• Follow Us on

Home တပ်မတော်သားများနှင့် မိသားစုဝင်များအနေဖြင့် လုံ(၄)လုံကို အထူးသတိပြုဆောင်ရွက်ရန် န-စ-က ဥက္ကဋ္ဌ မှာကြား

တပ်မတော်သားများနှင့် မိသားစုဝင်များအနေဖြင့် လုံ(၄)လုံကို အထူးသတိပြုဆောင်ရွက်ရန် န-စ-က ဥက္ကဋ္ဌ မှာကြား

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၁၆ (People Media)

 

တပ်မတော်သားများနှင့် မိသားစုဝင်များအနေနှင့်လည်း လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေမှန်များကို သိရှိအောင်လေ့လာသွားကြရန်နှင့် စစ်သတင်းနှင့် စာရွက်စာတမ်းလုံခြုံရေး၊ စစ်ပစ္စည်းလုံခြုံရေး၊ စစ်မှုထမ်း လုံခြုံရေး၊ စစ်ဆင်မှုနှင့် လေ့ကျင့်ခြင်းလုံခြုံရေးဆိုသည့် လုံ(၄)လုံကို  အထူးသတိပြုဆောင်ရွက်ရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မှာကြားခဲ့သည်။

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ တပ်မတော်(လေ)၏ (၇၄) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် မိတ္ထီလာတပ်နယ်ရှိ လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်၌ ကျင်းပပြု လုပ်ခဲ့သည်။

 

တပ်တွင်းစည်းလုံးညီညွတ်ရေးကို ဆောင်ရွက်ရာတွင် တပ်မတော်သားတိုင်း လိုက်နာကျင့်ကြံရမည့် စစ်သည် တော်ကျင့်ဝတ်များကို တိတိကျကျလိုက်နာကျင့်ကြံကြရမည်ဖြစ်ကြောင်း၊ ခေါင်းဆောင်အသီးသီးတို့သည် လည်း ခေါင်းဆောင်မှုအင်္ဂါရပ် (၁၆) ရပ်ကို သေချာနားလည်အောင်လုပ်ဆောင်ပြီး အဆင့်နှင့်လျော်ညီသည့် ခေါင်းဆောင်မှုပေးနိုင်ပါက တပ်တွင်းစည်းလုံးညီညွတ်မှုကို အမှန်တကယ်ရရှိမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မှာကြားသည်။

 

တပ်တွင်းစည်းလုံးညီညွတ်ရေးရရှိလာပါက တပ်ပြင်စည်းလုံး ညီညွတ်ရေးကိုပါ အလွယ်တကူဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း၊ တပ်ပြင်စည်းရုံးရေးဆောင်ရွက်ရာတွင်လည်း စစ်သည်တော်ကျင့်ဝတ်နှင့်အညီ လိုက်နာ ကျင့်ကြံနေထိုင်ပြီး ပြည်သူများ၏ အကျိုးစီးပွားကို မိမိတို့တတ်စွမ်းသမျှ ကူညီဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်သားများနှင့် မိသားစုဝင်များအနေဖြင့် တပ်တွင်း/တပ်ပြင် စည်းရုံးရေး လုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံတော်နှင့်တပ်မတော်အပေါ် သစ္စာစောင့်သိပြီး ကောင်းမွန်သည့်စိတ်ရင်း စေတနာထားရှိကာ ကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားသည်။

 

နိုင်ငံကိုဖြိုခွဲချင်သူများအနေဖြင့် အတိတ်၊ ပစ္စုပ္ပန်တို့တွင် တပ်မတော်ပြိုကွဲအောင် ကြိုးစားခဲ့၊ ကြိုးစားနေကြ ဆဲဖြစ်ကြောင်း၊ တပ်တွင်းစည်းလုံးညီညွတ်ရေးနှင့် တပ်ပြင်စည်းရုံးရေးတို့ကို အမြဲတည်ဆောက်နေရမည် ဖြစ်သည့်အပြင် (ကြည်း/ရေ/လေ) တပ်မတော်သား အားလုံးတို့အနေဖြင့် သတိတမံ၊ ဉာဏ်မြေကတုတ်ဖြင့် အမြဲတမ်းလေ့ကျင့်၊ အမြဲတမ်းစစ်ရေး သတိရှိပြီး အမြဲတမ်းတိုက်ပွဲဝင်အသင့်ရှိနေရန် လိုအပ်ကြောင်း၊ တပ်မ တော်၏ ကောင်းမြတ်သည့် အစဉ်အလာကောင်းများကို သားစဉ်မြေးမြစ် မျိုးဆက်သစ်များက အသက်နှင့် ထပ်တူ ထိန်းသိမ်းစောင့်ရှောက်ပြီး ကမ္ဘာတည်သရွေ့ မြန်မာတည်စေရန် အားလုံးဝိုင်းဝန်း ဆောင်ရွက်သွားကြ ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောခဲ့သည်။

 

#PeopleMedia #လုံလေးလုံ

 

(unicode)


………………………………………………………….

 


 


 


 


 


 


 



Share this post