• Follow Us on

Home တပ်မတော်သားများ၏ ရသင့်ရထိုက်သည့်ရပိုင်ခွင့်များအပြင် အခြားလိုအပ်ချက်များကို တတ်စွမ်းသရွေ့ ဖြည့်ဆည်းဆောင်ရွက်ပေးရန် န-စ-ကဥက္ကဋ္ဌ မှာကြား

တပ်မတော်သားများ၏ ရသင့်ရထိုက်သည့်ရပိုင်ခွင့်များအပြင် အခြားလိုအပ်ချက်များကို တတ်စွမ်းသရွေ့ ဖြည့်ဆည်းဆောင်ရွက်ပေးရန် န-စ-ကဥက္ကဋ္ဌ မှာကြား

Share this post

နေပြည်တော်၊ အောက်တိုဘာ ၉ (People Media)

 

တပ်မတော်သားများ၏ ရသင့်ရထိုက်သည့်ရပိုင်ခွင့်များအပြင် အခြားလိုအပ်ချက်များကို တတ်စွမ်းသရွေ့ ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် ဘက်စုံ စိုက်ပျိုးမွေးမြူရေးစခန်း(တညင်းကုန်း) သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မှာကြား ခဲ့ခြင်းဖြစ်သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နေ့စဉ်လူနေမှုဘဝတွင် စားရေး သည် အဓိကကျသောကြောင့် တပ်မတော်အနေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ တပ်မတော်သားများ၊ မိသားစုဝင်များ၏ သက်သာ ချောင်ချိရေးကို ဖော်ဆောင်ပေးနိုင်ရမည်ဖြစ်သည့်အပြင် ဒေသတွင်း ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက်လည်း ပိုလျှံသည့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ ဥနှင့် နို့များကို ဒေသခံများ စားရေးအဆင်ပြေစေရန် စဉ်ဆက်မပြတ် ရောင်းချပေးရန်လိုကြောင်း၊ ပြောသည်။

 

ရန်ကုန်မြို့၏ လူဦးရေသည် ၇  သန်းကျော်ခန့်ရှိပြီး အသား၊ ငါး၊ ဥနှင့် နို့ထွက်ပစ္စည်း လိုအပ်ချက်များကို ဖြည့် ဆည်းပေးနိုင်ရေး ရန်ကုန်တိုင်းဒေသကြီး အတွင်း မွေးမြူရေးဇုန်များကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ထို့သို့ လုပ်ဆောင်ရာတွင် ပုဂ္ဂလိကစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများလည်းရှိသည့်အတွက် ဈေးကွက်လိုအပ်ချက်ကို သိရှိရန်လိုပြီး ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီသည့်အထွက်နှုန်းကို ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

ပထမအဆင့် ဒေသတွင်း စားသုံးမှုလိုအပ်ချက်ကို Target ထား၍ ပြည့်မီအောင် ဆောင်ရွက်ရမည်ဖြစ်ပြီး ထိုမှတဆင့် အရည်အသွေးကောင်းမွန်သည့် တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်ကာ ဝင်ငွေပိုမိုရရှိစေပြီး လူနေမှုအဆင့်မြင့်မားအောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ အခြေခံလူတန်းစားတို့၏ လူနေမှုအဆင့်အတန်း ကိုမြှင့်တင်ပေးနိုင်ရန် ကုန်ထုတ်လုပ်မှုကို နည်းပညာဖြင့်မြှင့်တင်ပြီး ကျယ်ပြန့်သည့် ဈေးကွက်နှင့် အလုပ်အ ကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးဆောင်ရွက်ရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

အွန်လိုင်းမီဒီယာများမှလည်း တိုးတက်နေသည့် စိုက်ပျိုးမွေးမြူရေးနည်းစနစ်များကို မျက်ခြည်မပြတ်လေ့လာ၍ သုတေသနပြုဆောင်ရွက်သွားရန်လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက် ပြီး တပ်မတော်သားများ၊ မိသားစုဝင်များ၏ သက်သာချောင်ချိရေးကို ဖြည့်ဆည်းပေးနိုင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားခဲ့သည်။

 

#PeopleMedia #နစက #တပ်မတော်သားများ၏ရပိုင်ခွင့်

 

(unicode)


…………………………………………………………………………

 


 


 


 


 


 


 



Share this post