်သင့်မသင့်ဆိုသည်မှာတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကသာ ဆုံးဖြတ်ရမှာဖြစ်ကြောင်း ဒေါက်တာမျိုးညွန့်က ဆိုသည်။
 
တပ်မတော်၏ ပြောဆိုလိုက်ခြင်းမှာလည်း သူတို့၏ ထုတ်ပြန်ချက်သာ ဖြစ်သေးပြီး ထိုအပေါ်မှာ မည်သို့သော ခိုင်မာသည့် အချက်အလက်များ ပါဝင်ခြင်း မည်ကဲ့သို့ ဥပဒေများအရ ထည့်သွင်းစဉ်းစားရမည့်အချက် စသည်တို့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကသာ စိစစ်သုံးသပ်ရမည်ဖြစ်ကြောင်း ဒေါက်တာမျိုး ညွန့်က ပြောသည်။
 
တပ်မတော်မှ ယနေ့ညပိုင်းတွင် တပ်မတော်သားများ မဲပေးခဲ့သည့် မြို့နယ်များအနက် မြို့နယ်လေးမြို့နယ် ကနဦး စိစစ်တွေ့ရှိချက်အရ မဲမသမာမှု ခုနှစ်သောင်းကျော် တွေ့ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
 
#PeopleMedia #မဲမသာမာမှု #UEC #NLD #ဒေါက်တာမျိုးညွှန့် #တပ်မတော်

Share this post