• Follow Us on

Home တပ်ပြေးဖြစ်သူကို လက်ခံထားသည့် မည်သူ၊ မည်သည့်အဖွဲ့အစည်းကိုမဆို အရေးယူမယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောဆို

တပ်ပြေးဖြစ်သူကို လက်ခံထားသည့် မည်သူ၊ မည်သည့်အဖွဲ့အစည်းကိုမဆို အရေးယူမယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောဆို

Share this post

နေပြည်တော်၊ အောက်တိုဘာ ၁၁ (People Media)

 

တပ်ပြေးဖြစ်သူကို လက်ခံထားသည့် မည်သူ၊ မည်သည့်အဖွဲ့အစည်းကိုမဆို အရေးယူမည်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောဆိုသည်။

 

လုံခြုံရေးတပ်ဖွဲ့ဝင်အချို့သည် EAo များထံ ခိုလှုံသွားသည့်ကိစ္စနှင့်ပတ်သက်ပြီး မည်သည့်ဥပဒေပုဒ်မမျိုးဖြင့် တရားစွဲအရေးယူပြီး လက်ခံသည့်အဖွဲ့အစည်းတွေအပေါ် မည်ကဲ့သို့အရေးယူဆောင်ရွက်မှုများ ပြုလုပ်မှုရှိလဲ ဆိုသည့် မီဒီယာအချို့၏ မေးမြန်းမှုအပေါ် အထက်ပါအတိုင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြန် လည်ရှင်းလင်းခဲ့သည်။

 

“တပ်မတော်သားတစ်ယောက်ဟာ စစ်ဘက်နှင့် အရပ်ဘက် စည်းကမ်း၊ ဥပဒေနှစ်ခုလုံးကို လိုက်နာရသူများဖြစ် တဲ့အတွက် စစ်ဘက်၊ အရပ်ဘက်ဥပဒေများနဲ့အညီ အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ထုတ်ပြန်ချက် တွင်ဖော်ပြပါရှိသည်။

 

ထို့အပြင် တပ်ပြေးတစ်ဦးမှန်းသိလျက်နှင့် လက်ခံထားသည့် မည်သူ၊ အဖွဲ့အစည်းကိုမဆို အရေးယူဆောင် ရွက်နိုင်ကြောင်း စစ်ဘက်ဥပဒေမှာ ပြဋ္ဌာန်းပါရှိပြီးဖြစ်သည်ဟု ဆိုသည်။

 

ဆက်လက်ပြီး လက်နက်ကိုင်အဖွဲ့များထံ ခိုလှုံပြီး တပ်မတော်ကို ဆန့်ကျင်တိုက်ခိုက်ရန်တော်လှန်နေသည့် တပ်ပြေးများကိုလည်း စစ်ဘက်ဥပဒေပါပြဋ္ဌာန်းချက်များအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း လည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

 

#PeopleMedia #နစက #တပ်ပြေး

 

(unicode)


………………………………………………………………………

 

 


 

 


 

 


 

 


 

 


 

 


 

 



Share this post