• Follow Us on

Home တပ္မေတာ္မွ COVID ကာကြယ္ေရးအေထာက္အကူျပဳပစၥည္းမ်ားကုိ စစ္ေတြေဆး႐ုံႀကီးသုိ႔ လွဴဒါန္း

တပ္မေတာ္မွ COVID ကာကြယ္ေရးအေထာက္အကူျပဳပစၥည္းမ်ားကုိ စစ္ေတြေဆး႐ုံႀကီးသုိ႔ လွဴဒါန္း

Share this post

ရန္ကုန္၊ ၾသဂုတ္ – ၂၂

COVID -19 ကူးစက္မႈ ထိန္းခ်ဳပ္ႏုိင္ေရးအတြက္ တပ္မေတာ္က က်န္းမာေရးအေထာက္အကူျပဳပစၥည္းမ်ားကုိ တပ္မေတာ္ေလယာဥ္မ်ား အသုံးျပဳ၍ စစ္ေတြသုိ႔ ပုိ႔ေဆာင္လွဴဒါန္းခဲ့သည္။

ထိုသို႔ပို႔ေဆာင္လွဴဒါန္းရာ၌ Surgical Mask ၆၀၀၀၀၀ ခု၊ Personal Protective Equipment (PPE) ဝတ္စုံ ၂၅၀၀ စုံ၊ N95 Mask၂၅၀၀ ခု၊ Goggles ၂၅၀၀ ခု၊ Examination Glove ၄၀၀၀ ခု၊ Surgical Glove ၃၀၀၀ ခု၊ Face Shield ၂၀၀ ခု၊ Hand Gel ၇၀၀ ဘူး၊ Hand Sanitizer ၂၀၀ ဘူး၊ Non Contact Infrared Thermo meter ၄၀ ခု၊ Bleaching Powder ၁၀ ပုံး၊ Sodium Hypochloride (15 L) ၁၀ ပုံး၊ ေဆးဖ်န္းပုံး ၅ ပုံး၊ OT Gown ၂၀၀၀ စုံ၊ OT Cap ၂၀၀၀ စုံ၊ Biosafety Cabinet Unit ၁ လုံးႏွင့္ Test Kit ၂၀၀ ေခ်ာင္းတို႔ကို ေနျပည္ေတာ္ေလဆိပ္မွတစ္ဆင့္ တပ္မေတာ္ေလယာဥ္ျဖင့္ စစ္ေတြၿမိဳ႕သို႔ ပို႔ေဆာင္ခဲ့သည္။

၎ပစၥည္းမ်ားကို စစ္ေတြတပ္နယ္မွ ဗိုလ္မွဴးႀကီး သက္နိုင္ဦးႏွင့္ တာဝန္ရွိသူမ်ားက စစ္ေတြေလဆိပ္၌ လႊဲေျပာင္းလက္ခံရယူသည္။ထို႔ေနာက္ စစ္ေတြခရိုင္ အေထြေထြအုပ္ခ်ဳပ္ေရးမႉး႐ုံးသို႔ သြားေရာက္၍ စစ္ေတြၿမိဳ႕နယ္အတြင္းရွိ ေဒသခံျပည္သူမ်ားအတြက္ တပ္မေတာ္က ေပးပို႔လႉဒါန္းေသာ Surgical Mask ၅၀၀၀၀၀ ခု၊ Personal Protective Equipment (PPE) ဝတ္စုံ ၁၀၀၀ စုံ၊ N95 Mask ၁၀၀၀ ခု၊ Goggles ၁၀၀၀ ခု၊ Examination Glove ၁၀၀၀ ခု၊ Face Shield ၁၀၀ ခု၊ Hand Gel ၂၀၀ ဘူး၊ Non Contact Infrared Thermometer ၂၀ ခုတို႔ကို ေပးအပ္လႉဒါန္းရာ စစ္ေတြခရိုင္အေထြေထြအုပ္ခ်ဳပ္ေရးမႉး ဦးေအာင္ျမင့္ဦး ႏွင့္ တာဝန္ရွိသူမ်ားက လက္ခံရယူခဲ့သည္။

တပ္မေတာ္အေနျဖင့္ ရခိုင္ျပည္နယ္အတြင္းႏွင့္ နိုင္ငံအဝန္း၌ COVID-19 ေရာဂါ ႀကိဳတင္ကာကြယ္ေရး လုပ္ငန္းမ်ားကို အမ်ိဳးသားေရးတာဝန္တစ္ရပ္အျဖစ္ ဆက္လက္ ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း တပ္မေတာ္က သတင္းထုတ္ျပန္ထားသည္။

#PeopleMedia #တပ္မေတာ္ #COVID #ရခုိင္ျပည္နယ္

(unicode)
တပ်မတော်မှ COVID ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများကို စစ်တွေဆေးရုံကြီးသို့ လှူဒါန်း
………………………………………………

ရန်ကုန်၊ ဩဂုတ် – ၂၂

COVID -19 ကူးစက်မှု ထိန်းချုပ်နိုင်ရေးအတွက် တပ်မတော်က ကျန်းမာရေးအထောက်အကူပြုပစ္စည်းများကို တပ်မတော်လေယာဉ်များ အသုံးပြု၍ စစ်တွေသို့ ပို့ဆောင်လှူဒါန်းခဲ့သည်။

ထိုသို့ပို့ဆောင်လှူဒါန်းရာ၌ Surgical Mask ၆၀၀၀၀၀ ခု၊ Personal Protective Equipment (PPE) ဝတ်စုံ ၂၅၀၀ စုံ၊ N95 Mask၂၅၀၀ ခု၊ Goggles ၂၅၀၀ ခု၊ Examination Glove ၄၀၀၀ ခု၊ Surgical Glove ၃၀၀၀ ခု၊ Face Shield ၂၀၀ ခု၊ Hand Gel ၇၀၀ ဘူး၊ Hand Sanitizer ၂၀၀ ဘူး၊ Non Contact Infrared Thermo meter ၄၀ ခု၊ Bleaching Powder ၁၀ ပုံး၊ Sodium Hypochloride (15 L) ၁၀ ပုံး၊ ဆေးဖျန်းပုံး ၅ ပုံး၊ OT Gown ၂၀၀၀ စုံ၊ OT Cap ၂၀၀၀ စုံ၊ Biosafety Cabinet Unit ၁ လုံးနှင့် Test Kit ၂၀၀ ချောင်းတို့ကို နေပြည်တော်လေဆိပ်မှတစ်ဆင့် တပ်မတော်လေယာဉ်ဖြင့် စစ်တွေမြို့သို့ ပို့ဆောင်ခဲ့သည်။

၎င်းပစ္စည်းများကို စစ်တွေတပ်နယ်မှ ဗိုလ်မှူးကြီး သက်နိုင်ဦးနှင့် တာဝန်ရှိသူများက စစ်တွေလေဆိပ်၌ လွှဲပြောင်းလက်ခံရယူသည်။ထို့နောက် စစ်တွေခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်၍ စစ်တွေမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအတွက် တပ်မတော်က ပေးပို့လှူဒါန်းသော Surgical Mask ၅၀၀၀၀၀ ခု၊ Personal Protective Equipment (PPE) ဝတ်စုံ ၁၀၀၀ စုံ၊ N95 Mask ၁၀၀၀ ခု၊ Goggles ၁၀၀၀ ခု၊ Examination Glove ၁၀၀၀ ခု၊ Face Shield ၁၀၀ ခု၊ Hand Gel ၂၀၀ ဘူး၊ Non Contact Infrared Thermometer ၂၀ ခုတို့ကို ပေးအပ်လှူဒါန်းရာ စစ်တွေခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဦး နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။

တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်အတွင်းနှင့် နိုင်ငံအဝန်း၌ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

#PeopleMedia #တပ်မတော် #COVID #ရခိုင်ပြည်နယ်


Share this post