• Follow Us on

Home တပ္မေတာ္မွထြက္ေျပးလာသည္ဆိုသည့္အမ်ိဳးသား ၂ ေယာက္ကို အိုင္စီစီထိန္းသိမ္းထား

တပ္မေတာ္မွထြက္ေျပးလာသည္ဆိုသည့္အမ်ိဳးသား ၂ ေယာက္ကို အိုင္စီစီထိန္းသိမ္းထား

Share this post

သယ္ေဟ့ဂ္၊ စက္တင္ဘာ ၉

၂၀၁၇ ခုႏွစ္က မေရတြက္ႏိုင္ေသာဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပ)မ်ားကို သတ္ျဖတ္မႈ၊ မုဒိမ္းက်င့္မႈမ်ားကို အမိန္႔အရပါ၀င္ခဲ့သည္ဟုအစီရင္ခံခဲ့ၿပီးေနာက္ တပ္မေတာ္မွထြက္ေျပးခဲ့သည္ဟုယံုၾကည္ရသည့္အမ်ိဳးသား ၂ ေယာက္ကို ႏိုင္ငံတကာရာဇ၀တ္မႈဆိုင္ရာတရား႐ံုး(အိုင္စီစီ)ကထိန္းသိမ္းထားသည္။

ထို ၂ ေယာက္ သယ္ေဟ့ဂ္ၿမိဳ႕တြင္ေရာက္ေနသည္ကို သတင္းရင္းျမစ္မ်ားက CBC သတင္းဌာနကိုအတည္ျပဳသည္။

သူတို႔ထံမွအခ်က္အလက္မ်ားသည္ အိုင္စီစီ၏စံုစမ္းစစ္ေဆးမႈမ်ားကို သိသိသာသာအားသာေစမည္ဟု သတင္းရင္းျမစ္တစ္ေယာက္ကေျပာသည္။ ထို ၂ ေယာက္မွာ အမွတ္ ၅၆၅ ေျချမန္တပ္ရင္းမွတပ္သား မ်ိဳး၀င္းထြန္းႏွင့္ အမွတ္ ၃၅၃ ေျချမန္တပ္ရင္းမွတပ္သား ေဇာ္ႏိုင္ထြန္းတို႔ျဖစ္သည္။

ယခုႏွစ္ေႏြရာသီကာလအတြင္း ျမန္မာႏိုင္ငံအတြင္း႐ိုက္ကူးထားသည့္႐ုပ္သံတြင္ ထိုအမ်ိဳးသားမ်ားက ဘဂၤါလီမ်ားအေပၚက်ဴးလြန္သည့္လုပ္ရပ္မ်ားတြင္ပါ၀င္သည့္တပ္ရင္းမ်ား၊ ဖ်က္ဆီးခဲ့ေသာ႐ြာမ်ားသာမက သူတို႔ကူညီတူးေဖာ္ေပးခဲ့ၿပီး သတ္ျဖတ္ခဲ့သည့္အေလာင္းမ်ားကိုႁမွဳပ္ႏွံထားသည္ဆိုသည့္ေျမက်င္းမ်ားအပါအ၀င္ ယခင္က အစီရင္ခံေဖာ္ျပထားေသာအခ်က္အလက္မ်ားကို အေသးစိတ္အခ်က္အလက္မ်ား သူတို႔ကေျပာသည္။ ယခုျဖစ္ရပ္သည္ ရက္စက္မႈမ်ားႏွင့္ပတ္သက္၍ အေသးစိတ္အခ်က္အလက္မ်ားကို တပ္မေတာ္သားဟုဆိုသူမ်ားက ပထမဆံုးထြက္ဆိုေပးျခင္းျဖစ္လာမည္။

အဆိုပါအမ်ိဳးသား ၂ ေယာက္သည္ ၾသဂုတ္လလယ္ပိုင္းတြင္ ဘဂၤလားေဒ့႐ွ္နယ္စပ္၌ေပၚထြက္လာၿပီး သူတို႔ျဖစ္ရပ္မ်ားကိုျပန္ေျပာသည့္အျပင္ အကာအကြယ္ေပးရန္လည္းေတာင္းဆိုခဲ့သည္ဟု ထိုျဖစ္ရပ္မ်ားႏွင့္နီးစပ္သည့္ အမည္မေဖာ္လိုေသာသတင္းရင္းျမစ္တစ္ေယာက္ကေျပာသည္။
စိမ့္ထြက္ႏိုင္သည့္နယ္စပ္မွထို ၂ ေယာက္မည္ကဲ့သို႔ထြက္လာေၾကာင္း မ႐ွင္းလင္းေသးေခ်။

အိုင္စီစီေျပာခြင့္ရသူ ဖာဒီ အယ္အဗၺဒယ္လာက အဆိုပါအမ်ိဳးသားမ်ားကို အိုင္စီစီက ထိန္းသိမ္းထားျခင္းမ႐ွိဟု ျငင္းဆိုသည္။

တပ္မေတာ္ဘက္က အာဆာအၾကမ္းဖက္မ်ားကိုနယ္ေျမ႐ွင္းလင္းေရးစစ္ဆင္ေရးမ်ားျပဳလုပ္ခဲ့သာျဖစ္ေၾကာင္းေျပာထားၿပီး ရက္စက္စြာက်ဴးလြန္မႈမ်ား႐ွိပါကလည္း သီးျခားျဖစ္ရပ္မ်ားသာျဖစ္သည္ဟုေျပာထားသည္။

Ref : Once foot soldiers in Myanmar’s army, now potential witnesses to mass atrocities

#PeopleMedia

(unicode)
တပ်မတော်မှထွက်ပြေးလာသည်ဆိုသည့်အမျိုးသား ၂ ယောက်ကို အိုင်စီစီထိန်းသိမ်းထား
…………………………………………

သယ်ဟေ့ဂ်၊ စက်တင်ဘာ ၉

၂၀၁၇ ခုနှစ်က မရေတွက်နိုင်သောဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ)များကို သတ်ဖြတ်မှု၊ မုဒိမ်းကျင့်မှုများကို အမိန့်အရပါဝင်ခဲ့သည်ဟုအစီရင်ခံခဲ့ပြီးနောက် တပ်မတော်မှထွက်ပြေးခဲ့သည်ဟုယုံကြည်ရသည့်အမျိုးသား ၂ ယောက်ကို နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာတရားရုံး(အိုင်စီစီ)ကထိန်းသိမ်းထားသည်။

ထို ၂ ယောက် သယ်ဟေ့ဂ်မြို့တွင်ရောက်နေသည်ကို သတင်းရင်းမြစ်များက CBC သတင်းဌာနကိုအတည်ပြုသည်။

သူတို့ထံမှအချက်အလက်များသည် အိုင်စီစီ၏စုံစမ်းစစ်ဆေးမှုများကို သိသိသာသာအားသာစေမည်ဟု သတင်းရင်းမြစ်တစ်ယောက်ကပြောသည်။ ထို ၂ ယောက်မှာ အမှတ် ၅၆၅ ခြေမြန်တပ်ရင်းမှတပ်သား မျိုးဝင်းထွန်းနှင့် အမှတ် ၃၅၃ ခြေမြန်တပ်ရင်းမှတပ်သား ဇော်နိုင်ထွန်းတို့ဖြစ်သည်။

ယခုနှစ်နွေရာသီကာလအတွင်း မြန်မာနိုင်ငံအတွင်းရိုက်ကူးထားသည့်ရုပ်သံတွင် ထိုအမျိုးသားများက ဘင်္ဂါလီများအပေါ်ကျူးလွန်သည့်လုပ်ရပ်များတွင်ပါဝင်သည့်တပ်ရင်းများ၊ ဖျက်ဆီးခဲ့သောရွာများသာမက သူတို့ကူညီတူးဖော်ပေးခဲ့ပြီး သတ်ဖြတ်ခဲ့သည့်အလောင်းများကိုမြှုပ်နှံထားသည်ဆိုသည့်မြေကျင်းများအပါအဝင် ယခင်က အစီရင်ခံဖော်ပြထားသောအချက်အလက်များကို အသေးစိတ်အချက်အလက်များ သူတို့ကပြောသည်။ ယခုဖြစ်ရပ်သည် ရက်စက်မှုများနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို တပ်မတော်သားဟုဆိုသူများက ပထမဆုံးထွက်ဆိုပေးခြင်းဖြစ်လာမည်။

အဆိုပါအမျိုးသား ၂ ယောက်သည် ဩဂုတ်လလယ်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နယ်စပ်၌ပေါ်ထွက်လာပြီး သူတို့ဖြစ်ရပ်များကိုပြန်ပြောသည့်အပြင် အကာအကွယ်ပေးရန်လည်းတောင်းဆိုခဲ့သည်ဟု ထိုဖြစ်ရပ်များနှင့်နီးစပ်သည့် အမည်မဖော်လိုသောသတင်းရင်းမြစ်တစ်ယောက်ကပြောသည်။
စိမ့်ထွက်နိုင်သည့်နယ်စပ်မှထို ၂ ယောက်မည်ကဲ့သို့ထွက်လာကြောင်း မရှင်းလင်းသေးချေ။

အိုင်စီစီပြောခွင့်ရသူ ဖာဒီ အယ်အဗ္ဗဒယ်လာက အဆိုပါအမျိုးသားများကို အိုင်စီစီက ထိန်းသိမ်းထားခြင်းမရှိဟု ငြင်းဆိုသည်။

တပ်မတော်ဘက်က အာဆာအကြမ်းဖက်များကိုနယ်မြေရှင်းလင်းရေးစစ်ဆင်ရေးများပြုလုပ်ခဲ့သာဖြစ်ကြောင်းပြောထားပြီး ရက်စက်စွာကျူးလွန်မှုများရှိပါကလည်း သီးခြားဖြစ်ရပ်များသာဖြစ်သည်ဟုပြောထားသည်။

Ref : Once foot soldiers in Myanmar’s army, now potential witnesses to mass atrocities

#PeopleMedia


Share this post