• Follow Us on

Home တပ်မတော်(လေ)မှ သုတေသနပြု ထုတ်လုပ်ထားသော အမောင်းသင်လေယာဉ်တစ်စင်းနှင့် အပေါ့စား ရဟတ် ယာဉ်နှစ်စင်းကို တပ်မတော်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄) နှစ်မြောက် နှစ်ပတ်လည်နေ့၌ ပျံသန်းမှု ပြု လုပ်ခဲ့

တပ်မတော်(လေ)မှ သုတေသနပြု ထုတ်လုပ်ထားသော အမောင်းသင်လေယာဉ်တစ်စင်းနှင့် အပေါ့စား ရဟတ် ယာဉ်နှစ်စင်းကို တပ်မတော်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄) နှစ်မြောက် နှစ်ပတ်လည်နေ့၌ ပျံသန်းမှု ပြု လုပ်ခဲ့

Share this post

မန္တလေး၊ ဒီဇင်ဘာ ၁၆ (People Media)

 

ဒီဇင်ဘာ ၁၅ ရက်နေ့က တပ်မတော်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄) နှစ်မြောက် နှစ်ပတ်လည်နေ့၌ တပ်မတော်(လေ)မှ သုတေသနပြု ထုတ်လုပ်ထားသော အမောင်းသင်လေယာဉ်တစ်စင်းနှင့် အပေါ့စား ရဟတ်ယာဉ်နှစ်စင်းကို ပျံသန်းမှု ပြုလုပ်ခဲ့သည်။

 

တပ်မတော်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄) နှစ်မြောက် နှစ်ပတ်လည်နေ့၌ လေယာဉ်၊ ရဟတ်ယာဉ် တပ်တော်ဝင်ခြင်း အခမ်းအနား၌ Yak_130 လေယာဉ် K-8 အမောင်းသင် ဂျက်တိုက်လေယာဉ်၊ ATR-72600 အလက်စားသယ်ယူပို့ဆောင်ရေးလေယာဉ်၊ Y-12 လူနှင့် ကုန်ပစ္စည်းများသယ်ခြင်း ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်နိုင်သည့် လေယာဉ်၊ Eurocopter ရဟတ်ယာဉ် စသည်ဖြင့် တပ်တော်ဝင်ခဲ့ကြသည်။

 

ထို့အတူ တပ်တော်ဝင်ခြင်းအခမ်းအနား၌ တပ်မတော်(လေ)မှ သုတေသနပြု ထုတ်လုပ်ထားသော အမောင်း သင်လေယာဉ် MTX-1A တစ်စင်းနှင့် အပေါ့စားရဟတ်ယာဉ်နှစ်စင်းတို့က မြားဦးသဏ္ဍန်အုပ်စုဖွဲ့ ပျံသန်းမှု ပြုခဲ့သည်။

 

လက်ရှိအချိန်၌ မြန်မာ့တပ်မတော်(လေ)၌ ရုရှားထုတ် အဆင့်မြင့် တိုက်ခိုက်ရေးဂျက်တိုက်လေယာဉ်များ ပိုင်ဆိုင်ထားသည်။

 

#PeopleMedia #တပ်မတော်လေ

 

(unicode)


………………………………………………………

 

မန်တလေး၊ ဒီဇငျဘာ ၁၆ (People Media)

 


 


 


 


 



Share this post