• Follow Us on

Home တပ္မေတာ္မွ ေမ့ေဆးပါရဂူ၊ ဓာတ္ခြဲပါရဂူ၊ ေဆးပါရဂူ၊ ေဆးမွဴးႏွစ္ဦးႏွင့္ သူနာျပဳ ၁၀ ဦး စုစုေပါင္း ၁၅ ဦးတို႔ ရခိုင္ျပည္နယ္သို႔ ေဆးအေထာက္အကူျပဳပစၥည္းမ်ား၊ စားေသာက္ကုန္မ်ားႏွင့္ အသုံးအေဆာင္ပစၥည္းမ်ား ဒုတိယအႀကိမ္ ထပ္မံပို႔ေဆာင္

တပ္မေတာ္မွ ေမ့ေဆးပါရဂူ၊ ဓာတ္ခြဲပါရဂူ၊ ေဆးပါရဂူ၊ ေဆးမွဴးႏွစ္ဦးႏွင့္ သူနာျပဳ ၁၀ ဦး စုစုေပါင္း ၁၅ ဦးတို႔ ရခိုင္ျပည္နယ္သို႔ ေဆးအေထာက္အကူျပဳပစၥည္းမ်ား၊ စားေသာက္ကုန္မ်ားႏွင့္ အသုံးအေဆာင္ပစၥည္းမ်ား ဒုတိယအႀကိမ္ ထပ္မံပို႔ေဆာင္

Share this post

ေနျပည္ေတာ္၊ ၾသဂုတ္ ၂၇

တပ္မေတာ္မွ ေမ့ေဆးပါရဂူ၊ ဓာတ္ခြဲပါရဂူ၊ ေဆးပါရဂူ၊ ေဆးမွဴးႏွစ္ဦးႏွင့္ သူနာျပဳ ၁၀ ဦး စုစုေပါင္း ၁၅ ဦးတို႔ ရခိုင္ျပည္နယ္သို႔ ေဆးအေထာက္အကူျပဳပစၥည္းမ်ား၊ စားေသာက္ကုန္မ်ားႏွင့္ အသုံးအေဆာင္ ပစၥည္းမ်ားကို ျသဂုတ္ ၂၆ ရက္ေန႔တြင္ ဒုတိယအႀကိမ္ ထပ္မံပို႔ေဆာင္ခဲ့သည္။

အဆိုပါပို႔ေဆာင္မႈတြင္ Oxygen Plant ၁ လုံး၊ ICU Ventilator(SV-300) ၁ လုံး၊ CU Bed ၂ လုံး၊ Suction Machine ၃ လုံး၊ Pluse Oxymeter ၃ လုံး၊ Patient Monitor ၃ လုံး၊ Infusion Pump ၃ လုံး၊ Syringe Pump ၃ လုံး၊ Video Laryngoscope ၁ လုံး၊ Mini-Centrifuge ၁ လုံး၊ Oxygen Cylinder(40L) ၂၀ လုံး၊ Oxygen Concentrator(5L) ၁ လုံး၊ BP Cuff ၃ လုံး၊ UV Lump ၅ ေခ်ာင္း၊ ေဆးႏွင့္ ေဆးပစၥည္း ၁၃၄ မ်ိဳးအျပင္ စားေသာက္ဖြယ္ရာမ်ားႏွင့္ အသုံးအေဆာင္ပစၥည္းမ်ားကို တပ္မေတာ္ေလယာဉ္ျဖင့္ စစ္ေတြၿမိဳ႕သို႔ ပို႔ေဆာင္ေပးခဲ့ျခင္းျဖစ္သည္။

အလားတူပင္ COVID-19 ေရာဂါအတည္ျပဳလူနာမ်ား ကုသႏိုင္ရန္အတြက္ စစ္ေတြတပ္နယ္ရွိ နယ္ေျမခံ ေဆးတပ္ရင္းႏွင့္ တပ္မေတာ္စစ္ေဆး႐ုံတို႔တြင္ လူနာ ၁၂၀ ဦးစာ ကုသႏိုင္ေရး ႀကိဳတင္ျပင္ ဆင္မႈမ်ား ေဆာင္ရြက္ထားရွိသည္။

ယေန႔အခ်ိန္ထိ ျမန္မာႏိုင္ငံတြင္ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာေတြ႕ရွိမႈ ၅၈၆ ဦးရွိၿပီျဖစ္ ေၾကာင္း က်န္းမာေရးႏွင့္အားကစား၀န္ႀကီးဌာနမွ ထုတ္ျပန္ထားသည္။

#PeopleMedia #တပ္မေတာ္ #COVID #ရခိုင္ျပည္နယ္

(unicode)
တပ်မတော်မှ မေ့ဆေးပါရဂူ၊ ဓာတ်ခွဲပါရဂူ၊ ဆေးပါရဂူ၊ ဆေးမှူးနှစ်ဦးနှင့် သူနာပြု ၁၀ ဦး စုစုပေါင်း ၁၅ ဦးတို့ ရခိုင်ပြည်နယ်သို့ ဆေးအထောက်အကူပြုပစ္စည်းများ၊ စားသောက်ကုန်များနှင့် အသုံးအဆောင်ပစ္စည်းများ ဒုတိယအကြိမ် ထပ်မံပို့ဆောင်
…………………………………………………

နေပြည်တော်၊ ဩဂုတ် ၂၇

တပ်မတော်မှ မေ့ဆေးပါရဂူ၊ ဓာတ်ခွဲပါရဂူ၊ ဆေးပါရဂူ၊ ဆေးမှူးနှစ်ဦးနှင့် သူနာပြု ၁၀ ဦး စုစုပေါင်း ၁၅ ဦးတို့ ရခိုင်ပြည်နယ်သို့ ဆေးအထောက်အကူပြုပစ္စည်းများ၊ စားသောက်ကုန်များနှင့် အသုံးအဆောင် ပစ္စည်းများကို သြဂုတ် ၂၆ ရက်နေ့တွင် ဒုတိယအကြိမ် ထပ်မံပို့ဆောင်ခဲ့သည်။

အဆိုပါပို့ဆောင်မှုတွင် Oxygen Plant ၁ လုံး၊ ICU Ventilator(SV-300) ၁ လုံး၊ CU Bed ၂ လုံး၊ Suction Machine ၃ လုံး၊ Pluse Oxymeter ၃ လုံး၊ Patient Monitor ၃ လုံး၊ Infusion Pump ၃ လုံး၊ Syringe Pump ၃ လုံး၊ Video Laryngoscope ၁ လုံး၊ Mini-Centrifuge ၁ လုံး၊ Oxygen Cylinder(40L) ၂၀ လုံး၊ Oxygen Concentrator(5L) ၁ လုံး၊ BP Cuff ၃ လုံး၊ UV Lump ၅ ချောင်း၊ ဆေးနှင့် ဆေးပစ္စည်း ၁၃၄ မျိုးအပြင် စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများကို တပ်မတော်လေယာဉ်ဖြင့် စစ်တွေမြို့သို့ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။

အလားတူပင် COVID-19 ရောဂါအတည်ပြုလူနာများ ကုသနိုင်ရန်အတွက် စစ်တွေတပ်နယ်ရှိ နယ်မြေခံ ဆေးတပ်ရင်းနှင့် တပ်မတော်စစ်ဆေးရုံတို့တွင် လူနာ ၁၂၀ ဦးစာ ကုသနိုင်ရေး ကြိုတင်ပြင် ဆင်မှုများ ဆောင်ရွက်ထားရှိသည်။

ယနေ့အချိန်ထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာတွေ့ရှိမှု ၅၈၆ ဦးရှိပြီဖြစ် ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

#PeopleMedia #တပ်မတော် #COVID #ရခိုင်ပြည်နယ်


Share this post