• Follow Us on

Home တပ်မတော်အနေဖြင့် သိပ္ပံနှင့် နည်းပညာဆိုင်ရာများအထောက်အကူပြုနိုင်ရန် သိပ္ပံနှင့် နည်းပညာဆိုင်ရာဖွံ့ဖြိုး တိုးတက်ရေးကွန်ဖရင့်ကျင်းပ

တပ်မတော်အနေဖြင့် သိပ္ပံနှင့် နည်းပညာဆိုင်ရာများအထောက်အကူပြုနိုင်ရန် သိပ္ပံနှင့် နည်းပညာဆိုင်ရာဖွံ့ဖြိုး တိုးတက်ရေးကွန်ဖရင့်ကျင်းပ

Share this post

ရန်ကုန်၊ အောက်တိုဘာ ၂၇ (People Media)

 

တပ်မတော်အနေဖြင့် သိပ္ပံနှင့် နည်းပညာဆိုင်ရာများ အထောက်အကူပြုနိုင်ရန်နှင့် လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်၍ သိပ္ပံနှင့် နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ဖရင့် (၂၀၂၁) Conference on Science and Technology Development-2021 (CSTD-2021) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က  ပြင်ဉီးလွင်တပ်နယ်၊ စစ်တက္ကသိုလ်၊ အဆင့်မြင့်စာပေပညာဗဟိုဌာန ၊၅ ထပ်စာသင်ဆောင်ရှိ Multifunction Hall၌ ကိုပစ် -၁၉ ကူးစက်ရောဂါစည်းကမ်း သတ်မှတ်ချက်များနှင့်အညီ စတင်ကျင်းပပြု လုပ်ခဲ့သည်။

 

အဆိုပါ ကွန်ဖရင့်သို့ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဇော်မျိုးတင်၊ တပ်မတော် တက္ကသိုလ်များမှ ကျောင်းအုပ်ကြီးများ၊ ပါမောက္ခချုပ်များနှင့် အရာရှိများ၊ အရပ်ဘက် တက္ကသိုလ်များမှ ပါမောက္ခများ၊ တပ်နယ်မှ မဟာဘွဲ့နှင့် ပါရဂူဘွဲ့သင်တန်းတက်ရောက်နေသော သင်တန်းသားအရာရှိများနှင့် ဗိုလ်လောင်းများ တက်ရောက်ကြပြီး ကိုယ်တိုင်လာရောက် စာတမ်းမဖတ်ကြားနိုင်သော Keynote speaker များ၊ အရပ်ဘက်တက္ကသိုလ်များမှ ပါမောက္ခချုပ်များနှင့် ပါမောက္ခများလည်း video Conferencing ဖြင့် တက် ရောက်ကြသည်။

 

ဉီးစွာ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်က အဖွင့်အမှာစကားပြောကြားပြီး အခမ်းအနားသို့ တက်ရောက် လာသူများနှင့်အတူ တင်သွင်းခင်းကျင်းပြသထားသည့်သိပ္ပံနှင့် နည်းပညာဆိုင်ရာ ပိုစတာ ၂၃ စောင်ကို လှည့်လည်ကြည့်ရှုရာ ပိုစတာရှင်များမှ ရှင်းလင်းတင်ပြကြသည်။ ထို့နောက် ဖိတ်ကြားထားသော ပါမောက္ခ များ၏ စာတမ်း ၂ စောင်၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနစာတမ်း ၅၄ စောင်၊  စုစုပေါင်း ၅၆ စောင်အား ဖတ်ကြားခဲ့သည်။

 

အဆိုပါ သိပ္ပံနှင့် နည်းပညာဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး ကွန်ဖရင့်( ၂၀၂၁) ကို အောက်တိုဘာလ ၂၇ ရက်နေ့ အထိ ကျင်းပသွားမည်ဖြစ်ပြီး ဖိတ်ကြားထားသော Keynote Speaker စာတမ်း ၂ စောင်၊ အထူးစာတမ်း ၆ စောင် အပါအဝင် စုစုပေါင်း စာတမ်း ၅၀ စောင်ကို ဆက်လက်ဖတ်ကြားသွားမည်ဖြစ်ကြောင်း၊ အကောင်းဆုံး စာတမ်း ၆ ဆုနှင့် အကောင်းဆုံးပိုစတာဆု ၂ ဆု ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia #တပ်မတော်

 

(unicode)


…………………………………………………………………….

 


 


 


 


 


 



Share this post