• Follow Us on

Home တပ္မေတာ္မွာ တရားစြဲထားသည့္ ေဒါင္းတို႔မ်ိဳးဆက္သံခ်ပ္အဖြဲ႕ တရား႐ုံးအား အယံုၾကည္မရွိဟုဆိုကာ အၿပီး သတ္ေလ်ာက္လဲခ်က္မေပး

တပ္မေတာ္မွာ တရားစြဲထားသည့္ ေဒါင္းတို႔မ်ိဳးဆက္သံခ်ပ္အဖြဲ႕ တရား႐ုံးအား အယံုၾကည္မရွိဟုဆိုကာ အၿပီး သတ္ေလ်ာက္လဲခ်က္မေပး

Share this post

ရန္ကုန္၊ ေဖေဖာ္ဝါရီ ၁၀

တပ္မေတာ္မွ ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆(ဃ) ျဖင့္ တရားစြဲဆိုထားသည့္ ေဒါင္းတို႔မ်ိဳးဆက္သံခ်ပ္အဖြဲ႕၀င္ ၆ ဦးကို ဗိုလ္တေထာင္ၿမိဳ႕တရား႐ုံးတြင္ ယေန႔႐ုံးခ်ိန္းျပဳလုပ္ရာ သံခ်ပ္အဖြဲ႕သားမ်ားအေနျဖင့္ အၿပီးသတ္ေလ်ာက္ လဲခ်က္ေပးရမည္ျဖစ္ေသာ္လည္း တရား႐ုံးအား အယံုအၾကည္မရွိဟုဆိုကာ ေလ်ာက္လဲခ်က္မေပးဘဲေနခဲ့ၾက သည္။

တရား႐ုံးအား အယံုအၾကည္မရွိဟုဆိုကာ ေရွ႕ေနပါဝါမရွိဘဲ တရားရင္ဆိုင္ေနသည့္ေက်ာင္းသားမ်ားက တရား ႐ုံးအား သပိတ္ေမွာက္သည့္အေနျဖင့္ ျပန္လည္ေလ်ာက္လဲခ်က္မေပးခဲ့ၾကျခင္းျဖစ္ေၾကာင္းလည္း သိရသည္။

“အၿပီးသတ္ေလ်ာက္လဲခ်က္ေပးရမွာျဖစ္ေပမယ့္ သပိတ္ေမွာက္ေနတဲ့အတြက္ ေလ်ာက္လဲခ်က္မေပးခဲ့ပါဘူး” ဟု တရားစြဲဆိုခံရသူတစ္ဦးျဖစ္သည့္ ကိုၿငိမ္းခ်မ္းစိုး(ခ)ကိုခ်စ္ယံုက ေျပာသည္။

ေဒါင္းတို႔မ်ိဳးဆက္သံခ်ပ္အဖြဲ႕မွ ယေန႔႐ုံးခ်ိန္းတြင္ အၿပီးသတ္ေလ်ာက္လဲခ်က္မေပးခဲ့သည့္အတြက္ လာမည့္႐ုံး ခ်ိန္းတြင္ အၿပီးသတ္အမိန္႔ခ်မွတ္သြားမည္ျဖစ္ကာ အဆိုပါ႐ုံးခ်ိန္းကို ယခုလ ၁၇ ရက္တြင္ ျပဳလုပ္သြားမည္ လည္း ျဖစ္သည္။

ေဒါင္းတို႔မ်ိဳးဆက္သံခ်ပ္အဖြဲ႕သည္ ၿပီးခဲ့သည့္သႀကၤန္ကာလာ သံခ်ပ္လွည့္လည္ေဖ်ာ္ေျဖရာ သံခ်ပ္စာသားမ်ား သည္ တပ္မေတာ္အား ထိခိုက္သည့္စကားလံုးမ်ားပါ၀င္သည္ဟုဆိုကာ တပ္မေတာ္မွ တရားလိုျပဳလုပ္ၿပီး ပုဒ္မ ၅၀၅(ခ)ႏွင့္ ၆၆(ဃ) ႏွစ္မႈစီျဖင့္ ဗိုလ္တေထာင္ႏွင့္ မရမ္းကုန္းၿမိဳ႕နယ္တို႔တြင္ တရားစြဲဆိုခဲ့ျခင္းျဖစ္သည္။

တရားစြဲဆိုသည့္ ပုဒ္မမ်ားအနက္ ပုဒ္မ ၅၀၅(ခ)ႏွစ္မႈႏွင့္ ၆၆(ဃ)တစ္မႈအတြက္ ေထာင္ဒဏ္ ၂ ႏွစ္ႏွင့္ ၆ လစီ ခ်မွတ္ထားၿပီး က်န္ရွိသည့္ ၆၆(ဃ)တစ္မႈအတြက္ ယခုလ ၁၇ ရက္တြင္ အၿပီးသတ္ အမိန္႔ခ်မွတ္မည္လည္း ျဖစ္သည္။

#PeopleMedia

(Unicode)
တပ်မတော်မှာ တရားစွဲထားသည့် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ တရားရုံးအား အယုံကြည်မရှိဟုဆိုကာ အပြီး သတ်လျောက်လဲချက်မပေး
………………………………………………………

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

တပ်မတော်မှ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် တရားစွဲဆိုထားသည့် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ၆ ဦးကို ဗိုလ်တထောင်မြို့တရားရုံးတွင် ယနေ့ရုံးချိန်းပြုလုပ်ရာ သံချပ်အဖွဲ့သားများအနေဖြင့် အပြီးသတ်လျောက် လဲချက်ပေးရမည်ဖြစ်သော်လည်း တရားရုံးအား အယုံအကြည်မရှိဟုဆိုကာ လျောက်လဲချက်မပေးဘဲနေခဲ့ကြ သည်။

တရားရုံးအား အယုံအကြည်မရှိဟုဆိုကာ ရှေ့နေပါဝါမရှိဘဲ တရားရင်ဆိုင်နေသည့်ကျောင်းသားများက တရား ရုံးအား သပိတ်မှောက်သည့်အနေဖြင့် ပြန်လည်လျောက်လဲချက်မပေးခဲ့ကြခြင်းဖြစ်ကြောင်းလည်း သိရသည်။

“အပြီးသတ်လျောက်လဲချက်ပေးရမှာဖြစ်ပေမယ့် သပိတ်မှောက်နေတဲ့အတွက် လျောက်လဲချက်မပေးခဲ့ပါဘူး” ဟု တရားစွဲဆိုခံရသူတစ်ဦးဖြစ်သည့် ကိုငြိမ်းချမ်းစိုး(ခ)ကိုချစ်ယုံက ပြောသည်။

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့မှ ယနေ့ရုံးချိန်းတွင် အပြီးသတ်လျောက်လဲချက်မပေးခဲ့သည့်အတွက် လာမည့်ရုံး ချိန်းတွင် အပြီးသတ်အမိန့်ချမှတ်သွားမည်ဖြစ်ကာ အဆိုပါရုံးချိန်းကို ယခုလ ၁၇ ရက်တွင် ပြုလုပ်သွားမည် လည်း ဖြစ်သည်။

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့သည် ပြီးခဲ့သည့်သင်္ကြန်ကာလာ သံချပ်လှည့်လည်ဖျော်ဖြေရာ သံချပ်စာသားများ သည် တပ်မတော်အား ထိခိုက်သည့်စကားလုံးများပါဝင်သည်ဟုဆိုကာ တပ်မတော်မှ တရားလိုပြုလုပ်ပြီး ပုဒ်မ ၅၀၅(ခ)နှင့် ၆၆(ဃ) နှစ်မှုစီဖြင့် ဗိုလ်တထောင်နှင့် မရမ်းကုန်းမြို့နယ်တို့တွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

တရားစွဲဆိုသည့် ပုဒ်မများအနက် ပုဒ်မ ၅၀၅(ခ)နှစ်မှုနှင့် ၆၆(ဃ)တစ်မှုအတွက် ထောင်ဒဏ် ၂ နှစ်နှင့် ၆ လစီ ချမှတ်ထားပြီး ကျန်ရှိသည့် ၆၆(ဃ)တစ်မှုအတွက် ယခုလ ၁၇ ရက်တွင် အပြီးသတ် အမိန့်ချမှတ်မည်လည်း ဖြစ်သည်။

#PeopleMedia


Share this post