• Follow Us on

Home တပ္အတြင္းရွိမွီခို ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို ယဥ္ေက်းလိမၼာသင္ ခန္းစာမ်ား တပ္မေတာ္မွသင္ၾကားေပး

တပ္အတြင္းရွိမွီခို ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို ယဥ္ေက်းလိမၼာသင္ ခန္းစာမ်ား တပ္မေတာ္မွသင္ၾကားေပး

Share this post

ရန္ကုန္၊ ေမ ၂၈

Covid -19 ကာလအတြင္း အခ်ိန္ကိုအက်ိဳးရွိေစေရးအတြက္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို ေလာကနီတိ အေျခခံျဖစ္ေသာ ၃၈ ျဖာမဂၤလာကဲ့သို႔ ယဥ္ေက်းလိမၼာသင္ခန္းစာမ်ား၊ အဂၤလိပ္စာႏွင့္ ကြန္ပ်ဴတာသင္ခန္း စာမ်ား တပ္မေတာ္မွ သင္ၾကားေပးေၾကာင္းသတင္းထုတ္ျပန္ထားသည္။

ေႏြရာသီေက်ာင္းပိတ္ရက္ႏွင့္ ေက်ာင္းမ်ားျပန္ဖြင့္လွစ္ျခင္းမျပဳႏုိင္မီကာလအတြင္း အခ်ိန္ကိုအလဟသမျဖစ္ ေစရန္ အက်ိဳးရွိေစေရးအတြက္ တပ္အတြင္းရွိ မွီခိုေက်ာင္းသား၊ ေက်ာင္းသူမ်ားကို ၁၀ ေယာက္စုႏႈန္းျဖင့္ စာဖတ္၀ိုင္းမ်ား စီစဥ္ေပးလ်က္ရွိသည္။

ထိုသို႔ေဆာင္ရြက္လ်က္ရွိရာ ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ႏွင့္ ကြပ္ကဲမႈေအာက္ တပ္နယ္သီးသီးမွ ေက်ာင္းသား၊ ေက်ာင္းသူ ၃၆၈၅ ဦးကိုလည္းေကာင္း၊ အေရွ႕ေျမာက္တိုင္းစစ္ဌာနခ်ဳပ္ႏွင့္ ကြပ္ကဲမႈေအာက္ တပ္နယ္အသီး သီးမွ ေကာင္းသား၊ ေက်ာင္းသူ ၅၂၁၀ ဦးကိုလည္းေကာင္း အတန္းလိုက္သင္ခန္းစာမ်ားကို စာဖတ္၀ိုင္းမ်ားျဖင့္ သင္ၾကားေလ့က်င့္ေပးသည္။

ယင္းသို႔သင္ၾကားပို႔ခ်ရာတြင္ ေက်ာင္းသား၊ ေက်ာင္းသူ ၁၀ ဦးႏႈန္းလ်ွင္ ၁ စုႏႈန္းျဖင့္စုဖဲြ႕၍ တပ္အတြင္းရွိ အရာ ရွိ၊ စစ္သည္၊ ဇနီးမ်ားမွလည္းေကာင္း၊ မဟာဘဲြ႔ရအရာရွိမ်ားျဖင့္လည္းေကာင္း၊ သံဃာေတာ္မ်ား၊ ဆရာ၊ ဆရာမ မ်ားက Online စနစ္ျဖင့္လည္းေကာင္း သင္ၾကားပို႔ခ်ေပးလ်က္ရွိသည္။

#PeopleMedia

(Unicode)
တပ်အတွင်းရှိမှီခို ကျောင်းသား၊ ကျောင်းသူများကို ယဉ်ကျေးလိမ္မာသင် ခန်းစာများ တပ်မတော်မှသင်ကြားပေး
…………………………………………………

ရန်ကုန်၊ မေ ၂၈

Covid -19 ကာလအတွင်း အချိန်ကိုအကျိုးရှိစေရေးအတွက် ကျောင်းသား၊ ကျောင်းသူများကို လောကနီတိ အခြေခံဖြစ်သော ၃၈ ဖြာမင်္ဂလာကဲ့သို့ ယဉ်ကျေးလိမ္မာသင်ခန်းစာများ၊ အင်္ဂလိပ်စာနှင့် ကွန်ပျူတာသင်ခန်း စာများ တပ်မတော်မှ သင်ကြားပေးကြောင်းသတင်းထုတ်ပြန်ထားသည်။

နွေရာသီကျောင်းပိတ်ရက်နှင့် ကျောင်းများပြန်ဖွင့်လှစ်ခြင်းမပြုနိုင်မီကာလအတွင်း အချိန်ကိုအလဟသမဖြစ် စေရန် အကျိုးရှိစေရေးအတွက် တပ်အတွင်းရှိ မှီခိုကျောင်းသား၊ ကျောင်းသူများကို ၁၀ ယောက်စုနှုန်းဖြင့် စာဖတ်ဝိုင်းများ စီစဉ်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်နယ်သီးသီးမှ ကျောင်းသား၊ ကျောင်းသူ ၃၆၈၅ ဦးကိုလည်းကောင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်နယ်အသီး သီးမှ ကောင်းသား၊ ကျောင်းသူ ၅၂၁၀ ဦးကိုလည်းကောင်း အတန်းလိုက်သင်ခန်းစာများကို စာဖတ်ဝိုင်းများဖြင့် သင်ကြားလေ့ကျင့်ပေးသည်။

ယင်းသို့သင်ကြားပို့ချရာတွင် ကျောင်းသား၊ ကျောင်းသူ ၁၀ ဦးနှုန်းလျှင် ၁ စုနှုန်းဖြင့်စုဖွဲ့၍ တပ်အတွင်းရှိ အရာ ရှိ၊ စစ်သည်၊ ဇနီးများမှလည်းကောင်း၊ မဟာဘွဲ့ရအရာရှိများဖြင့်လည်းကောင်း၊ သံဃာတော်များ၊ ဆရာ၊ ဆရာမ များက Online စနစ်ဖြင့်လည်းကောင်း သင်ကြားပို့ချပေးလျက်ရှိသည်။

#PeopleMedia


Share this post