• Follow Us on
Latest News

Home တပ္မေတာ္ေခါင္းေဆာင္ေဟာင္းမ်ားႏွင့္ အစိုးရအရာရွိေဟာင္းမ်ား လွဴဒါန္းထားသည့္ ၾကည္ညိဳဖြယ္မေဆာင္ သည့္ ႐ုပ္ပြားဆင္းတုေတာ္ (၆၆) ဆူကို အၿပီးတိုင္ ရွင္းလင္း ဖယ္ရွားရမည္

တပ္မေတာ္ေခါင္းေဆာင္ေဟာင္းမ်ားႏွင့္ အစိုးရအရာရွိေဟာင္းမ်ား လွဴဒါန္းထားသည့္ ၾကည္ညိဳဖြယ္မေဆာင္ သည့္ ႐ုပ္ပြားဆင္းတုေတာ္ (၆၆) ဆူကို အၿပီးတိုင္ ရွင္းလင္း ဖယ္ရွားရမည္

Share this post

ရန္ကုန္၊ ဇူလိုင္ – ၇

ေနျပည္ေတာ္၊ ပ်ဉ္းမနားၿမိဳ႕၊ ရြာေကာက္ရပ္ကြက္၊ ပန္းခင္း(၃)နယ္ေျမ၊ စိႏၲာမုနိေက်ာင္း၊ စိႏၲာမုနိမင္းဝံေတာင္ ဘုရားပရိဝုဏ္အတြင္း၌ တပ္မေတာ္ေခါင္းေဆာင္ေဟာင္းမ်ားႏွင့္ အစိုးရအရာရွိေဟာင္းမ်ား လွဴဒါန္းထားသည့္ ၾကည္ညိဳဖြယ္မေဆာင္ေသာ ႐ုပ္ပြားဆင္းတုေတာ္(၆၆)အၿပီးတိုင္ ရွင္းလင္းဖယ္ရွားရမည္။

အဆိုပါေက်ာင္းတိုက္ရွိ ဘုရားပရိဝုဏ္အတြင္း၌ ၾကည္ညိဳေလ်ာ္ကန္သင့္ျမတ္မႈမရွိသည့္ ဓါတ္ေတာ္ေစတီပတ္ လည္တြင္ ဥာဏ္ေတာ္လက္မ(၃၀)ရွိ ႐ုပ္ပြားေတာ္(၁၂)ဆူ၊ သိဒၶိရွင္မိုးေကာင္းေစတီပတ္လည္တြင္ (၄) ဆူ၊ (၃၁)ဘုံဘုရားပတ္လည္တြင္(၄)ဆူ၊ စုစုေပါင္းဥာဏ္ေတာ္လက္မ (၃၀)ရွိ ႐ုပ္ပြားေတာ္(၅၁)ဆူႏွင့္ ေဘာ္ႀကိဳ ဘုရားပတ္လည္တြင္ ဥာဏ္ေတာ္(၁၂)လက္မရွိ ႐ုပ္ပြားေတာ္(၁၅)ဆူ ျပဳလုပ္ထားသည္။

အဆိုပါ႐ုပ္ပြားေတာ္မ်ားသည္ ႐ိုးရာအစဉ္အလာအရ ထုဆစ္ပုံေဖာ္လ်က္ရွိၾကေသာ မုျဒာ(၅၅)မ်ိဳးတြင္ ပါဝင္ ျခင္းမရွိေၾကာင္း သာသနာေရးႏွင့္ ယဉ္ေက်းမႈဝန္ႀကီးဌာနက ဇူလိုင္(ရ)ရက္ေန႔၌ ထုတ္ျပန္ထားသည္။

အဆိုပါ ႐ုပ္ပြားေတာ္မ်ား ဖယ္ရွားရန္ ေနျပည္ေတာ္သံဃနာယကအဖြဲ႕က ယင္းေက်ာင္းတိုက္ဆရာေတာ္ ဦး စႏၵိမာသာရကို ဇူလိုင္(၁)ရက္ေန႔၌ ခံဝန္ထိုးေစခဲ့ၿပီး ဇူလိုင္လ(၆)ရက္ေန႔၌ အၿပီးဖယ္ရွားရန္ ဩဝါဒေပးခဲ့ ေၾကာင္း သာသနာေရးႏွင့္ ယဉ္ေက်းမႈဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္၌ ေဖာ္ျပထားသည္။

အဆိုပါ႐ုပ္ပြားေတာ္မ်ားကို အစိုးရအဖြဲ႕အရာရွိေဟာင္းမ်ား၊ တပ္မေတာ္အရာရွိေဟာင္းမ်ားက လွဴဒါန္းခဲ့ျခင္းျဖစ္ သည္။

Photo – credit

#PeopleMedia #ေနျပည္ေတာ္ #႐ုပ္ပြားေတာ္

(unicode)
တပ်မတော်ခေါင်းဆောင်ဟောင်းများနှင့် အစိုးရအရာရှိဟောင်းများ လှူဒါန်းထားသည့် ကြည်ညိုဖွယ်မဆောင် သည့် ရုပ်ပွားဆင်းတုတော် (၆၆) ဆူကို အပြီးတိုင် ရှင်းလင်း ဖယ်ရှားရမည်
………………………………………………………

ရန်ကုန်၊ ဇူလိုင် – ၇

နေပြည်တော်၊ ပျဉ်းမနားမြို့၊ ရွာကောက်ရပ်ကွက်၊ ပန်းခင်း(၃)နယ်မြေ၊ စိန္တာမုနိကျောင်း၊ စိန္တာမုနိမင်းဝံတောင် ဘုရားပရိဝုဏ်အတွင်း၌ တပ်မတော်ခေါင်းဆောင်ဟောင်းများနှင့် အစိုးရအရာရှိဟောင်းများ လှူဒါန်းထားသည့် ကြည်ညိုဖွယ်မဆောင်သော ရုပ်ပွားဆင်းတုတော်(၆၆)အပြီးတိုင် ရှင်းလင်းဖယ်ရှားရမည်။

အဆိုပါကျောင်းတိုက်ရှိ ဘုရားပရိဝုဏ်အတွင်း၌ ကြည်ညိုလျော်ကန်သင့်မြတ်မှုမရှိသည့် ဓါတ်တော်စေတီပတ် လည်တွင် ဥာဏ်တော်လက်မ(၃၀)ရှိ ရုပ်ပွားတော်(၁၂)ဆူ၊ သိဒ္ဓိရှင်မိုးကောင်းစေတီပတ်လည်တွင် (၄) ဆူ၊ (၃၁)ဘုံဘုရားပတ်လည်တွင်(၄)ဆူ၊ စုစုပေါင်းဥာဏ်တော်လက်မ (၃၀)ရှိ ရုပ်ပွားတော်(၅၁)ဆူနှင့် ဘော်ကြို ဘုရားပတ်လည်တွင် ဥာဏ်တော်(၁၂)လက်မရှိ ရုပ်ပွားတော်(၁၅)ဆူ ပြုလုပ်ထားသည်။

အဆိုပါရုပ်ပွားတော်များသည် ရိုးရာအစဉ်အလာအရ ထုဆစ်ပုံဖော်လျက်ရှိကြသော မုဒြာ(၅၅)မျိုးတွင် ပါဝင် ခြင်းမရှိကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဇူလိုင်(ရ)ရက်နေ့၌ ထုတ်ပြန်ထားသည်။

အဆိုပါ ရုပ်ပွားတော်များ ဖယ်ရှားရန် နေပြည်တော်သံဃနာယကအဖွဲ့က ယင်းကျောင်းတိုက်ဆရာတော် ဦး စန္ဒိမာသာရကို ဇူလိုင်(၁)ရက်နေ့၌ ခံဝန်ထိုးစေခဲ့ပြီး ဇူလိုင်လ(၆)ရက်နေ့၌ အပြီးဖယ်ရှားရန် ဩဝါဒပေးခဲ့ ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အဆိုပါရုပ်ပွားတော်များကို အစိုးရအဖွဲ့အရာရှိဟောင်းများ၊ တပ်မတော်အရာရှိဟောင်းများက လှူဒါန်းခဲ့ခြင်းဖြစ် သည်။

Photo – credit

#PeopleMedia #နေပြည်တော် #ရုပ်ပွားတော်


Share this post