• Follow Us on

Home တပ္မေတာ္ ယာဥ္တန္းအား KNU အဖြဲ႕က ေဒသႏၲရကားမိုင္း ၁ လုံးျဖင့္ မိုင္းေထာင္ ေဖာက္ခြဲ

တပ္မေတာ္ ယာဥ္တန္းအား KNU အဖြဲ႕က ေဒသႏၲရကားမိုင္း ၁ လုံးျဖင့္ မိုင္းေထာင္ ေဖာက္ခြဲ

Share this post

ေနျပည္ေတာ္ ၊ ဇန္နဝါရီ – ၂၉

ပဲခူးတိုင္းေဒသႀကီး၊ ေက်ာက္ႀကီးၿမိဳ႕နယ္အတြင္းႏွင့္ ကရင္ျပည္နယ္၊ ဖာပြန္ခရိုင္ အတြင္း ေဒသဖြံ႕ၿဖိဳးေရးကို အေထာက္အကူျပဳနိုင္ေသာ လမ္းမ်ားေပၚေပါက္လာေစေရးအတြက္ တပ္မေတာ္အင္ဂ်င္နီယာ တပ္ဖြဲ႕၀င္မ်ား ျဖင့္ လမ္းေဖာက္လုပ္ျပဳျပင္ျခင္းမ်ား ေဆာင္႐ြက္ေပးလ်က္ရွိၿပီး တပ္မေတာ္စစ္ေၾကာင္းမ်ားကလည္း လိုအပ္သည့္လုံၿခဳံေရး လုပ္ငန္းမ်ား ေဆာင္႐ြက္လ်က္ရွိသည္။

ထိုသို႔ အင္ဂ်င္နီယာတပ္ဖြဲ႕ ၀င္မ်ားႏွင့္ လုံၿခဳံေရး တပ္ဖြဲ႕၀င္မ်ားအတြက္ လိုအပ္ေသာစားနပ္ရိကၡာမ်ား သြားေရာက္ပို႔ေဆာင္သည့္ တပ္မေတာ္ယာဥ္တန္းကို ဇန္နဝါရီလ ၂၈ ရက္ နံနက္ပိုင္းတြင္ ပဲခူးတိုင္းေဒသႀကီး၊ ေက်ာက္ႀကီးၿမိဳ႕နယ္၊ မူသဲေက်း႐ြာ၏ အေရွ႕ဘက္ မီတာ ၈၀၀၀ ခန့္အကြာ၌ KNU အဖြဲ႕က ေဒသႏၲရကားမိုင္း ၁ လုံးျဖင့္ မိုင္းေထာင္ေဖာက္ခြဲခဲ့သည္။

ထိုသို႔ မိုင္း ေထာင္ေဖာက္ခြဲ ျခင္းေၾကာင့္ ေမာ္ေတာ္ယာဥ္ ၁ စီးႏွင့္ ဆန္အိတ္မ်ား ပ်က္စီးဆုံးရႈံးခဲ့ရသည္။

တပ္မေတာ္အေနျဖင့္ ထာ၀ရၿငိမ္းခ်မ္းေရးရရွိေအာင္ ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိၿပီး တစ္နိုင္ငံလုံးပစ္ခတ္ တိုက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္ (NCA) ေရးထိုးထားသည့္ နယ္ေျမမ်ားအတြင္း ေဒသဖြံ႕ၿဖိဳးတိုးတက္မႈ ပိုမိုျမန္ဆန္နိုင္ေရး ဝိုင္း၀န္းႀကိဳးပမ္းေဆာင္႐ြက္ ေပးလ်က္ရွိသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္ႏွင့္ KNU ကရင္အမ်ိဳးသားအစည္းအ႐ုံးဥကၠ႒ ေစာမူတူးေစးဖိုး တို႔သည္ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ ၂၉ ရက္တြင္ ေတြ႕ဆုံေဆြးေႏြးမႈမ်ားျပဳလုပ္ခဲ့ၿပီး မည္သို႔ပင္အျမင္ကြာဟ မႈမ်ား၊ အေျခအေနကြာဟမႈမ်ားရွိေနသည္ျဖစ္ေစ မိမိတို႔လုပ္ေဖာ္ကိုင္ဖက္မ်ားအျဖစ္သေဘာ ထားၿပီး တိုင္းျပည္ၿငိမ္း ခ်မ္းေရးအတြက္ ဝိုင္း၀န္းေဆာင္႐ြက္ရမည့္အေျခအေနမ်ား၊ ၿငိမ္းခ်မ္းေရးျမန္ျမန္ဆန္ဆန္ရရွိပါက တိုင္းျပည္ အတြက္အက်ိဳးရွိမည္ျဖစ္ၿပီး ဖြံ႕ၿဖိဳးတိုးတက္မႈ ပိုမိုျမန္ဆန္နိုင္မည့္အေျခအေနမ်ား၊ ကရင္ျပည္နယ္အတြင္း ေဒသဖြံ႕ၿဖိဳးတိုးတက္ေရး၊ လမ္းပမ္းဆက္သြယ္မႈေကာင္းမြန္ေစေရးတို႔အတြက္ တပ္မေတာ္က စစ္ေရး ရည္မွန္းခ်က္မပါဘဲ လမ္းေၾကာင္းျပဳျပင္ထိန္းသိမ္းေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္လ်က္ရွိသည့္ အေျခ အေနမ်ားစသည့္ကိစၥရပ္မ်ားအပါအ၀င္ ထာ၀ရၿငိမ္းခ်မ္းေရးရရွိေအာင္ ေဆာင္႐ြက္မည့္ ကိစၥရပ္မ်ားကိုလည္း ေဆြးေႏြးခဲ့ၾကသည္။

၎အျပင္ ေက်ာက္ႀကီးၿမိဳ႕၌ ေအာက္ေျခအဆင့္ ေဆြးေႏြးညွိႏွိုင္းမႈမ်ား စုစုေပါင္း ၂ ႀကိမ္ျပဳလုပ္ခဲ့ၿပီး တစ္ဖက္ ႏွင့္တစ္ဖက္ အျပန္အလွန္သတင္းဖလွယ္ေရးကိစၥရပ္မ်ားကိုလည္း ေဆြးေႏြးခဲ့ၾကသည္။ေဆြးေႏြးပြဲသို႔ တပ္မေတာ္မွ နယ္ေျမခံတပ္နယ္မ်ားမွတာ၀န္ရွိ သူမ်ား KNU အဖြဲ႕ တပ္မဟာ(၂)၊တပ္မဟာ(၃)၊ တပ္မဟာ(၅) တို႔မွတာ၀န္ရွိသူမ်ား တက္ေရာက္ခဲ့ၾကသည္။ ယင္းသို႔ေဆြးေႏြးမႈမ်ားေဆာင္႐ြက္ၿပီးစီးထားေသာ္လည္း ၂၀၁၉-၂၀၂၀ ခုႏွစ္အတြင္းလမ္းျပင္ဆင္/ထိန္းသိမ္းျခင္းမ်ားစတင္ေဆာင္႐ြက္ခဲ့သည့္ ၂၀၁၉ခုႏွစ္ နို၀င္ဘာလ ၁၁ ရက္ေန႕မွ ယေန႕အထိ ေက်ာက္ႀကီးၿမိဳ႕နယ္ ႏွင့္ ဖာပြန္ၿမိဳ႕နယ္အတြင္း လုံၿခဳံေရးတပ္ဖြဲ႕၀င္မ်ားအတြက္ အုပ္ခ်ဳပ္မႈလုပ္ငန္းမ်ားႏွင့္ စားနပ္ရိကၡာပို႔ေဆာင္သည့္ ယာဥ္တန္းမ်ားအား KNU အဖြဲ႕မွ မိုင္းေထာင္ ေဖာက္ခြဲ တိုက္ခိုက္မႈ ၃ ႀကိမ္၊ ထိေတြ႕တိုက္ခိုက္မႈ ၆ ႀကိမ္၊ မိုင္းနင္း/မိုင္းကြဲမႈ ၆ ႀကိမ္ရွိသည့္အျပင္ လုံၿခဳံေရး တပ္ဖြဲ႕ ၀င္မ်ားက ေဒသႏၲရ မိုင္းမ်ား ေဖာ္ထုတ္သိမ္းဆည္းနိုင္မႈ ၈ ႀကိမ္ ရွိခဲ့ေၾကာင္းသိရွိရသည္။

ထိုသို႔ KNU အဖြဲ႕၏ မိုင္းေထာင္ေဖာက္ခြဲမႈမ်ားကိုသက္ဆိုင္ရာ ပစ္ခတ္ တိုက္ခိုက္ မႈရပ္စဲေရးဆိုင္ရာပူးတြဲ ေစာင့္ၾကည္ေရးေကာ္မတီ (JMC) ႏွင့္ ပဲခူးတိုင္းေဒသ ႀကီးအစိုးရ အဖြဲ႕ လုံၿခဳံေရးႏွင့္နယ္စပ္ေရးရာ ၀န္ႀကီးဌာနမွတစ္ဆင့္ KNU ဗဟိုသို႔ သတိေပးကန့္ကြက္စာမ်ားေပးပို႔ထားၿပီးျဖစ္သည္။တပ္မေတာ္အေနျဖင့္ ေဒသဖြံ႕ၿဖိဳးတိုးတက္ေရး၊ လိုအပ္သည့္လုံၿခဳံေရးလုပ္ငန္းမ်ား ႏွင့္နယ္ေျမစိုးမိုးေရးလုပ္ငန္းမ်ားကို ဆက္လက္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းသတင္းရရွိသည္။

[Unicode]
တပ်မတော် ယာဉ်တန်းအား KNU အဖွဲ့က ဒေသန္တရကားမိုင်း ၁ လုံးဖြင့် မိုင်းထောင် ဖောက်ခွဲ
…………………………………………………………………………………….
နေပြည်တော် ၊ ဇန်နဝါရီ – ၂၉

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်အတွင်းနှင့် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် အတွင်း ဒေသဖွံ့ဖြိုးရေးကို အထောက်အကူပြုနိုင်သော လမ်းများပေါ်ပေါက်လာစေရေးအတွက် တပ်မတော်အင်ဂျင်နီယာ တပ်ဖွဲ့၀င်များ ဖြင့် လမ်းဖောက်လုပ်ပြုပြင်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိပြီး တပ်မတော်စစ်ကြောင်းများကလည်း လိုအပ်သည့်လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ အင်ဂျင်နီယာတပ်ဖွဲ့ ၀င်များနှင့် လုံခြုံရေး တပ်ဖွဲ့၀င်များအတွက် လိုအပ်သောစားနပ်ရိက္ခာများ သွားရောက်ပို့ဆောင်သည့် တပ်မတော်ယာဉ်တန်းကို ဇန်နဝါရီလ ၂၈ ရက် နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ မူသဲကျေးရွာ၏ အရှေ့ဘက် မီတာ ၈၀၀၀ ခန့်အကွာ၌ KNU အဖွဲ့က ဒေသန္တရကားမိုင်း ၁ လုံးဖြင့် မိုင်းထောင်ဖောက်ခွဲခဲ့သည်။

ထိုသို့ မိုင်း ထောင်ဖောက်ခွဲ ခြင်းကြောင့် မော်တော်ယာဉ် ၁ စီးနှင့် ဆန်အိတ်များ ပျက်စီးဆုံးရှုံးခဲ့ရသည်။

တပ်မတော်အနေဖြင့် ထာ၀ရငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ရေးထိုးထားသည့် နယ်မြေများအတွင်း ဒေသဖွံ့ဖြိုးတိုးတက်မှု ပိုမိုမြန်ဆန်နိုင်ရေး ဝိုင်း၀န်းကြိုးပမ်းဆောင်ရွက် ပေးလျက်ရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် KNU ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌ စောမူတူးစေးဖိုး တို့သည် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်တွင် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး မည်သို့ပင်အမြင်ကွာဟ မှုများ၊ အခြေအနေကွာဟမှုများရှိနေသည်ဖြစ်စေ မိမိတို့လုပ်ဖော်ကိုင်ဖက်များအဖြစ်သဘော ထားပြီး တိုင်းပြည်ငြိမ်း ချမ်းရေးအတွက် ဝိုင်း၀န်းဆောင်ရွက်ရမည့်အခြေအနေများ၊ ငြိမ်းချမ်းရေးမြန်မြန်ဆန်ဆန်ရရှိပါက တိုင်းပြည် အတွက်အကျိုးရှိမည်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်မှု ပိုမိုမြန်ဆန်နိုင်မည့်အခြေအနေများ၊ ကရင်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လမ်းပမ်းဆက်သွယ်မှုကောင်းမွန်စေရေးတို့အတွက် တပ်မတော်က စစ်ရေး ရည်မှန်းချက်မပါဘဲ လမ်းကြောင်းပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့် အခြေ အနေများစသည့်ကိစ္စရပ်များအပါအ၀င် ထာ၀ရငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်မည့် ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။

၎င်းအပြင် ကျောက်ကြီးမြို့၌ အောက်ခြေအဆင့် ဆွေးနွေးညှိနှိုင်းမှုများ စုစုပေါင်း ၂ ကြိမ်ပြုလုပ်ခဲ့ပြီး တစ်ဖက် နှင့်တစ်ဖက် အပြန်အလှန်သတင်းဖလှယ်ရေးကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။ဆွေးနွေးပွဲသို့ တပ်မတော်မှ နယ်မြေခံတပ်နယ်များမှတာ၀န်ရှိ သူများ KNU အဖွဲ့ တပ်မဟာ(၂)၊တပ်မဟာ(၃)၊ တပ်မဟာ(၅) တို့မှတာ၀န်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ယင်းသို့ဆွေးနွေးမှုများဆောင်ရွက်ပြီးစီးထားသော်လည်း ၂၀၁၉-၂၀၂၀ ခုနှစ်အတွင်းလမ်းပြင်ဆင်/ထိန်းသိမ်းခြင်းများစတင်ဆောင်ရွက်ခဲ့သည့် ၂၀၁၉ခုနှစ် နို၀င်ဘာလ ၁၁ ရက်နေ့မှ ယနေ့အထိ ကျောက်ကြီးမြို့နယ် နှင့် ဖာပွန်မြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့၀င်များအတွက် အုပ်ချုပ်မှုလုပ်ငန်းများနှင့် စားနပ်ရိက္ခာပို့ဆောင်သည့် ယာဉ်တန်းများအား KNU အဖွဲ့မှ မိုင်းထောင် ဖောက်ခွဲ တိုက်ခိုက်မှု ၃ ကြိမ်၊ ထိတွေ့တိုက်ခိုက်မှု ၆ ကြိမ်၊ မိုင်းနင်း/မိုင်းကွဲမှု ၆ ကြိမ်ရှိသည့်အပြင် လုံခြုံရေး တပ်ဖွဲ့ ၀င်များက ဒေသန္တရ မိုင်းများ ဖော်ထုတ်သိမ်းဆည်းနိုင်မှု ၈ ကြိမ် ရှိခဲ့ကြောင်းသိရှိရသည်။

ထိုသို့ KNU အဖွဲ့၏ မိုင်းထောင်ဖောက်ခွဲမှုများကိုသက်ဆိုင်ရာ ပစ်ခတ် တိုက်ခိုက် မှုရပ်စဲရေးဆိုင်ရာပူးတွဲ စောင့်ကြည်ရေးကော်မတီ (JMC) နှင့် ပဲခူးတိုင်းဒေသ ကြီးအစိုးရ အဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ၀န်ကြီးဌာနမှတစ်ဆင့် KNU ဗဟိုသို့ သတိပေးကန့်ကွက်စာများပေးပို့ထားပြီးဖြစ်သည်။တပ်မတော်အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ နှင့်နယ်မြေစိုးမိုးရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။

#peoplemedia #KNU #Peace


Share this post