• Follow Us on

Home တပ်မတော်နှင့် ပြည်သူကို သွေးကွဲအောင်လုပ်ဆောင်လျက်ရှိကြောင်း၊ တပ်မတော်သည်စတင်ဖွဲ့စည်းချိန်မှစ၍ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ခဲ့သည့်၊ ဂုဏ်သိက္ခာရှိသည့် တပ်မတော်ဖြစ်၍ ထိုကဲ့သို့ပြောဆိုနေမှုများကို လက်ခံ၍ရနိုင်မည်မဟုတ်ကြောင်း န.စ.ကဥက္ကဋ္ဌ ပြောဆို

တပ်မတော်နှင့် ပြည်သူကို သွေးကွဲအောင်လုပ်ဆောင်လျက်ရှိကြောင်း၊ တပ်မတော်သည်စတင်ဖွဲ့စည်းချိန်မှစ၍ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ခဲ့သည့်၊ ဂုဏ်သိက္ခာရှိသည့် တပ်မတော်ဖြစ်၍ ထိုကဲ့သို့ပြောဆိုနေမှုများကို လက်ခံ၍ရနိုင်မည်မဟုတ်ကြောင်း န.စ.ကဥက္ကဋ္ဌ ပြောဆို

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၈ (People Media)

တပ်မတော်နှင့် ပြည်သူကို သွေးကွဲအောင်လုပ်ဆောင်လျက်ရှိကြောင်း၊ တပ်မတော်သည် စတင်ဖွဲ့စည်းချိန်မှစ၍ ယခုအချိန်အထိ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ခဲ့သည့်၊ အစဉ်အလာရှိသည့်၊ ဂုဏ်သိက္ခာရှိသည့် တပ်မ တော်ဖြစ်ကြောင်း၊ ထို့ကြောင့် ထိုကဲ့သို့ ပြောဆိုနေမှုများကို လက်ခံ၍ ရနိုင်မည်မဟုတ်ကြောင်း နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆို လိုက်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ယမန်နေ့တွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ မိုင်းပျဉ်းတပ်နယ်နှင့် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ခိုလမ်တပ်နယ်တို့မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား တွေ့ဆုံ အမှာ စကားပြောကြားစဉ် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

“လက်ရှိအချိန်မှာ ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေတွေအရ တပ်မတော်အနေနဲ့ နိုင်ငံတော်ရဲ့ တာဝန်တွေကို တာဝန်ယူ ထမ်းဆောင်လျက်ရှိတယ်။ တပ်မတော်ရဲ့ ခေတ်အဆက်ဆက် အမျိးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် ပါဝင်ခဲ့တဲ့ အခြေအနေတွေကို နားလည်မှု လွဲမှားမှု၊ စိတ်သဘောထား မတိုက်ဆိုင်မှု၊ ၂၀၂၀ ပြည့်နှစ်ရွေး ကောက်ပွဲမှာ မလွှဲသာ၊ မရှောင်သာတဲ့အခြေအနေတွေအရ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နဲ့အညီ အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ရတာတွေကို လက်ခံနိုင်ခြင်းမရှိသူတွေအနေနဲ့ သွေးထိုးလှုံ့ဆော်နေမှု တွေ ရှိနေပြီး တပ်မတော်နဲ့ ပြည်သူကို သွေးကွဲအောင် လုပ်ဆောင်လျက်ရှိတယ်။ တပ်မတော်ဟာ စတင်ဖွဲ့ စည်းချိန်မှစပြီး အခုအချိန်အထိ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ခဲ့တဲ့ အစဉ်အလာရှိတဲ့ ဂုဏ်သိက္ခာရှိတဲ့ တပ်မတော်ဖြစ်တယ်။ ဒါကြောင့် ဒီလို ပြောဆိုနေမှုတွေကို လက်ခံလို့ရနိုင်မှာ မဟုတ်ဘူး” ဟု နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

ပြည်သူများ၏ အကျိးကိုဆောင်ရွက်သူများကိုသာ ပြည်သူများအနေဖြင့် လိုလားကြမည်ဖြစ်ကြောင်း၊ လက် တွေ့ပါသည့်စည်းရုံရေးနှင့် လက်တွေ့မပါသည့် စည်းရုံးရေးနှစ်မျိးရှိကြောင်း၊ လက်တွေ့ပါသည့် စည်းရုံးရေး သည် ပြည်သူများ၏ အကျိးဖြစ်သည့် လူမှုဘဝစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေးနှင့် ကျန်းမာရေး အကျိး များကို ဆောင်ရွက်ကြခြင်းပင်ဖြစ်ကြောင်း၊ ယခုအချိန်တွင်လည်း မိမိအနေဖြင့် လက်တွေ့ပါသည့် ဆောင်ရွက် မှုများဖြင့် ပြည်သူများ၏ အကျိးကို ဖော်ဆောင်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ က ပြောသည်။

တပ်မတော်သည် လွတ်လပ်ရေးရရှိပြီး အချိန်မှစ၍ နိုင်ငံ၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် နိုင်ငံ၏သမိုင်းနှင့်အတူ အမျိးသားနိုင်ငံရေးကို ဒွန်တွဲဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော် အား နိုင်ငံရေးအရ အသုံးချခြင်း မခံရရန်လိုကြောင်း၊ မိမိတို့နိုင်ငံသည် လူဦးရေများပြားသည့် နိုင်ငံကြီးများ အကြားတွင် နေထိုင်ကြရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်၏ ကာကွယ်ရေး စွမ်းပကားများကောင်း မွန်ရန်လိုကြောင်း၊ တပ်မတော်သည် နိုင်ငံလွတ်လပ်ရေး ရရှိရန်ဆောင်ရွက်ခဲ့သကဲ့သို့နှင့် နိုင်ငံ တည်ငြိမ်အေး ချမ်းရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် ခေတ်အဆက်ဆက်တွင် နိုင်ငံတော်၏တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် ခိုင်မာသောအဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် သမိုင်းအစဉ်အလာ ကောင်းမွန်သည့်အဖွဲ့အစည်းဖြစ်သော တပ်မတော်တွင် တာဝန်ထမ်းဆောင်ရာ၌ ဂုဏ်ယူစွာဖြင့် စွဲစွဲမြဲမြဲတာဝန် ထမ်းဆောင်လိုသည့်စိတ်ဓာတ်များ မွေးမြူဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

#PeopleMedia

(unicode)
…………………………………………………………………….



People Media, [2/18/2022 10:48 AM]




#PeopleMedia


Share this post