• Follow Us on

Home တပ်မတော်အကြီးအကဲဟောင်းများ ဦးဆောင်သည့် USDP ပါတီနှင့် UBP ပါတီတို့၏ ပိုင်ဆိုင်မှုကို UEC စစ်ဆေး

တပ်မတော်အကြီးအကဲဟောင်းများ ဦးဆောင်သည့် USDP ပါတီနှင့် UBP ပါတီတို့၏ ပိုင်ဆိုင်မှုကို UEC စစ်ဆေး

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁ (People Media)

 

တပ်မတော်အကြီးအကဲဟောင်းများ ဦးဆောင်သည့် USDP ပါတီနှင့် UBP ပါတီတို့၏ ပိုင်ဆိုင်မှုကို UEC က ဩဂုတ်လ ၃၁ ရက်နေ၌ နေပြည်တော်ရှိ သက်ဆိုင်ရာ UEC ရုံးမှာ စစ်ဆေးခဲ့တာဖြစ်ပါတယ်။

 

ထိုကဲ့သို့ စစ်ဆေးခံရမှုနှင့် ပတ်သက်ပြီး People Media က သူရဦးရွှေမန်းဦးဆောင်သည့် UBP ပါတီထံ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ဆက်သွယ်၍ မရခဲ့ပါဘူး။

 

သြဂုတ် ၃၁ ရက်ပါ ရက်စွဲဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပြည်ခိုင်ဖြိုးပါတီအား ခေါ်ယူစစ်ဆေးမှု တွင် ပါတီဝင်အင်အား၊ ရငွေ၊ သုံးငွေနှင့် ပိုင်ဆိုင်မှုများကိုသာ စစ်ဆေးခံရသေးကြောင်း သိရသည်။

 

အဆိုပါကဲ့သို့ စစ်ဆေးမှုများကို ခံယူရာတွင်လည်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဆောင်သောအဖွဲ့မှ သွားရောက်ခဲ့ ခြင်းပြီး နံနက်အချိန်မှ စစ်ဆေးမှုခံယူမှုတွင် ညနေအချိန်မှ အထက်ပါ စစ်ဆေးမှုလေးမျိုးကိုသာ ပြီးစီးခဲ့ကြောင်း သိရသည်။

 

“သူက စစစ်တာကတော့ ပါတီအင်အားကို စစ်တယ်။ ပါတီရဲ့ ရငွေတွေကို စစ်တယ်။ သုံးငွေတွေကို စစ်တယ်။ နောက်ပြီးတော့ ပိုင်ဆိုင်မှုတွေကို စစ်နေတယ်။ မပြီးသေးဘူး သူတို့ထပ်ပြီးတော့ စစ်ဆေးနေပါတယ်” ဟု ပြည်ခိုင်ဖြိုးပါတီမှ ဗဟိုအတွင်းရေးမှူးဖြစ်သူ ဦးကျော်ကျော်ဌေးက ပြောသည်။

 

အဆိုပါကဲ့သို့ စစ်ဆေးမှုများပြုလုပ်ရာတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန စသည့် အဖွဲ့ပေါင်းစုံပါဝင်သောအဖွဲ့ဖြင့် စစ်ဆေးမှုများကို ပြုလုပ်ခဲ့ကြောင်း သိရ သည်။

 

“မနက်က သွားတာ ညနေလောက်မှ ပြန်ရတယ်၊ နောက်နေ့တွေလည်း ထပ်စစ်မှာပေါ့၊ လိုအပ်တဲ့ စာရွက် တွေတော့ ပေးခဲ့တယ်။ ဘယ်နှစ်ရက်လောက်ကြာမယ်ဆိုတာကတော့ မပြောတက်ဘူး၊ အဲ့ဒါကလည်း စစ်တဲ့အပေါ်မှာပဲ မူတည်တယ်” ဟု ပြည်ခိုင်ဖြိုးပါတီမှ ဗဟိုအတွင်းရေးမှူးဖြစ်သူ ဦးကျော်ကျော်ဌေးက ပြောသည်။

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများ စစ်ဆေးရာတွင်၊ ပါတီဝင်များစာရင်း၊ ပါတီ ဝင်ကြေးကောက်ခံထားသောစုစည်းရရှိစာရင်း၊ ပါတီဝင်လစဉ်ကြေးကောက်ခံထားသောစုစည်းရရှိစာရင်း၊ ပြည်တွင်းအလှူရှင်များ လှူဒါန်းသည့် ငွေကြေးစာရင်း၊ ပြည်တွင်းအလှူရှင်များ လှူဒါန်းသည့် ပစ္စည်းစာရင်း၊ ပါတီပိုင်စီးပွားရေးလုပ်ငန်းစာရင်း၊ ပါတီပိုင်စီးပွားရေးလုပ်ငန်းများ၏ ငွေစာရင်းများ၊ ပါတီစည်းမျဉ်း၊ ပါတီစည်း ရုံးရေးအတွက် အသုံးစရိတ်၊ ပါတီရန်ပုံငွေစာရင်းစာအုပ်၊ ပါတီရငွေစာရင်းစာအုပ်၊ ပါတီက ဝယ်ယူထားသော ပစ္စည်းများစာရင်းနှင့် မှတ်တမ်းစာအုပ်၊ ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းများ၏ ရွေးကောက်ပွဲအသုံးစရိတ်၊ ပါတီနှစ်စဉ်ငွေစာရင်းရှင်းတမ်း၊ ပါတီပိုင်ပစ္စည်း အနှစ်ချုပ်စာရင်း၊ ပါတီတွင်းစာရင်းစစ်ကော်မတီ ထားရှိ စစ်ဆေး ခြင်း၊ ပါတီစည်းရုံးရေးလုပ်ငန်းများအတွက် သုံးစွဲငွေစာရင်း၊ ရွေးကောက်ပွဲ အထွေထွေအသုံးစရိတ်စာရင်း၊ ပါတီ ၏ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများ၊ ဘဏ်စာရင်းဖွင့်လှစ်ထားသည့် စာရင်းများစသည့် စာရင်းမှတ်တမ်း ၂၀ အား စစ်ဆေးမှုများပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

 

Photo – usdp

 

#PeopleMedia. #USDP #UBP

 

(unicode)


………………………………………………………………………….

 


 


 


 


 


 


 


 


 


 

Photo – usdp

 

#PeopleMedia. #USDP #UBP


Share this post