• Follow Us on

Home တပ္မေတာ္(ေရ)၏ (၇၃)ႏွစ္ျပည့္ေန႔တြင္ ပထမဆုံးေရငုပ္သေဘၤာမင္းရဲသိခၤသူကို တပ္ေတာ္ဝင္

တပ္မေတာ္(ေရ)၏ (၇၃)ႏွစ္ျပည့္ေန႔တြင္ ပထမဆုံးေရငုပ္သေဘၤာမင္းရဲသိခၤသူကို တပ္ေတာ္ဝင္

Share this post

ရန္ကုန္၊ ဒီဇင္ဘာ ၂၄ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
တပ္မေတာ္(ေရ)ရဲ႕ ယေန႔က်ေရာက္တဲ့ (၇၃)ႏွစ္ျပည့္ေန႔မွာ ျမန္မာ့တပ္မေတာ္(ေရ)၏ ပထမဆုံးေရငုပ္သေဘၤာ မင္းရဲသိခၤသူကို တပ္ေတာ္ဝင္ခဲ့ပါတယ္။
အဆိုပါအခမ္းအနားကိုေတာ့ ယေန႔ ရန္ကုန္တိုင္းေဒသႀကီး၊ သန္လ်င္ၿမိဳ႕နယ္ရွိ တပ္မေတာ္ေရ၏ ဌာနခ်ဳပ္ ဆိပ္ကမ္းမွာ က်င္းပခဲ့ၿပီးေတာ့ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္လည္း တက္ေရာက္ခဲ့ပါတယ္။
တပ္မေတာ္(ေရ)ရဲ႕ (၇၃) ႏွစ္ျပည့္အခမ္းအနားမွာ ေရငုပ္သေဘၤာ မင္းရဲသိခၤသူ အပါအဝင္ ေရယာဥ္ (၇) စီးကို တပ္ေတာ္ဝင္သတ္မွတ္ခဲ့တာျဖစ္ၿပီး၊ အဆိုပါ ေရယာဥ္မ်ားထဲမွာ မင္းရဲသိခၤသူနဲ႔အတူ ေရငုပ္သေဘၤာတိုက္ဖ်က္ ေရးေရယာဥ္ ၂ စီး၊ အျမန္သြား တိုက္ခိုက္ေရးေရယာဥ္(ဒုံးပ်ံ)တစ္စီး၊ တင့္ကားတင္ကမ္းထိုးေရယာဥ္တစ္စီး၊ ပင္လယ္သြားတြဲဆြဲေရယာဥ္ ၂ စီးတို႔ကို တပ္ေတာ္ဝင္ခဲ့တာ ျဖစ္ပါတယ္။
တပ္ေတာ္ဝင္ခဲ့တဲ့ စစ္ေရယာဥ္ေတြကိုလည္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ ကိုယ္တိုင္ စစ္ေဆးခဲ့ပါတယ္။
အဆိုပါ အခမ္းအနားကို တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္အျပင္ တပ္မ ေတာ္အရာရွိႀကီးမ်ား၊ အိႏၵိယနိုင္ငံက ေရတပ္သံမွဴးမ်ားနဲ႔ ႐ုရွားသံအမတ္ႀကီးလည္း တက္ေရာက္ခဲ့ၾကပါတယ္။
ပထမဆုံးေရငုပ္သေဘၤာ မင္းရဲသိခၤသူကို အိႏၵိယနိုင္ငံကေန ျမန္မာတပ္မေတာ္က ဝယ္ယူခဲ့တာျဖစ္ပါတယ္။
Photo – ေဒါက္တာႏိုင္ေဆြဦး
(unicode)
တပ်မတော်(ရေ)၏ (၇၃)နှစ်ပြည့်နေ့တွင် ပထမဆုံးရေငုပ်သင်္ဘောမင်းရဲသိင်္ခသူကို တပ်တော်ဝင်
…………………………………………………………..
ရန်ကုန်၊ ဒီဇင်ဘာ ၂၄ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
တပ်မတော်(ရေ)ရဲ့ ယနေ့ကျရောက်တဲ့ (၇၃)နှစ်ပြည့်နေ့မှာ မြန်မာ့တပ်မတော်(ရေ)၏ ပထမဆုံးရေငုပ်သင်္ဘော မင်းရဲသိင်္ခသူကို တပ်တော်ဝင်ခဲ့ပါတယ်။
အဆိုပါအခမ်းအနားကိုတော့ ယနေ့ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်ရှိ တပ်မတော်ရေ၏ ဌာနချုပ် ဆိပ်ကမ်းမှာ ကျင်းပခဲ့ပြီးတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း တက်ရောက်ခဲ့ပါတယ်။
တပ်မတော်(ရေ)ရဲ့ (၇၃) နှစ်ပြည့်အခမ်းအနားမှာ ရေငုပ်သင်္ဘော မင်းရဲသိင်္ခသူ အပါအဝင် ရေယာဉ် (၇) စီးကို တပ်တော်ဝင်သတ်မှတ်ခဲ့တာဖြစ်ပြီး၊ အဆိုပါ ရေယာဉ်များထဲမှာ မင်းရဲသိင်္ခသူနဲ့အတူ ရေငုပ်သင်္ဘောတိုက်ဖျက် ရေးရေယာဉ် ၂ စီး၊ အမြန်သွား တိုက်ခိုက်ရေးရေယာဉ်(ဒုံးပျံ)တစ်စီး၊ တင့်ကားတင်ကမ်းထိုးရေယာဉ်တစ်စီး၊ ပင်လယ်သွားတွဲဆွဲရေယာဉ် ၂ စီးတို့ကို တပ်တော်ဝင်ခဲ့တာ ဖြစ်ပါတယ်။
တပ်တော်ဝင်ခဲ့တဲ့ စစ်ရေယာဉ်တွေကိုလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် စစ်ဆေးခဲ့ပါတယ်။
အဆိုပါ အခမ်းအနားကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပြင် တပ်မ တော်အရာရှိကြီးများ၊ အိန္ဒိယနိုင်ငံက ရေတပ်သံမှူးများနဲ့ ရုရှားသံအမတ်ကြီးလည်း တက်ရောက်ခဲ့ကြပါတယ်။
ပထမဆုံးရေငုပ်သင်္ဘော မင်းရဲသိင်္ခသူကို အိန္ဒိယနိုင်ငံကနေ မြန်မာတပ်မတော်က ဝယ်ယူခဲ့တာဖြစ်ပါတယ်။
Photo – ဒေါက်တာနိုင်ဆွေဦး

Share this post