• Follow Us on
Latest News

Home တပ္မေတာ္ေခါင္းေဆာင္မ်ားအား ႏိုင္ငံတကာတရား႐ံုး ICC/ICJ မွ စစ္ရာဇ၀တ္မႈျဖင့္ တရားစြဲဆိုမႈအေပၚ ေထာက္ခံေၾကာင္း သတင္းစာရွင္းလင္းပြဲကို သက္ဆိုင္ရာသို႔ ခြင့္ျပဳခ်က္မယူဘဲ ေဆာင္ရြက္မည္

တပ္မေတာ္ေခါင္းေဆာင္မ်ားအား ႏိုင္ငံတကာတရား႐ံုး ICC/ICJ မွ စစ္ရာဇ၀တ္မႈျဖင့္ တရားစြဲဆိုမႈအေပၚ ေထာက္ခံေၾကာင္း သတင္းစာရွင္းလင္းပြဲကို သက္ဆိုင္ရာသို႔ ခြင့္ျပဳခ်က္မယူဘဲ ေဆာင္ရြက္မည္

Share this post

ရန္ကုန္၊ ဒီဇင္ဘာ ၁၉ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

တပ္မေတာ္ေခါင္းေဆာင္မ်ားအား လူမ်ဳိးတံုးသတ္ျဖတ္မႈျဖင့္ ႏိုင္ငံတကာတရား႐ံုး ICC/ICJ မွ စစ္ရာဇ၀တ္မႈျဖင့္ တရားစြဲဆိုမႈအေပၚ ေထာက္ခံေၾကာင္း သတင္းစာရွင္းလင္းပြဲကို သက္ဆိုင္ရာသို႔ ခြင့္ျပဳခ်က္မယူဘဲ ျပဳလုပ္မည္ ျဖစ္ေၾကာင္း ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးသန္႔စင္ထက္က ေျပာသည္။

ႏိုင္ငံတကာမွ ျမန္မာႏိုင္ငံ၏စစ္ေခါင္းေဆာင္မ်ားသည္ လူမ်ဳိးတံုးသတ္ျဖတ္မႈျဖင့္ ႏိုင္ငံတကာတရား႐ံုး (ICC/ ICJ)စစ္ရာဇ၀တ္မႈျဖင့္ တရားစြဲဆိုေနျခင္းအား လူ႔အခြင့္အေရးစံခ်ိန္စံၫႊန္းမ်ားအရ ၂၀၂၀ အေထြေထြေရြး ေကာက္ပြဲတြင္ ၀င္ေရာက္ယွဥ္ၿပိဳင္ခဲ့သည့္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ားမွ ေထာက္ခံေၾကာင္း ဒီဇင္ဘာ ၂၇ ရက္ေန႔တြင္ ျပည္ၿမိဳ႕နယ္၌ျပဳလုပ္မည့္ သတင္းစာရွင္းလင္းပြဲႏွင့္ ပတ္သက္ၿပီး People Media မွဆက္သြယ္ ေမးျမန္းရာ ၎မွ အထက္ပါအတိုင္းေျပာၾကားခဲ့ျခင္း ျဖစ္သည္။

“ကၽြန္ေတာ္တို႔က ခြင့္ျပဳခ်က္မတင္ပါဘူး။ COVID ေကာ္မတီကိုပဲ ကၽြန္ေတာ္တို႔စာပို႔ထားတယ္။ ဘာလို႔မ တင္တာလည္းဆိုရင္ ကၽြန္ေတာ္တို႔က ဆႏၵျပမွာမဟုတ္ဘူး။ ကၽြန္ေတာ္တို႔ရဲ႕ေနရာကေနၿပီး ေျပာေနတာျဖစ္တဲ့ အတြက္ ခြင့္ျပဳမယူပါဘူး။ တင္လည္းမတင္ပါဘူး။ ကၽြန္ေတာ္တို႔ေနတဲ့ ေနရာကေနပဲ ေျပာေနမွာ။ သတင္းစာ ရွင္းလင္းပဲြကိုလုပ္ျဖစ္ပါတယ္”ဟု ပဲခူးတိုင္းေဒသႀကီး၊ နတ္တလင္းၿမိဳ႕မွ တသီးပုဂၢလျပည္သူ႔လႊတ္ ေတာ္ကိုယ္စားလွယ္ေလာင္း ဦးသန္႔စင္ထက္မွ ေျပာသည္။

ယင္းသတင္းစာရွင္းလင္းပြဲတြင္ ပါ၀င္ေထာက္ခံရွင္းလင္းမည့္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ားမွာ ပဲခူးတိုင္း၊ ျပည္ၿမိဳ႕နယ္မွ အမ်ဳိးသားလႊတ္ေတာ္မဲဆႏၵနယ္အမွတ္(၈)မွ ဦးေက်ာ္ဆန္း၊ UNDP ပါတီ မွ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးေက်ာ္ေဆြႏွင့္ တသီးပုဂၢလျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ေလာင္း ဦးသန္႔စင္ထက္တို႔မွ ဦးေဆာင္ျပဳလုပ္မည္ျဖစ္သည္။

Photo – Credit

#PeopleMedia #တပ္မေတာ္ #ICC #ICJ

(unicode)
တပ်မတော်ခေါင်းဆောင်များအား နိုင်ငံတကာတရားရုံး ICC/ICJ မှ စစ်ရာဇဝတ်မှုဖြင့် တရားစွဲဆိုမှုအပေါ် ထောက်ခံကြောင်း သတင်းစာရှင်းလင်းပွဲကို သက်ဆိုင်ရာသို့ ခွင့်ပြုချက်မယူဘဲ ဆောင်ရွက်မည် ………………………………………………………………………

ရန်ကုန်၊ ဒီဇင်ဘာ ၁၉ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

တပ်မတော်ခေါင်းဆောင်များအား လူမျိုးတုံးသတ်ဖြတ်မှုဖြင့် နိုင်ငံတကာတရားရုံး ICC/ICJ မှ စစ်ရာဇဝတ်မှုဖြင့် တရားစွဲဆိုမှုအပေါ် ထောက်ခံကြောင်း သတင်းစာရှင်းလင်းပွဲကို သက်ဆိုင်ရာသို့ ခွင့်ပြုချက်မယူဘဲ ပြုလုပ်မည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသန့်စင်ထက်က ပြောသည်။

နိုင်ငံတကာမှ မြန်မာနိုင်ငံ၏စစ်ခေါင်းဆောင်များသည် လူမျိုးတုံးသတ်ဖြတ်မှုဖြင့် နိုင်ငံတကာတရားရုံး (ICC/ ICJ)စစ်ရာဇဝတ်မှုဖြင့် တရားစွဲဆိုနေခြင်းအား လူ့အခွင့်အရေးစံချိန်စံညွှန်းများအရ ၂၀၂၀ အထွေထွေရွေး ကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများမှ ထောက်ခံကြောင်း ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ပြည်မြို့နယ်၌ပြုလုပ်မည့် သတင်းစာရှင်းလင်းပွဲနှင့် ပတ်သက်ပြီး People Media မှဆက်သွယ် မေးမြန်းရာ ၎င်းမှ အထက်ပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့က ခွင့်ပြုချက်မတင်ပါဘူး။ COVID ကော်မတီကိုပဲ ကျွန်တော်တို့စာပို့ထားတယ်။ ဘာလို့မ တင်တာလည်းဆိုရင် ကျွန်တော်တို့က ဆန္ဒပြမှာမဟုတ်ဘူး။ ကျွန်တော်တို့ရဲ့နေရာကနေပြီး ပြောနေတာဖြစ်တဲ့ အတွက် ခွင့်ပြုမယူပါဘူး။ တင်လည်းမတင်ပါဘူး။ ကျွန်တော်တို့နေတဲ့ နေရာကနေပဲ ပြောနေမှာ။ သတင်းစာ ရှင်းလင်းပွဲကိုလုပ်ဖြစ်ပါတယ်”ဟု ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့မှ တသီးပုဂ္ဂလပြည်သူ့လွှတ် တော်ကိုယ်စားလှယ်လောင်း ဦးသန့်စင်ထက်မှ ပြောသည်။

ယင်းသတင်းစာရှင်းလင်းပွဲတွင် ပါဝင်ထောက်ခံရှင်းလင်းမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများမှာ ပဲခူးတိုင်း၊ ပြည်မြို့နယ်မှ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကျော်ဆန်း၊ UNDP ပါတီ မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်ဆွေနှင့် တသီးပုဂ္ဂလပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လောင်း ဦးသန့်စင်ထက်တို့မှ ဦးဆောင်ပြုလုပ်မည်ဖြစ်သည်။

Photo – Credit

#PeopleMedia #တပ်မတော် #ICC #ICJ


Share this post