• Follow Us on

Home တရားမဝင်တင်သွင်းရောက်ရှိနေပြီး Online နှင့် Social Media များတွင် ရောင်းချနေမှုများကို မျက်ခြေမပြတ် စောင့်ကြည့်ပြီး ရဲတပ်ဖွဲ့က ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရန် န.စ.ကဒုဥက္ကဋ္ဌ မှာကြား

တရားမဝင်တင်သွင်းရောက်ရှိနေပြီး Online နှင့် Social Media များတွင် ရောင်းချနေမှုများကို မျက်ခြေမပြတ် စောင့်ကြည့်ပြီး ရဲတပ်ဖွဲ့က ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရန် န.စ.ကဒုဥက္ကဋ္ဌ မှာကြား

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၉ (People Media)

 

တရားမဝင်တင်သွင်းရောက်ရှိနေပြီး ပြည်သူများအတွက် အန္တရာယ်ရှိသည့် အစားအသောက်၊ ဆေးဝါး၊ ဆေး ပစ္စည်းနှင့် အလှကုန်ပစ္စည်းများ ဈေးကွက်အတွင်း ရောင်းချနေမှုများ၊ Online နှင့် Social Media များတွင် ရောင်းချနေမှုများကို မျက်ခြေမပြတ်စောင့်ကြည့်ပြီး ရဲတပ်ဖွဲ့က ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက မှာ ကြားလိုက်သည်။

 

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည် တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ တက်ရောက်အမှာစကားပြောကြားခဲ့ခြင်းဖြစ်သည်။

 

“တရားမဝင်တင်သွင်းရောက်ရှိနေပြီး ပြည်သူတွေအတွက် အန္တရာယ်ရှိတဲ့ အစားအသောက်၊ ဆေးဝါး၊ ဆေး ပစ္စည်းနဲ့ အလှကုန်ပစ္စည်းတွေ ဈေးကွက်အတွင်း ရောင်းချနေမှုတွေ Online နဲ့ Social Media တွေမှာ ရောင်း ချနေမှုတွေကို အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက မျက်ခြေမပြတ်စောင့်ကြည့်ပြီး တရားဥပ ဒေနဲ့ ညီညွတ်မှုမရှိတာတွေကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို လုံခြုံစိတ်ချရတဲ့ ဆက်သွယ်မှုနဲ့ ချိတ်ဆက်ပေးပို့ပြီး ရဲတပ်ဖွဲ့က ဥပဒေနဲ့အညီ အရေးယူနိုင်ရေး စဉ်ဆက်မပြတ်ဆောင်ရွက်ကြရမှာဖြစ်တယ်။ ဒါမှသာ ပြည်သူတွေ အတွက် ကျန်းမာရေးနဲ့ ညီညွတ်ပြီး လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်ကို ဖော်ဆောင်ပေးနိုင်မှာ ဖြစ်တယ်” ဟု နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ပြောသည်။

 

တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးအတွက် ဆုံးဖြတ်ချက်များ ချမှတ် ဆောင်ရွက်ခဲ့ရာ ယခင်ကထက်စာလျှင် တိုးတက်မှုရှိသော်လည်း အားရကျေနပ်ဖွယ်မရှိသေးကြောင်း၊ ဖမ်းဆီး ရမိမှုများကို စိစစ်ရာတွင် မြေပြင်စစ်ဆေးရေးအဖွဲ့များအနေဖြင့် ပုံမှန်စစ်ဆေးခြင်းများနှင့် ကုန်ချစစ်ဆေးခြင်း များ ဆောင်ရွက်ရန်လိုအပ်နေသည်ကိုတွေ့ရကြောင်း၊ အထူးသဖြင့် လိုင်စင်မဲ့ယာဉ်များကို တားဆီးစစ်ဆေး အရေးယူနိုင်ရန် သက်ဆိုင်ရာဌာနများအနေဖြင့် ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများ၌ ဖမ်းဆီးရမိမှုများတွေ့ရသော်လည်း ကမ်းရိုးတန်းဆိပ်ကမ်းများ၌ ဖမ်းဆီးရမိမှုမရှိသေးသည့်အတွက် စစ်ဆေးအရေးယူမှုများကို ထိရောက်စွာဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးတွင် လိုအပ်ချက်များ ရှိနေသေးသည်ဟု သုံးသပ်ရရှိကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ပြောသည်။

 

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအတွက် အမျိုးသားအဆင့် မဟာဗျူဟာများ၊ နည်းဗျူဟာများနှင့် မြေပြင် လုပ်ငန်းစီမံချက်များ ချမှတ်အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့များအနေဖြင့် မဟာဗျူဟာ၊ နည်းဗျူဟာများ အပြင် ရနိုင်သမျှ နည်းလမ်းများဖြင့် တရားမဝင်ကုန်သွယ်မှုများကို ထိထိရောက်ရောက် တိုက်ဖျက်တားဆီး သွားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ပြောသည်။

 

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့များ၏ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီမှ ဒီဇင်ဘာအထိ (၁၁) လတာ ကာလအတွင်း (၁၉၂၉)မှုနှင့် တန်ဖိုးကျပ် (၇၄၁၂ ဒသမ ၃၇၀) သန်း ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း၊ ဦးဆောင် ကော်မတီ၏ ပထမအကြိမ် အစည်းအဝေးအပြီး ဒီဇင်ဘာ ၃၀ ရက်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း များ ဖမ်းဆီးရမိအမှုတွဲ(၁၃)မှုနှင့် ခန့်မှန်းတန်ဖိုးငွေကျပ် (၃၄၆ ဒသမ ၃၅၆)သန်း ဖမ်းဆီးရမိခဲ့ပြီး၊ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီအတွင်း ဖမ်းဆီးရမိအမှုတွဲ (၂၉၈) မှု၊ ခန့်မှန်းတန်ဖိုး ကျပ် (၆၃၂၃ ဒသမ ၅၀၃) သန်းကို ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


……………………………………………………………………

 


 


 


 


 


 


 


 

#PeopleMedia


Share this post