• Follow Us on

Home တပ္မေတာ္သားမ်ား၊ နယ္ျခားေစာင့္ရဲမ်ားႏွင့္ ႏုိင္ငံဝန္ထမ္းမ်ားကုိ AA အဖြဲ႔မွ ျပန္ေပးဆြဲသည့္ျဖစ္စဥ္ႏွင့္ ပတ္သတ္၍ ေရႊနဒီအျမန္ေရယာဥ္လုိင္းကုိ စတင္စစ္ေဆးမႈမ်ား ျပဳလုပ္လွ်က္ရွိ

တပ္မေတာ္သားမ်ား၊ နယ္ျခားေစာင့္ရဲမ်ားႏွင့္ ႏုိင္ငံဝန္ထမ္းမ်ားကုိ AA အဖြဲ႔မွ ျပန္ေပးဆြဲသည့္ျဖစ္စဥ္ႏွင့္ ပတ္သတ္၍ ေရႊနဒီအျမန္ေရယာဥ္လုိင္းကုိ စတင္စစ္ေဆးမႈမ်ား ျပဳလုပ္လွ်က္ရွိ

Share this post

ရန္ကုန္၊ ေအာက္တုိဘာ-၂၉

ရခုိင္ျပည္နယ္ စစ္ေတြၿမိဳ႕ႏွင့္ ဘူးသီးေတာင္ၿမိဳ႕ကုိ ေျပးဆြဲလွ်က္ရွိသည္ ေရယာဥ္၌ လုိက္ပါလာခဲ့ေသာ တပ္မေတာ္သားမ်ား၊ နယ္ျခားေစာင့္ရဲမ်ားႏွင့္ ႏုိင္ငံဝန္ထမ္းမ်ားကုိ AA အဖြဲ႕မွ ျပန္ေပးဆြဲသည့္ ျဖစ္စဥ္ႏွင့္ ပတ္သတ္၍ ေရႊနဒီအျမန္ေရယာဥ္လုိင္းကုိ စတင္စစ္ေဆးမႈမ်ား ျပဳလုပ္လွ်က္ရွိေၾကာင္း ရခုိင္ျပည္နယ္ လုံၿခံဳေရးအဖြဲ႕မ်ားမွ အတည္ျပဳေျပာဆုိသည္။

ျဖစ္စဥ္မွာ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ ၂၆ ရက္တြင္ စစ္ေတြၿမိဳ႕၊ ေရႊနဒီအျမန္ေရယာဥ္ျဖင့္ ဘူးသီးေတာင္သို႔ သြားေရာက္ရန္ တပ္မေတာ္သား အရာရွိ ၁ ဦးက ၄င္း၏အမည္၊ ရာထူးေဖာ္ျပ၍ လက္မွတ္ဝယ္ယူရာမွစတင္၍ သတင္းေပါက္ၾကားမႈျဖစ္ပြားခဲ့ၿပီး ေရမ်က္ေက်းရြာ(ရြာေဟာင္း)အနီးတြင္ AA အဖြဲ႔က ေရယာဥ္အား ရပ္တန္႔၍ ပါရွိလာသည့္ ခရီးသည္မ်ားထဲမွ လက္မွတ္ဝယ္သည့္ အရာရွိအမည္အား ေခၚဆို၍ ၄င္းအရာရွိႏွင့္ ခရီးသည္ တခ်ိဳ႕ကို ဦးစြာ ဖမ္းဆီးေခၚေဆာင္သြားခဲ့သည္။

လက္ရွိအခ်ိန္၌ AA အဖြဲ႕မွ ျပန္ေပးဆြဲခဲ့သူမ်ားမွ တပ္မေတာ္အေနျဖင့္ (၁၅)ဦးကုိ ျပန္လည္ ကယ္ဆယ္ႏုိင္ခဲ့ၿပီး က်န္ရွိသူမ်ားကုိ ေဝဟင္မွ ရဟတ္ယာဥ္မ်ားကလည္းေကာင္း၊ ေျမျပင္ရွိ တပ္မေတာ္စစ္ေၾကာင္းမ်ားက လည္း ေကာင္း ေပါင္းစပ္ၫႇိႏိႈင္း၍ နယ္ေျမရွင္းလင္း ေဆာင္ရြက္လွ်က္ရွိသည္။

#PeopleMedia #RakhinState

(unicode)
တပ်မတော်သားများ၊ နယ်ခြားစောင့်ရဲများနှင့် နိုင်ငံဝန်ထမ်းများကို AA အဖွဲ့မှ ပြန်ပေးဆွဲသည့်ဖြစ်စဉ်နှင့် ပတ်သတ်၍ ရွှေနဒီအမြန်ရေယာဉ်လိုင်းကို စတင်စစ်ဆေးမှုများ ပြုလုပ်လျှက်ရှိ
……………………………………………………………………………

ရန်ကုန်၊ အောက်တိုဘာ-၂၉

ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် ဘူးသီးတောင်မြို့ကို ပြေးဆွဲလျှက်ရှိသည် ရေယာဉ်၌ လိုက်ပါလာခဲ့သော တပ်မတော်သားများ၊ နယ်ခြားစောင့်ရဲများနှင့် နိုင်ငံဝန်ထမ်းများကို AA အဖွဲ့မှ ပြန်ပေးဆွဲသည့် ဖြစ်စဉ်နှင့် ပတ်သတ်၍ ရွှေနဒီအမြန်ရေယာဉ်လိုင်းကို စတင်စစ်ဆေးမှုများ ပြုလုပ်လျှက်ရှိကြောင်း ရခိုင်ပြည်နယ် လုံခြုံရေးအဖွဲ့များမှ အတည်ပြုပြောဆိုသည်။

ဖြစ်စဉ်မှာ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်တွင် စစ်တွေမြို့၊ ရွှေနဒီအမြန်ရေယာဉ်ဖြင့် ဘူးသီးတောင်သို့ သွားရောက်ရန် တပ်မတော်သား အရာရှိ ၁ ဦးက ၄င်း၏အမည်၊ ရာထူးဖော်ပြ၍ လက်မှတ်ဝယ်ယူရာမှစတင်၍ သတင်းပေါက်ကြားမှုဖြစ်ပွားခဲ့ပြီး ရေမျက်ကျေးရွာ(ရွာဟောင်း)အနီးတွင် AA အဖွဲ့က ရေယာဉ်အား ရပ်တန့်၍ ပါရှိလာသည့် ခရီးသည်များထဲမှ လက်မှတ်ဝယ်သည့် အရာရှိအမည်အား ခေါ်ဆို၍ ၄င်းအရာရှိနှင့် ခရီးသည် တချို့ကို ဦးစွာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

လက်ရှိအချိန်၌ AA အဖွဲ့မှ ပြန်ပေးဆွဲခဲ့သူများမှ တပ်မတော်အနေဖြင့် (၁၅)ဦးကို ပြန်လည် ကယ်ဆယ်နိုင်ခဲ့ပြီး ကျန်ရှိသူများကို ဝေဟင်မှ ရဟတ်ယာဉ်များကလည်းကောင်း၊ မြေပြင်ရှိ တပ်မတော်စစ်ကြောင်းများက လည်း ကောင်း ပေါင်းစပ်ညှိနှိုင်း၍ နယ်မြေရှင်းလင်း ဆောင်ရွက်လျှက်ရှိသည်။

#PeopleMedia #RakhinState


Share this post