• Follow Us on

Home တပ္မေတာ္ေခါင္းေဆာင္မ်ားကို ICC/ICJ မွ စစ္ရာဇ၀တ္မႈျဖင့္ တရားစြဲဆိုမႈအေပၚ ေထာက္ခံေၾကာင္း သတင္းစာရွင္းလင္းပြဲျပဳလုပ္မည့္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းသုံးဦးအနက္ ႏွစ္ဦးကို ဖမ္းဆီး

တပ္မေတာ္ေခါင္းေဆာင္မ်ားကို ICC/ICJ မွ စစ္ရာဇ၀တ္မႈျဖင့္ တရားစြဲဆိုမႈအေပၚ ေထာက္ခံေၾကာင္း သတင္းစာရွင္းလင္းပြဲျပဳလုပ္မည့္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းသုံးဦးအနက္ ႏွစ္ဦးကို ဖမ္းဆီး

Share this post

ရန္ကုန္၊ ဒီဇင္ဘာ ၂၄ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
တပ္မေတာ္ေခါင္းေဆာင္မ်ားကို လူမ်ိဳးတုံးသတ္ျဖတ္မႈျဖင့္ နိုင္ငံတကာတရား႐ုံး ICC/ICJ မွ စစ္ရာဇ၀တ္မႈျဖင့္ တရားစြဲဆိုမႈအေပၚ ေထာက္ခံေၾကာင္းႏွင့္ သတင္းစာရွင္းလင္းပြဲျပဳလုပ္မည့္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း သုံးဦးအနက္ ဦးသန႔္စင္ထက္ႏွင့္ ဦးေက်ာ္ဆန္း ၂ ဦးကို ယေန႔နံနက္တြင္ ရဲတပ္ဖြဲ႕က လာေရာက္ဖမ္းဆီး ခဲ့သည္။
 
ယင္းသတင္းစာရွင္းလင္းပြဲတြင္ ပါ၀င္ေထာက္ခံရွင္းလင္းမည့္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ားျဖစ္ၾက သည့္ ပဲခူးတိုင္း၊ ျပည္ၿမိဳ႕နယ္မွ အမ်ိဳးသားလႊတ္ေတာ္မဲဆႏၵနယ္အမွတ္(၈)မွ ဦးေက်ာ္ဆန္း၊ UNDP ပါတီမွ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးေက်ာ္ေဆြႏွင့္ တသီးပုဂၢလျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ေလာင္း ဦးသန႔္စင္ထက္တို႔မွ ဦးေဆာင္ျပဳလုပ္ရန္ စီစဥ္ခဲ့ျခင္းျဖစ္သည္။
 
နိုင္ငံတကာမွ ျမန္မာနိုင္ငံ၏စစ္ေခါင္းေဆာင္မ်ားသည္ လူမ်ိဳးတုံးသတ္ျဖတ္မႈျဖင့္ နိုင္ငံတကာတရား႐ုံး (ICC/ ICJ) စစ္ရာဇ၀တ္မႈျဖင့္ တရားစြဲဆိုေနျခင္းအား ၂၀၂၀ အေထြေထြေရြးေကာက္ပြဲတြင္ ၀င္ေရာက္ယွဥ္ၿပိဳင္ခဲ့သည့္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ားမွ ေထာက္ခံေၾကာင္း သတင္းစာရွင္းလင္းပြဲကို ဒီဇင္ဘာ ၂၇ ရက္ေန႔တြင္ ျပဳလုပ္ရန္ စီစဥ္ထားေသာ္လည္း ယေန႔ ဒီဇင္ဘာ ၂၄ ရက္ေန႔တြင္ လာေရာက္ဖမ္းဆီးခဲ့ျခင္းလဲျဖစ္သည္။
 
ထိုကဲ့သို႔ ဦးသန႔္စင္ထက္ကို ရဲတပ္ဖြဲ႕က လာေရာက္ဖမ္းဆီးမႈႏွင့္ပတ္သက္၍ People Media က ၎၏မိသား စုဝင္တစ္ဦးကို ဆက္သြယ္ေမးျမန္းရာ “ဒီမနက္ ၇ နာရီေလာက္က လာဖမ္းသြားတယ္” လို႔ ေျပာဆိုသည္။
 
အထက္ပါ ကိုယ္စားလွယ္ႏွစ္ဦးက ျပဳလုပ္မည့္ သတင္းစာရွင္းလင္းပြဲႏွင့္ပတ္သက္၍ ခြင့္ျပဳခ်က္ယူမည္မဟုတ္ ေၾကာင္းကိုလည္း ဒီဇင္ဘာ ၁၉ ရက္ေန႔က People Media သို႔ ေျဖၾကားထားသည္။
 
Photo – ဦးသန႔္စင္ထက္ကို ရဲတပ္ဖြဲ႕မွ လာေရာက္ဖမ္းဆီးေခၚေဆာင္စဥ္
 
#PeopleMedia #တပ္မေတာ္ #ICC #ICJ
 
(unicode)
တပ်မတော်ခေါင်းဆောင်များကို ICC/ICJ မှ စစ်ရာဇဝတ်မှုဖြင့် တရားစွဲဆိုမှုအပေါ် ထောက်ခံကြောင်း သတင်းစာရှင်းလင်းပွဲပြုလုပ်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းသုံးဦးအနက် နှစ်ဦးကို ဖမ်းဆီး
………………………………………………………………..
 
ရန်ကုန်၊ ဒီဇင်ဘာ ၂၄ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
တပ်မတော်ခေါင်းဆောင်များကို လူမျိုးတုံးသတ်ဖြတ်မှုဖြင့် နိုင်ငံတကာတရားရုံး ICC/ICJ မှ စစ်ရာဇဝတ်မှုဖြင့် တရားစွဲဆိုမှုအပေါ် ထောက်ခံကြောင်းနှင့် သတင်းစာရှင်းလင်းပွဲပြုလုပ်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း သုံးဦးအနက် ဦးသန့်စင်ထက်နှင့် ဦးကျော်ဆန်း ၂ ဦးကို ယနေ့နံနက်တွင် ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီး ခဲ့သည်။
 
ယင်းသတင်းစာရှင်းလင်းပွဲတွင် ပါဝင်ထောက်ခံရှင်းလင်းမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများဖြစ်ကြ သည့် ပဲခူးတိုင်း၊ ပြည်မြို့နယ်မှ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကျော်ဆန်း၊ UNDP ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်ဆွေနှင့် တသီးပုဂ္ဂလပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လောင်း ဦးသန့်စင်ထက်တို့မှ ဦးဆောင်ပြုလုပ်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
 
နိုင်ငံတကာမှ မြန်မာနိုင်ငံ၏စစ်ခေါင်းဆောင်များသည် လူမျိုးတုံးသတ်ဖြတ်မှုဖြင့် နိုင်ငံတကာတရားရုံး (ICC/ ICJ) စစ်ရာဇဝတ်မှုဖြင့် တရားစွဲဆိုနေခြင်းအား ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများမှ ထောက်ခံကြောင်း သတင်းစာရှင်းလင်းပွဲကို ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ပြုလုပ်ရန် စီစဉ်ထားသော်လည်း ယနေ့ ဒီဇင်ဘာ ၂၄ ရက်နေ့တွင် လာရောက်ဖမ်းဆီးခဲ့ခြင်းလဲဖြစ်သည်။
 
ထိုကဲ့သို့ ဦးသန့်စင်ထက်ကို ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးမှုနှင့်ပတ်သက်၍ People Media က ၎င်း၏မိသား စုဝင်တစ်ဦးကို ဆက်သွယ်မေးမြန်းရာ “ဒီမနက် ၇ နာရီလောက်က လာဖမ်းသွားတယ်” လို့ ပြောဆိုသည်။
 
အထက်ပါ ကိုယ်စားလှယ်နှစ်ဦးက ပြုလုပ်မည့် သတင်းစာရှင်းလင်းပွဲနှင့်ပတ်သက်၍ ခွင့်ပြုချက်ယူမည်မဟုတ် ကြောင်းကိုလည်း ဒီဇင်ဘာ ၁၉ ရက်နေ့က People Media သို့ ဖြေကြားထားသည်။
 
Photo – ဦးသန့်စင်ထက်ကို ရဲတပ်ဖွဲ့မှ လာရောက်ဖမ်းဆီးခေါ်ဆောင်စဉ်
 
#PeopleMedia #တပ်မတော် #ICC #ICJ

Share this post