• Follow Us on

Home တမူးမြို့နယ်၌ လင်မယားနှစ်ယောက် လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် လက်နက်ကိုင်အဖွဲ့နှင့် လုံခြုံရေးအဖွဲ့တို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့

တမူးမြို့နယ်၌ လင်မယားနှစ်ယောက် လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် လက်နက်ကိုင်အဖွဲ့နှင့် လုံခြုံရေးအဖွဲ့တို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့

Share this post

စစ်ကိုင်း၊ ဇန်နဝါရီ ၁၀ (People Media)

 

ယနေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ အုတ်ဖိုကန်ဘောင် အကျဉ်းစခန်းအနီး၌ လင်မယား နှစ်ယောက် လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် လက်နက်ကိုင်အဖွဲ့နှင့် လုံခြုံရေးအဖွဲ့တို့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ခဲ့သည်။

 

အဆိုပါ ဖြစ်စဉ်၌ လက်နက်ကိုင်အဖွဲ့ဘက်မှ အဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့သလို သေနတ် ၃ လက်နှင့် ကျည်အ ချို့ကို လုံခြုံရေးအဖွဲ့များက ရရှိခဲ့သည်။

 

“သေဆုံးသွားတဲ့ လင်မယားနှစ်ယောက်က အကျဉ်းဦးစီးနဲ့ ပတ်သက်မှု မရှိပါဘူး။ သူတို့ နှစ်ဦးက ဦးခေါင်းကို ပစ်ခတ်လုပ်ကြံခံရတာပါ။ အဲ့ဒီဖြစ်စဉ်မှာ လက်နက်ကိုင်အဖွဲ့ဘက်က အလောင်းတစ်လုံးနဲ့ သေနတ် သုံးလက် ကျန်ခဲ့တယ်” လို့ ဒေသခံတစ်ဦး၏ ပြောဆိုချက်အရ သိရသည်။

 

ထိုကဲ့သို့ လာရောက်လုပ်ကြံသတ်ဖြတ်သည့်အဖွဲ့သည် တမူး PDF အဖွဲ့ဖြစ်ကြောင်း ဒေသခံအချို့က အတည် ပြုပြောဆိုသည်။

 

#PeopleMedia #တမူးမြို့

 

(unicode)


……………………………………………………

 


 


 


 


 


 



Share this post