• Follow Us on

Home တပ္မေတာ္ၿပိဳကြဲလွ်င္ ႏိုင္ငံေတာ္ၿပိဳကြဲမည္ျဖစ္ေၾကာင္း တပ္ခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ေျပာဆုိ

တပ္မေတာ္ၿပိဳကြဲလွ်င္ ႏိုင္ငံေတာ္ၿပိဳကြဲမည္ျဖစ္ေၾကာင္း တပ္ခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ေျပာဆုိ

Share this post

ရန္ကုန္၊ ဒီဇင္ဘာ ၅ (PeopleMedia)
တပ္မေတာ္ၿပိဳကြဲလွ်င္ ႏိုင္ငံေတာ္ၿပိဳကြဲမည္ျဖစ္ေၾကာင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ေျပာဆုိလုိက္သည္။
ဒီဇင္ဘာ(၄)ရက္ေန႔၌ ျပဳလုပ္ခဲ့သည့္ ျပင္ဦးလြင္ၿမိဳ႕၊ စစ္တကၠသိုလ္ စစ္ေရးျပကြင္း၌ က်င္းပခဲ့ေသာ စစ္တကၠသိုလ္ ဗိုလ္ေလာင္းသင္တန္း အမွတ္စဥ္ (၆၂) သင္တန္းဆင္းဂုဏ္ျပဳစစ္ေရးျပ အခမ္းအနားတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္မွ မိန္႔ခြန္းေျပာၾကားစဥ္ ထည့္သြင္း ေျပာၾကားခဲ့ျခင္းျဖစ္သည္။
ျမန္မာႏိုင္ငံ၏ သမိုင္းေၾကာင္းတြင္ နယ္ခ်ဲ႕မ်ားကို တြန္းလွန္ေခ်မႈန္းရန္ ေခတ္အခါႏွင့္အညီ ရင္ေဘာင္တန္း ႏိုင္သည့္ စြမ္းရည္ရွိသည့္ တပ္မေတာ္တစ္ရပ္မရွိခဲ့၍ လြတ္လပ္ေရးဆုံးရႈံးခဲ့ရဖူးေၾကာင္း၊ တပ္မေတာ္ၿပိဳကြဲလွ်င္ ႏိုင္ငံေတာ္ၿပိဳကြဲမည္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ ႏိုင္ငံ၏လြတ္လပ္ေရးႏွင့္ အခ်ဳပ္အျခာအာဏာကို ေကာင္းစြာ ကာကြယ္ႏိုင္ရန္ တပ္မေတာ္သည္ အင္အားေတာင့္တင္းၿပီး စြမ္းရည္ထက္ျမက္သည့္ ေခတ္မီမ်ိဳးခ်စ္ တပ္မေတာ္ျဖစ္ရန္ လိုအပ္ေၾကာင္းမ်ားကို ေျပာၾကားခဲ့သည္။
ဆက္လက္ၿပီး ၄င္းမွ တပ္မေတာ္၏ ရည္မွန္းခ်က္ျဖစ္သည့္ ႏိုင္ငံတကာတပ္မေတာ္မ်ားႏွင့္ ရင္ေဘာင္တန္း ႏိုင္သည့္ ေခတ္မီတပ္မေတာ္ (Standard Army)အျဖစ္ ေမွ်ာ္မွန္းေဆာင္႐ြက္ခ်ိန္တြင္ တပ္မေတာ္၏ တိုး တက္ေျပာင္းလဲေဆာင္႐ြက္ေနမႈမ်ားႏွင့္အညီ အံဝင္ခြင္က်ျဖစ္ရန္ ႀကိဳးစားေဆာင္႐ြက္သြားၾကရန္ႏွင့္ တပ္မ ေတာ္၏ အဓိကတာဝန္သည္ ႏိုင္ငံေတာ္ကာကြယ္ေရးျဖစ္ၿပီး ယင္းတာဝန္ကို ျပည္သူလူထုတစ္ရပ္လုံးႏွင့္ လက္တြဲ ေဆာင္႐ြက္သြားရမည္ဟုလည္း ဆိုသည္။
ထို႔အျပင္ ႏိုင္ငံသားမ်ား၏ သေဘာဆႏၵႏွင့္အညီ မိမိတို႔ကိုယ္စား ႏိုင္ငံ့အက်ိဳးေဆာင္႐ြက္ေပးမည့္ ကိုယ္စား လွယ္မ်ားကို ေ႐ြးေကာက္ တင္ေျမႇာက္ေပးျခင္းသည္ ႏိုင္ငံသားမ်ား၏ ဒီမိုကေရစီအခြင့္အေရးပင္ျဖစ္ၿပီး မိမိ ကိုယ္တိုင္ေ႐ြးခ်ယ္လိုက္သည့္သူသည္ မိမိေဒသႏွင့္ ႏိုင္ငံကို ေကာင္းမြန္စြာ အက်ိဳးျပဳႏိုင္ရန္လိုေၾကာင္းႏွင့္ လူေ႐ြးမွားပါက အခက္အခဲမ်ားစြာႀကဳံလာမည္ျဖစ္သည္။
ေ႐ြးခ်ယ္တင္ေျမႇာက္ရာတြင္လည္း ဒီမိုကေရစီနည္းလမ္းတက်ေဆာင္႐ြက္ရမည္၊ သမာသမတ္ရွိရမည္ျဖစ္ ေၾကာင္း၊ မည္သို႔ေသာ နည္းလမ္းမက်ေဆာင္႐ြက္မႈမ်ိဳးမဆို ယုံၾကည္မႈကင္းမဲ့ ေစသည္ဆိုသည္ကို သတိျပဳရမည္ျဖစ္ေၾကာင္းမ်ားကိုလည္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္မွ မိန္႔ခြန္းေျပာၾကားခဲ့သည္။
အဆိုပါအခမ္းအနားသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး ေဇယ်ေက်ာ္ထင္ တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)ဗိုလ္ခ်ဳပ္ႀကီး ေဇယ်ေက်ာ္ထင္ ေမာင္ေမာင္ ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွတပ္မေတာ္အရာရွိႀကီးမ်ား၊ စစ္တကၠသိုလ္ေက်ာင္းအုပ္ႀကီးႏွင့္ ျပင္ဦးလြင္တပ္နယ္မွ အရာရွိႀကီးမ်ားတက္ေရာက္ခဲ့ၾကသည္။
#PeopleMedia #တပ္ခ်ဳပ္ #အပတ္စဥ္၆၂ #တပ္မေတာ္
(unicode)
တပ်မတော်ပြိုကွဲလျှင် နိုင်ငံတော်ပြိုကွဲမည်ဖြစ်ကြောင်း တပ်ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြောဆို
……………………………………………………
ရန်ကုန်၊ ဒီဇင်ဘာ ၅ (PeopleMedia)
တပ်မတော်ပြိုကွဲလျှင် နိုင်ငံတော်ပြိုကွဲမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောဆိုလိုက်သည်။
ဒီဇင်ဘာ(၄)ရက်နေ့၌ ပြုလုပ်ခဲ့သည့် ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပခဲ့သော စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၆၂) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြ အခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ မိန့်ခွန်းပြောကြားစဉ် ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏ သမိုင်းကြောင်းတွင် နယ်ချဲ့များကို တွန်းလှန်ချေမှုန်းရန် ခေတ်အခါနှင့်အညီ ရင်ဘောင်တန်း နိုင်သည့် စွမ်းရည်ရှိသည့် တပ်မတော်တစ်ရပ်မရှိခဲ့၍ လွတ်လပ်ရေးဆုံးရှုံးခဲ့ရဖူးကြောင်း၊ တပ်မတော်ပြိုကွဲလျှင် နိုင်ငံတော်ပြိုကွဲမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံ၏လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ကောင်းစွာ ကာကွယ်နိုင်ရန် တပ်မတော်သည် အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သည့် ခေတ်မီမျိုးချစ် တပ်မတော်ဖြစ်ရန် လိုအပ်ကြောင်းများကို ပြောကြားခဲ့သည်။
ဆက်လက်ပြီး ၄င်းမှ တပ်မတော်၏ ရည်မှန်းချက်ဖြစ်သည့် နိုင်ငံတကာတပ်မတော်များနှင့် ရင်ဘောင်တန်း နိုင်သည့် ခေတ်မီတပ်မတော် (Standard Army)အဖြစ် မျှော်မှန်းဆောင်ရွက်ချိန်တွင် တပ်မတော်၏ တိုး တက်ပြောင်းလဲဆောင်ရွက်နေမှုများနှင့်အညီ အံဝင်ခွင်ကျဖြစ်ရန် ကြိုးစားဆောင်ရွက်သွားကြရန်နှင့် တပ်မ တော်၏ အဓိကတာဝန်သည် နိုင်ငံတော်ကာကွယ်ရေးဖြစ်ပြီး ယင်းတာဝန်ကို ပြည်သူလူထုတစ်ရပ်လုံးနှင့် လက်တွဲ ဆောင်ရွက်သွားရမည်ဟုလည်း ဆိုသည်။
ထို့အပြင် နိုင်ငံသားများ၏ သဘောဆန္ဒနှင့်အညီ မိမိတို့ကိုယ်စား နိုင်ငံ့အကျိုးဆောင်ရွက်ပေးမည့် ကိုယ်စား လှယ်များကို ရွေးကောက် တင်မြှောက်ပေးခြင်းသည် နိုင်ငံသားများ၏ ဒီမိုကရေစီအခွင့်အရေးပင်ဖြစ်ပြီး မိမိ ကိုယ်တိုင်ရွေးချယ်လိုက်သည့်သူသည် မိမိဒေသနှင့် နိုင်ငံကို ကောင်းမွန်စွာ အကျိုးပြုနိုင်ရန်လိုကြောင်းနှင့် လူရွေးမှားပါက အခက်အခဲများစွာကြုံလာမည်ဖြစ်သည်။
ရွေးချယ်တင်မြှောက်ရာတွင်လည်း ဒီမိုကရေစီနည်းလမ်းတကျဆောင်ရွက်ရမည်၊ သမာသမတ်ရှိရမည်ဖြစ် ကြောင်း၊ မည်သို့သော နည်းလမ်းမကျဆောင်ရွက်မှုမျိုးမဆို ယုံကြည်မှုကင်းမဲ့ စေသည်ဆိုသည်ကို သတိပြုရမည်ဖြစ်ကြောင်းများကိုလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ မိန့်ခွန်းပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် မောင်မောင် ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှတပ်မတော်အရာရှိကြီးများ၊ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီးနှင့် ပြင်ဦးလွင်တပ်နယ်မှ အရာရှိကြီးများတက်ရောက်ခဲ့ကြသည်။
#PeopleMedia #တပ်ချုပ် #အပတ်စဉ်၆၂ #တပ်မတော်


Share this post