• Follow Us on

Home တပ်မတော်အနေဖြင့်၂၀၂၀ ပြည့်နှစ်အတွင်း ငွေကျပ် ၁၃၀၅ ဒသမ ၂၁ ဘီလီကျော် တန်ဖိုးရှိ မူးယစ်ဆေး ဝါးများဖမ်းဆီးနိုင်ခဲ့ပြီး တရားမဝင် ဝင်ရောက်လာသူ ၇၁၅ ဦးကို ဖော်ထုတ် တားဆီးနိုင်ခဲ့

တပ်မတော်အနေဖြင့်၂၀၂၀ ပြည့်နှစ်အတွင်း ငွေကျပ် ၁၃၀၅ ဒသမ ၂၁ ဘီလီကျော် တန်ဖိုးရှိ မူးယစ်ဆေး ဝါးများဖမ်းဆီးနိုင်ခဲ့ပြီး တရားမဝင် ဝင်ရောက်လာသူ ၇၁၅ ဦးကို ဖော်ထုတ် တားဆီးနိုင်ခဲ့

Share this post

နေပြည်တော်၊ ဇန်နဝါရီ – ၂၁

တပ်မတော်အနေဖြင့် တစ်မျိုးသားလုံးကို လူညွန့်တုံးစေနိုင်သည့် မူးယစ်ဆေးဝါး အန္တရာယ်ကို ဌာနဆိုင်ရာနှင့် လုံခြုံရေးအဖွဲ့အစည်းအသီးသီးတို့နှင့် ပူးပေါင်း၍ခေတ် အဆက်ဆက်ကပင် တားဆီးကာကွယ်တိုက်ဖျက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက် လျက်ရှိရာ ၂၀၂၀ ပြည့်နှစ်အတွင်းတွင် ငွေကျပ် ၁၃၀၅ ဒသမ ၂၁ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ် ဆေးဝါးများကို ဖမ်းဆီးရမိတိုက်ဖျက်နိုင်ခဲ့သည်။

တပ်မတော်အနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို ခေတ်အဆက်ဆက် ဆောင်ရွက်ခဲ့ပြီး ပထမဦးဆုံး မူးယစ်ဆေးဝါးတိုက်ဖျက်မှုစစ်ဆင်ရေး အနေဖြင့် ၁၉၇၅ ခုနှစ်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးမြို့နယ်၊ ပန်ပိဒေသ၌ SURA (မိုးဟိန်း)အဖွဲ့ တည်ဆောက်ထားသည့် ဘိန်းချက်စက်ရုံအား စစ်ဆင်ရေးပြုလုပ် တိုက်ဖျက်နိုင်ခဲ့သည်။ အကြီးကျယ်ဆုံးနှင့် ရက်ပေါင်းရှည်ကြာစွာပြုလုပ်ခဲ့သည့် မူးယစ်ဆေးဝါးတိုက်ဖျက်မှု စစ်ဆင်ရေးမှာ ၁၉၇၆ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ရှမ်းပြည်နယ် (မြောက်ပိုင်းဒေသ)နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)ဒေသ၌ ပြုလုပ်ခဲ့သည့် မိုးဟိန်း စစ်ဆင်ရေး အဆင့် ၁ မှ အဆင့် ၁၂ အထိဖြစ်သည်။ ၎င်းမူးယစ်ဆေးဝါးတိုက်ဖျက် မှုစစ်ဆင်ရေး ကာလ အတွင်း တပ်မတော်မှ အရာရှိ၊ စစ်သည် ၆၉ ဦးကျဆုံး၍ ၄၅၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

တပ်မတော်အနေဖြင့် နိုင်ငံတော် လုံခြုံရေး၊ ကာကွယ်ရေးတာဝန်များကို ထမ်းဆောင် လျက်ရှိသည့်အပြင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကိုလည်း ခေတ်အဆက်ဆက် မှစ၍ နှစ်စဉ်နှစ်တိုင်း စစ်ဆင်ရေးတစ်ရပ်သဖွယ် အလေးထားတိုက်ဖျက် ဆောင်ရွက်လျက် ရှိသည်။ လက်ရှိအချိန်တွင်လည်း ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ပူးပေါင်းစစ်ဆေးရေး ဂိတ်များ ဖွင့်လှစ်ဆောင်ရွက်ခြင်းအပါအဝင် မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် သတင်းရရှိသော နေရာများအား ဖော်ထုတ်ဖမ်းဆီးမှုများကိုဆောင်ရွက် လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ခဲ့ရာ ၂၀၂၀ ပြည့်နှစ်အတွင်း ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်၊ လွယ်ခန်ဒေသအတွင်း ဖမ်းဆီးရမိမှုအနေဖြင့် ဖေဖော်ဝါရီ ၂၈ ရက်မှ မတ်လ ၁၆ ရက်အထိ စိတ်ကြွရူးသွပ်ဆေးဝါးမျိုးစုံ ဆေးပြားစုစုပေါင်း သိန်း ၁၄၀၀ ပြားကျော်၊ ဘိန်းဖြူ ၂၈၆ ကီလိုကျော်၊ အိုက်စ် ၄၄၀ ကီလိုကျော် အပါအဝင် မူးယစ် ဆေးဝါးများခန့်မှန်းတန်ဖိုး ငွေကျပ် ၃၁၄ ဘီလီယံကျော်နှင့် မူးယစ်ဆေးဝါးချက် လုပ်ရာတွင် အသုံးပြုသည့် မူးယစ်ဆေးဝါးရိုက်စက်များ၊ ဆေးပြားရိုက်တံများ အပါအဝင် ကာလတန်ဖိုး ၁ ဘီလီယံကျော် တန်ဖိုးရှိ ဆက်စပ်ပစ္စည်း ၂၄၉ မျိုးကို မူးယစ်ဆေးဝါး တိုက်ဖျက်မှု စစ်ဆင်ရေးပြုလုပ်၍ ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။ အဆိုပါ မူးယစ်ဆေးဝါးနှင့် ဆက်စပ် ပစ္စည်းများ ဖမ်းဆီးရမိမှုသည် အရှေ့တောင်အာရှဒေသအတွင်း ပမာဏအများဆုံး မူးယစ်ဆေးဝါး ဖမ်းဆီးတိုက်ဖျက်ခဲ့သည့် လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း နိုင်ငံတကာမီဒီယာများမှ ဖော်ပြခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားစစ်သံရုံးများမှ စစ်သံမှူးများနှင့် သတင်းမီဒီယာများ က မတ်လ ၆ ရက်နေ့တွင် သွားရောက်လေ့လာခဲ့သည်။

၂၀၂၀ ပြည်နှစ်တွင် ရှမ်းပြည်နယ်အတွင်း၌ ဘိန်းဖြူ ၉၃၀ ကီလိုကျော်၊ ဘိန်းစိမ်း ၂၄၀၀ ကီလိုကျော်၊ ဘိန်းမဲ ၃ ကီလိုကျော်၊ ဆေးခြောက် ၃၅၀ ကီလိုကျော်၊ စိတ်ကြွ ရူးသွပ်ဆေးပြား သိန်း ၂၅၀၀ ကျော်၊ အိုက်စ် ၁၁၀၀ ကီလိုကျော်၊ အခြားဆက်စပ်ပစ္စည်းများ ၄၇၀၀၀ ကီလိုကျော်၊ စုစုပေါင်း ငွေကျပ် ၈၇၄ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၁၄၀ ကျော်၊ အိုက်စ် ၁၆၀၀ ကီလိုကျော်၊ စုစုပေါင်း ငွေကျပ် ၁၄၄ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကိုလည်းကောင်း၊ ရခိုင်ပြည်နယ်အတွင်း၌ စိတ်ကြွရူးသွပ်ဆေးပြား ၂၂ သိန်းကျော်၊ အိုက်စ် ၁၃၀၀ ကီလို ကျော်၊ စုစုပေါင်း ငွေကျပ် ၇၆ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်း များကိုလည်းကောင်း အသီးသီးဖမ်းဆီးတိုက်ဖျက်နိုင်ခဲ့ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဘိန်းဖြူ ၅၀၀ ကီလိုကျော်၊ ဘိန်းစိမ်း ၁၈၀ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၈ သိန်းကျော်၊ အိုက်စ် ၂၃၀၀ ကီလိုကျော်၊ အခြား ဆက်စပ်ပစ္စည်းများ ၂၂၀၀၀ ကီလိုကျော်၊ စုစုပေါင်း ငွေကျပ် ၂၁၀ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကိုလည်းကောင်း အသီးသီးဖမ်းဆီးတိုက်ဖျက်နိုင်ခဲ့သည်။

၂၀၂၀ ပြည့်နှစ်အတွင်း မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ စုစုပေါင်း ဖမ်းဆီးရမိမှု အနေဖြင့် ဘိန်းဖြူ ၁၄၃၈ ကီလိုကျော်၊ ဘိန်းစိမ်း ၂၅၈၅ ကီလိုကျော်၊ ဘိန်းမဲ ၃ ကီလိုကျော်၊ ဆေးခြောက် ၃၅၃ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၂၉၀၀ ကျော်၊ အိုက်စ် ၁၆၈၉၁ ကီလို ကျော်၊ အခြားဆက်စပ်ပစ္စည်းများ ၆၉၈၁၂ ကီလိုကျော်၊ စုစုပေါင်း ငွေကျပ် ၁၃၀၅ ဒသမ ၂၁ ဘီလီကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးတိုက်ဖျက်နိုင်ခဲ့ပြီး ဘိန်းခင်း ၉၄၅၆ ဧက ကျော်ကို ဖျက်ဆီးနိုင်ခဲ့ကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို စစ်ဆင်ရေးတစ်ရပ် သဖွယ် အလေးထား ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် တပ်မတော်အနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အတွင်းသို့ တရားမဝင် ဝင်ရောက်လာသူများ မရှိစေရေးအတွက်လည်း အလေးထား တားဆီး ကာကွယ် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာ ၂၀၂၀ ပြည့်နှစ်အတွင်း ၌ တရားမဝင် ဝင်ရောက်လာသူများအား ဖော်ထုတ်ဖမ်းဆီးရမိမှုအနေဖြင့် ၇၁၅ ဦး ရှိကြောင်း သိရှိရသည်။

တပ်မတော်အနေဖြင့် မြန်မာနိုင်ငံအနောက်ပိုင်းဒေသများအတွင်းသို့ တရားမဝင် ဝင်ရောက်လာသူများအား ခေတ်အဆက်ဆက်ကပင် ဖော်ထုတ်တားဆီးခဲ့မှုနှင့် ကာကွယ်မှုများ ပြုလုပ်ခဲ့သည်။ ၁၉၄၈ ခုနှစ်အတွင်း ဘူးသီးတောင်-မောင်တောဒေသ၌ မူဂျာဟစ်များ ကြီးစိုးလာခဲ့ပြီး ဒေသခံတိုင်းရင်းသားရွာများအား ဖျက်ဆီး၍ ဘူးသီးတောင် ဒေသအား ရက်ပေါင်း ၄၀ မျှ ပိတ်ဆို့ထားခဲ့ရာ ၎င်းနှစ် နိုဝင်ဘာတွင် အမှတ်(၅) ဗမာ့သေနတ်ကိုင် တပ်ရင်းမှ စစ်ဆင်ရေးပြုလုပ်ကယ်တင်ခဲ့ရသည်။ ၁၉၅၂ ခုနှစ်နှင့် ၁၉၅၄ ခုနှစ်တို့တွင် မေယုစစ်ဆင်ရေး၊ မုတ်သုံစစ်ဆင်ရေးတို့ကို ဆောင်ရွက်ခဲ့သည်။ တရားမဝင် ဝင်ရောက်မှုများ ပပျောက်စေရေးနှင့် လူဝင်မှုကြီးကြပ်ရေးတို့ အတွက် ၁၉၇၈ ခုနှစ်တွင် နဂါးမင်းစစ်ဆင်ရေး နှင့် ဟင်္သာစစ်ဆင်ရေးတို့အား ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့သည်။

မြန်မာနိုင်ငံအနောက်ပိုင်းဒေသအတွင်းသို့ တရားမဝင် ဝင်ရောက်လာသူများအနေဖြင့် ယခုအချိန်တွင် လူမှောင်ခိုသယ်ဆောင်သူများ၏ အဆက်အသွယ်ဖြင့် ပြည်တွင်းသို့ တရား မဝင် ဝင်ရောက်ခြင်း၊ ၎င်းမှတဆင့် ပြည်ပနိုင်ငံများသို့ ဆက်လက် ထွက်ခွာခြင်းများကို ပြုလုပ်လျက်ရှိသောကြောင့် တပ်မတော်အနေဖြင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ကာကွယ်တားဆီးလျက်ရှိသည်။ထိုသို့ ဒေသအလိုက်စစ်ဆေး ရေးအဖွဲ့များနှင့် လုံခြုံရေးအဖွဲ့များက တရားမဝင် ဝင်ရောက်လာသူများကို ဖော်ထုတ် စစ်ဆေးတားဆီးခဲ့ရာ ရခိုင်ပြည်နယ်အတွင်း၌ တရားမဝင် ဝင်ရောက်လာသူ ၁၀၄ ဦး၊ ရန်ကုန်ဒေသကြီးအတွင်း၌ ၁၁၁ ဦး၊ ဧရာဝတီ တိုင်းဒေသကြီးအတွင်း၌ ၁၄၄ ဦး၊ မကွေးတိုင်းဒေသကြီးအတွင်း၌ ၂၀၈ ဦး၊ အခြားဒေသအသီးသီး၌ ၁၄၈ ဦး၊ စုစုပေါင်း တရားမဝင် ဝင်ရောက်လာသူ ၇၁၅ ဦးကို ဖော်ထုတ်၍ ထိန်းသိမ်းနိုင်ခဲ့သည်။

အဆိုပါ တရားမဝင် ဝင်ရောက်လာသူများအား ၎င်းတို့ နေရပ်သို့ ပြန်လည် ပို့ဆောင်ခြင်း၊ လူမှောင်ခိုသယ်ဆောင်သူများကို တရားဥပဒေအရ ထိရောက်စွာ အရေးယူ ခြင်းများပြုလုပ်နိုင်ရန်အတွက် သက်ဆိုင်ရာဌာနဆိုင်ရာအသီးသီးသို့ အပ်နှံပေးနိုင်ခဲ့ကြောင်း နှင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသူများ မရှိစေရေး တပ်မတော်အနေ ဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ဆက်လက်ကာကွယ် တားဆီးလျက်ရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

#PeopleMedia #တပ်မတော်

(unicode)
…………………………………………….














Share this post