• Follow Us on

Home တပ်မတော်အနေဖြင့် နိုင်ငံရေးအခန်းကဏ္ဍတွင် ပါဝင်မှု တိုးချဲ့လာနေကြောင်း ပြည်သူ့ပါတီဒုဥက္ကဋ္ဌ ဦးမင်းဇေ ယျပြော

တပ်မတော်အနေဖြင့် နိုင်ငံရေးအခန်းကဏ္ဍတွင် ပါဝင်မှု တိုးချဲ့လာနေကြောင်း ပြည်သူ့ပါတီဒုဥက္ကဋ္ဌ ဦးမင်းဇေ ယျပြော

Share this post

ရန်ကုန်၊ ဒီဇင်ဘာ ၂၉ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ပြီးခဲ့သည့် ရွေးကောက်ပွဲအခြေအနေအရ တပ်မတော်အနေဖြင့် မဲစာရင်းများအား ထုတ်ပြန်ခြင်းအပါအဝင် နိုင် ငံရေးအခန်းကဏ္ဍတွင် ပိုမိုဆောင်ရွက်နေခြင်းသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအား ကိုင်ဆောင်ကာ နိုင်ငံရေးအခန်းကဏ္ဍအား တိုးချဲ့လာနေခြင်းဖြစ်ကြောင်း ပြည်သူ့ပါတီဒုဥက္ကဋ္ဌ ဦးမင်းဇေယျက ပြောသည်။

တပ်မတော်နှင့် ရွေးကောက်ပွဲအလွန်ကာလတွင် ရွေးကောက်ပွဲနိုင်ငံရေးနှင့် UEC ၏ဆောင်ရွက်နေသောကိစ္စ များတွင် တိုက်ရိုက်စွတ်ဖက်နေသည့်သဘောမျိုး သက်ရောက်နေပြီး ယင်းကိစ္စများ၏ နောက်ကွယ်တွင်ရှိသော အကြောင်းအရာများအား စဉ်းစားရန် လိုအပ်မည်ဖြစ်ကြောင်း၎င်းကဆိုသည်။

“တပ်မတော်ဟာ နိုင်ငံရေးအခန်းကဏ္ဍမှာ သူတို့ရဲ့လုပ်ပိုင်ခွင့်တွေအပေါ်မှာ ဖွဲ့စည်းပုံအခြေဥပဒေကို ကိုင်ပြီး တော့ တိုးချဲ့လာနေသလားဆိုတာ ကျွန်တော်တို့အနေနဲ့ သံသယဝင်မိတယ်” ဟု ဦးမင်းဇေယျက ပြောသည်။

မြန်မာနိုင်ငံသည် ပါတီစုံဒီမိုကရေစီစနစ်အား ကျင့်သုံးဆောင်ရွက်နေခြင်းကြောင့် တပ်မတော်အနေဖြင့် နိုင်ငံ ရေးအခန်းကဏ္ဍတွင် ပိုမိုပါဝင်လာခြင်းသည် အန္တရာယ်ကြီးမားကြောင်း ၎င်းကဆိုသည်။

“နိုင်ငံရေးအရ သူတို့ရဲ့ဝင်ရောက်မှုတွေဟာ သူတို့ရဲ့ စွတ်ဖက်မှုတွေဟာ တဖြည်းဖြည်းနဲ့ကြီးမားလာနေတဲ့ အခါကျတော့ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းကို အန္တရာယ် ပိုကြီးများလာတယ်ဆိုတဲ့အမြင် နိုင်ငံရေး လောကမှာ ပိုပြီးတော့ ကြီးမားသွားမှာ ကျယ်ပြန့်သွားမှာ ပြည်သူတွေရဲ့ ရင်ထဲမှာ စိုးရိမ်မှုတွေ ဖြစ်လာမှာကို တော့ စိတ်ပူတယ်” ဟု ဦးမင်းဇေယျက ဆိုသည်။

NLD ပါတီအနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဆောင်ရွက်နေကြောင်း ပြောဆိုနေသော်လည်း လက်ရှိ တပ်မတော် နှင့် NLD ပါတီကြားကွာဟမှုသည် ကြီးမားလာသည့်အတွက် NLD ပါတီနှင့် တပ်မ တော်ကြား နီးကပ်သော ပူးပေါင်းဆောင်ရွက်မှုကို လုပ်ဆောင်သင့်ကြောင်း လက်ရှိအခြေအနေအရ တပ်မ တော်၏ပါဝင်မှုသည် သက်ရောက်မှု ကြီးမားကာ နိုင်ငံ၏ အနာဂတ်အတွက် စိုးရိမ်စရာရှိကြောင်း ၎င်းက ထပ်လောင်းပြောဆိုခဲ့သည်။

#PeopleMedia #ဦးမင်းဇေယျ

(unicode)
…………………………………………………………….










Share this post