• Follow Us on

Home တပ်မတော်နှင့် AA တိုက်ပွဲဖြစ်ပွားသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့၌ ဖုန်းလိုင်းများ ဖြတ်တောက်ခံရ


Share this post

စစ်တွေ၊ မတ် – ၁၆






#PeopleMedia #ပလက်ဝ

(Unicode)
တပ်မတော်နှင့် AA တိုက်ပွဲဖြစ်ပွားသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့၌ ဖုန်းလိုင်းများ ဖြတ်တောက်ခံရ
……………………………………………………

စစ်တွေ၊ မတ် – ၁၆

တပ်မတော်နှင့် AA တိုက်ပွဲများဖြစ်ပွားသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၌ ဖုန်းလိုင်းများ ယနေ့နံနက်၌ ဖြတ် တောက်ခံထားရကြောင်း ဒေသခံအုပ်ချုပ်ရေးအဖွဲ့များက ဆိုပါတယ်။

လက်ရှိအချိန်၌ တပ်မတော်နှင့် AA တိုက်ပွဲများကြောင့် ပလက်ဝမြို့နယ်၊ မိတ်စာဝရွာ၌ တိုက်ပွဲများ ပြင်းထန် လျှက်ရှိပြီး ဒေသခံများ ထိခိုက်သေဆုံးမှုများလည်း ရှိလာပါတယ်။ ပလက်မြို့နယ်သည် AA အဖွဲ့မှ ခြေကုတ်ယူ နိုင်ရန် ကြိုးစားလျှက်ရှိပြီး စစ်ရေးအရ စိုးမိုးနိုင်သည့် နေရာများရရှိရန် ထိုးစစ်ဆင်နေတာလည်း ဖြစ်ပါတယ်။

ပလက်ဝမြို့နယ်၌ ဖြစ်ပေါ်နေသော တိုက်ပွဲအခြေအနေများကို ခူမီးမီဒီယာ၏ ဖော်ပြချက်၌ မတ်(၁၆)ရက်တွင် ဝက်မ၊ ပြိုင်တိန်၊ မိတ်ဇာကျေးရွာနေ ပြည်သူများသည် ဆမီးမြို့သို့ စစ်ရှောင်ရန် ထွက်ခွာလာကြောင်း ဖော်ပြ ထားပါတယ်။

အလားတူ ရခိုင်ပြည်နယ်၌ စစ်ရေးများကြောင့် အမ်းမြို့နယ်ရှိ ချင်းတိုင်းရင်းရင်းသား(၃၇)ဦးသည် မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ သဖန်းရောင်ကျေးရွာသို့ ပြောင်းရွေ့နေထိုင်မှုများ ပြုလုပ်လာကြပါတယ်။

Photo – Credit (တိုက်ပွဲများကြောင့် ဆမီးမြို့သို့ ပြောင်းရွေ့လာသည့် ဒေသခံများ)

#PeopleMedia #ပလက်ဝ


Share this post