• Follow Us on
Latest News

Home တပ်မတော်ထောက်ခံပွဲ မြို့တော်ခန်းမရှေ့၌ ပြုလုပ်ရန် စီစဉ်ထားသော်လည်း ရဲတပ်ဖွဲ့က ဖမ်းဆီးမည် ဆိုသောသတင်းကြောင့် ဆန္ဒထုတ်ဖော်သူများသည် နေရာပြောင်းရွှေ့ဆန္ဒပြမှုပြုလုပ်

တပ်မတော်ထောက်ခံပွဲ မြို့တော်ခန်းမရှေ့၌ ပြုလုပ်ရန် စီစဉ်ထားသော်လည်း ရဲတပ်ဖွဲ့က ဖမ်းဆီးမည် ဆိုသောသတင်းကြောင့် ဆန္ဒထုတ်ဖော်သူများသည် နေရာပြောင်းရွှေ့ဆန္ဒပြမှုပြုလုပ်

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၁၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
တပ်မတော်ထောက်ခံပွဲ မြို့တော်ခန်းမရှေ့၌ ပြုလုပ်ရန်စီစဉ်ထားသော်လည်း ဆန္ဒပြလျင် ရဲတပ်ဖွဲ့က ဖမ်းဆီးမည်ဆိုသောသတင်းကြောင့် ဆန္ဒပြသူများသည် နေရာပြောင်းရွှေ့၍ တပ်မတော်ထောက်ခံဆန္ဒပြပွဲ ပြုလုပ်ခဲ့သည်။
တပ်မတော်ထောက်ခံဆန္ဒပွဲကို မူလက မြို့တော်ခန်းမရှေ့၌ ကျင်းပရန် စီစဉ်ခဲ့ပြီးနောက် မင်းဓမ္မလမ်းနှင့် ပါရမီ လမ်းထောင်၌ ၄ မိနစ်ခန့် ထောက်ခံဆန္ဒပြပွဲပြုလုပ်ခဲ့ကြသည်။
အဆိုပါထောက်ခံဆန္ဒပြပွဲတွင် လူ ၂၀ ခန့်က စာချွန်လွှာလက်ခံမှု အမြန်ဆုံးကြားနာဆုံးဖြတ်ပေးရေး ဒို့အရေး၊ လွတ်လပ်သော စုံစမ်းရေးကော်မရှင် ဖွဲ့စည်းပေးရေး၊ ပြည်ထောင်စုတရားသူကြီးချုပ် နိုင်ငံတော်ကို ကယ်တင် ပေးပါ၊ တရားမမျှတသော ရွေးကောက်ပွဲရလဒ် အလိုမရှိ၊ ပြည်ထောင်စုလွှတ်တော်အတွင်း တရားဥပဒေစိုးမိုး ရေး ဒို့အရေး၊ ပြည်သူ့ဆန္ဒအမှန်မဟုတ်သော ရွေးကောက်ပွဲရလဒ် အလိုမရှိ စသည်တို့ရေးသားထားသည့် စာသားပါ ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
လက်ရှိအချိန်၌ တပ်မတော်ထောက်ခံပွဲများကို တိုင်းဒေသကြီး၊ ပြည်နယ်များ၌ ကျင်းပလျက်ရှိသည်။
ပြီးခဲ့သည့်ရက်ပိုင်းက မိတ္တီလာမြို့၌ တပ်မတော်ထောက်ခံပွဲ ပြုလုပ်ရာ၌ ဦးဆောင်သူများကို သက်ဆိုင်ရာက တရားစွဲဆိုမှု ပြုလုပ်ထားသည်။
(unicode)
………………………………………………………

Share this post