• Follow Us on

Home တပ်မတော်မှ အရေးပေါ်အခြေအနေကြေငြာပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံရသူ ၇၀၀ ကျော်အထိ ရှိလာ

တပ်မတော်မှ အရေးပေါ်အခြေအနေကြေငြာပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံရသူ ၇၀၀ ကျော်အထိ ရှိလာ

Share this post

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ (People Media)

 

တပ်မတော်မှ အရေးပေါ်အခြေအနေကြေငြာပြီးနောက် NLD ပါတီတာဝန်ရှိသူများအပါအဝင် အကြောင်းအမျိုး မျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခံရသူ လူဦးရေသည် ၇၀၀ ကျော်အထိရှိလာကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က သတင်းပြန်သည်။

 

ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ (၇၂၈) ဦး  ၎င်းတို့အနက်မှ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသူ (၄) ဦး၊ အမှုဖွင့်ခြင်းခံထားရသူ (၄) ဦးနှင့် ပြန်လည်လွတ် မြောက်လာသူ (၆၂) ဦးရှိကြောင်း သတင်းထုတ်ပြန်သည်။

 

လက်ရှိတွင် ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ (၇၂၈) အနက် ဖမ်းဆီးခံရခြင်းမရှိဘဲ ဖမ်းဝရမ်း နှင့် အမှုဖွင့်ခြင်းခံထားရသူ (၄၇) ဦးအထိရှိလာပြီးပါ လူဦးရေသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၂ ရက်နေ့ လူဦးရေ စာရင်းထက် ထပ်မံမြင့်တက်ခဲ့ခြင်းဖြစ်သည်။

 

တပ်မတော်မှ အရေးပေါ်အခြေအနေကြေငြာပြီးနောက် CDM လှုပ်ရှားမှုများတွင် ဆန္ဒပြမှုများကို ဖြိုခွင်းမှုများ၌ လူလေးဦးအထိ သေဆုံးမှုဖြစ်ပေါ်ခဲ့သည်။

 

#PeopleMedia #AAPP

 

(unicode)

……………………………………………………..






#PeopleMedia #AAPP


Share this post