• Follow Us on

Home တပ္မေတာ္အေနျဖင့္ ဒို႔တာ၀န္အေရးသုံးပါး ထိခိုက္လာမည့္ လုပ္ေဆာင္ခ်က္မွန္သမွ်ကို ျပတ္ျပတ္သားသား ကာကြယ္မည္ဟု ကာကြယ္ေရးဦးစီးခ်ဳပ္ေျပာ

တပ္မေတာ္အေနျဖင့္ ဒို႔တာ၀န္အေရးသုံးပါး ထိခိုက္လာမည့္ လုပ္ေဆာင္ခ်က္မွန္သမွ်ကို ျပတ္ျပတ္သားသား ကာကြယ္မည္ဟု ကာကြယ္ေရးဦးစီးခ်ဳပ္ေျပာ

Share this post

ရန္ကုန္၊ ဒီဇင္ဘာ ၄ (People Media)
မည္သည့္နိုင္ငံေရးစနစ္ႏွင့္ မည္သည့္အစိုးရဦးေဆာင္သည္ျဖစ္ေစ တပ္မေတာ္အေနနဲ႔ အမ်ိဳးသားနိုင္ငံေရး ဦးေဆာင္မႈအခန္းက႑တြင္ ဆက္လက္ပါဝင္ေနမည္ျဖစ္ၿပီး ဒို႔တာဝန္အေရးသုံးပါကို ထိခိုက္လာမည့္ လုပ္ ေဆာင္ခ်က္မွန္သမွ်ကို ျပတ္ျပတ္သားသားကာကြယ္သြားမယ္လို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္က ေျပာပါတယ္။
ဒီကေန႔ စစ္တကၠသိုလ္ ဗိုလ္ေလာင္းသင္တန္း အမွတ္စဥ္(၆၂) သင္တန္းဆင္း ဂုဏ္ျပဳစစ္ေရးျပအခမ္းအနား၌ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္က မိန္႔ခြန္းေျပာၾကားရာမွာ အထက္ပါ အတိုင္း ထည့္သြင္းေျပာၾကားခဲ့တာျဖစ္ပါတယ္။
“နိုင္ငံေရးအရ တည္ၿငိမ္မႈနဲ႔ တိုင္းရင္းသားစည္းလုံးညီညြတ္ေရးအရ တည္ၿငိမ္မႈရွိေစေရးအတြက္ တပ္မေတာ္ အေနနဲ႔ အမ်ိဳးသားနိုင္ငံေရး ဦးေဆာင္မႈအခန္းက႑မွာ ဆက္လက္ပါဝင္ေနၾကရမွာပါျဖစ္တယ္ ဒါေၾကာင့္ ဒို႔တာ၀န္အေရးသုံးပါးကို ထိခိုက္လာမယ့္ လုပ္ေဆာင္ခ်က္မွန္သမွ်ကို ျပတ္ျပတ္သားသား ကာကြယ္သြားရမွာ ျဖစ္တယ္” လို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္က ေျပာပါတယ္။
နိုင္ငံသားမ်ား၏ သေဘာဆႏၵနဲ႔အညီ မိမိတို႔ ကိုယ္စား နိုင္ငံအက်ိဳးေဆာင္ရြက္ေပးမယ့္ ကိုယ္စားလွယ္ေတြကို ေရြးေကာက္တင္ေျမႇာက္ေပးခဲ့ျခင္းသည္ နိုင္ငံသားေတြရဲ့ အခြင့္အေရးျဖစ္ေသာ္လည္း လူေရြးမွားပါက အခက္ ႀကဳံလာနိုင္တယ္လို႔လည္း ကာကြယ္ေရးဦးစီးခ်ဳပ္က ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္က ဆိုပါတယ္။
“ကိုယ္တိုင္ေရြးခ်ယ္တဲ့ ကိုယ္စားလွယ္ေတြဟာ ေကာင္းမြန္စြာ အက်ိဳးျပဳနိုင္ဖို႔လိုတယ္။ လူေရြးမွားရင္ အ ခက္အခဲမ်ားစြာႀကဳံလာမယ္ ဒီမိုကေရစီနည္းလမ္းတက် ေဆာင္ရြက္ရမယ္ ႐ိုးသားမွန္ကန္စြာေဆာင္ရြက္ရမယ္ သမာသမတ္ရွိရမယ္ မည္ကဲ့သို႔ နည္းလမ္းမက်တဲ့ ေဆာင္ရြက္မႈမ်ိဳမဆို ယုံၾကည္မႈကင္းမဲ့ေစတယ္ဆိုတာကို သတိျပဳရမယ္” လို႔ ကာကြယ္ေရးဦးစီးခ်ဳပ္က ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္က ေျပာပါတယ္။
ျမန္မာနိုင္ငံသည္ ဒီမိုကေရစီကူးေျပာင္းမႈသည္ အစိုးရႏွစ္ဆက္တိုင္တိုင္ ဒီမိုကေရစီလမ္းေၾကာင္းအေပၚမွာ ေလွ်ာက္လွမ္းလာၿပီး ဒီမိုကေရစီစနစ္သည္ ျပည္သူ႔က ေရြးခ်ယ္သည့္စနစ္ျဖစ္တဲ့အတြက္ နိုင္ငံသူနိုင္ငံသား မ်ားအေနနဲ႔ ခ်မွတ္ထားတဲ့စည္းကမ္းမ်ားကို လိုက္နာနိုင္မွာသာ စည္းကမ္းျပည့္ဝတဲ့ ဒီမိုကေရစီစနစ္ကို ေဖာ္ေဆာင္နိုင္မွာျဖစ္တယ္လို႔လဲ ကာကြယ္ေရးဦးစီးခ်ဳပ္က ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္က ေျပာဆိုခဲ့ ပါတယ္။
(unicode)
တပ်မတော်အနေဖြင့် ဒို့တာဝန်အရေးသုံးပါး ထိခိုက်လာမည့် လုပ်ဆောင်ချက်မှန်သမျှကို ပြတ်ပြတ်သားသား ကာကွယ်မည်ဟု ကာကွယ်ရေးဦးစီးချုပ်ပြော
……………………………………………………………..
ရန်ကုန်၊ ဒီဇင်ဘာ ၄ (People Media)
မည်သည့်နိုင်ငံရေးစနစ်နှင့် မည်သည့်အစိုးရဦးဆောင်သည်ဖြစ်စေ တပ်မတော်အနေနဲ့ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် ဆက်လက်ပါဝင်နေမည်ဖြစ်ပြီး ဒို့တာဝန်အရေးသုံးပါကို ထိခိုက်လာမည့် လုပ် ဆောင်ချက်မှန်သမျှကို ပြတ်ပြတ်သားသားကာကွယ်သွားမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
ဒီကနေ့ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၆၂) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနား၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မိန့်ခွန်းပြောကြားရာမှာ အထက်ပါ အတိုင်း ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
“နိုင်ငံရေးအရ တည်ငြိမ်မှုနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအရ တည်ငြိမ်မှုရှိစေရေးအတွက် တပ်မတော် အနေနဲ့ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍမှာ ဆက်လက်ပါဝင်နေကြရမှာပါဖြစ်တယ် ဒါကြောင့် ဒို့တာဝန်အရေးသုံးပါးကို ထိခိုက်လာမယ့် လုပ်ဆောင်ချက်မှန်သမျှကို ပြတ်ပြတ်သားသား ကာကွယ်သွားရမှာ ဖြစ်တယ်” လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
နိုင်ငံသားများ၏ သဘောဆန္ဒနဲ့အညီ မိမိတို့ ကိုယ်စား နိုင်ငံအကျိုးဆောင်ရွက်ပေးမယ့် ကိုယ်စားလှယ်တွေကို ရွေးကောက်တင်မြှောက်ပေးခဲ့ခြင်းသည် နိုင်ငံသားတွေရဲ့ အခွင့်အရေးဖြစ်သော်လည်း လူရွေးမှားပါက အခက် ကြုံလာနိုင်တယ်လို့လည်း ကာကွယ်ရေးဦးစီးချုပ်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုပါတယ်။
“ကိုယ်တိုင်ရွေးချယ်တဲ့ ကိုယ်စားလှယ်တွေဟာ ကောင်းမွန်စွာ အကျိုးပြုနိုင်ဖို့လိုတယ်။ လူရွေးမှားရင် အ ခက်အခဲများစွာကြုံလာမယ် ဒီမိုကရေစီနည်းလမ်းတကျ ဆောင်ရွက်ရမယ် ရိုးသားမှန်ကန်စွာဆောင်ရွက်ရမယ် သမာသမတ်ရှိရမယ် မည်ကဲ့သို့ နည်းလမ်းမကျတဲ့ ဆောင်ရွက်မှုမျိုမဆို ယုံကြည်မှုကင်းမဲ့စေတယ်ဆိုတာကို သတိပြုရမယ်” လို့ ကာကွယ်ရေးဦးစီးချုပ်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
မြန်မာနိုင်ငံသည် ဒီမိုကရေစီကူးပြောင်းမှုသည် အစိုးရနှစ်ဆက်တိုင်တိုင် ဒီမိုကရေစီလမ်းကြောင်းအပေါ်မှာ လျှောက်လှမ်းလာပြီး ဒီမိုကရေစီစနစ်သည် ပြည်သူ့က ရွေးချယ်သည့်စနစ်ဖြစ်တဲ့အတွက် နိုင်ငံသူနိုင်ငံသား များအနေနဲ့ ချမှတ်ထားတဲ့စည်းကမ်းများကို လိုက်နာနိုင်မှာသာ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်မှာဖြစ်တယ်လို့လဲ ကာကွယ်ရေးဦးစီးချုပ်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုခဲ့ ပါတယ်။

Share this post