• Follow Us on

Home တရားမဝင်မူးယစ်ဆေးဝါးထုတ်လုပ်မှုများနှင့် ပတ်သက်၍ မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ ဆွေးနွေး

တရားမဝင်မူးယစ်ဆေးဝါးထုတ်လုပ်မှုများနှင့် ပတ်သက်၍ မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ ဆွေးနွေး

Share this post

ရန်ကုန်၊ ဒီဇင်ဘာ ၁၆ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
တရားမဝင်မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် လျှို့ဝှက်ဓာတ်ခွဲခန်းများနှင့်ပတ်သက်၍ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံမှ ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
 
ဒီဇင်ဘာလ ၁၅ ရက် နံနက် ၁၀ နာရီခွဲအချိန်တွင် (၄)ကြိမ်မြောက် မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံမူးယစ် ဆေးဝါးပူးပေါင်းထိန်းချုပ်ရေး ညွှန်ကြားရေးမှူးချုပ်အဆင့် အစည်းအဝေးကို နေပြည်တော်၊ ပြည်ထဲရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးရှိ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှူးရုံးအစည်းအဝေးခန်းမ၌ Video Conference စနစ်ဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပသည့်အစည်းအဝေးတွင် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
 
 
အစည်းအဝေးသို့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ကြပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မူးယစ် ဆေးဝါးထိန်းချုပ်ရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် Mr.Muhammed Ahsanul Jabber ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့မှ Video Conference စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။
 
 
(unicode)
တရားမဝင်မူးယစ်ဆေးဝါးထုတ်လုပ်မှုများနှင့် ပတ်သက်၍ မြန်မာ-ဘင်္ဂလားဒေ့ရ်ှနှစ်နိုင်ငံ ဆွေးနွေး
……………………………………………………………………
 
ရန်ကုန်၊ ဒီဇင်ဘာ ၁၆ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
တရားမဝင်မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် လျှို့ဝှက်ဓာတ်ခွဲခန်းများနှင့်ပတ်သက်၍ မြန်မာ-ဘင်္ဂလားဒေ့ရ်ှ နှစ်နိုင်ငံမှ ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
 
ဒီဇင်ဘာလ ၁၅ ရက် နံနက် ၁၀ နာရီခွဲအချိန်တွင် (၄)ကြိမ်မြောက် မြန်မာ-ဘင်္ဂလားဒေ့ရ်ှနှစ်နိုင်ငံမူးယစ် ဆေးဝါးပူးပေါင်းထိန်းချုပ်ရေး ညွှန်ကြားရေးမှူးချုပ်အဆင့် အစည်းအဝေးကို နေပြည်တော်၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးရှိ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှူးရုံးအစည်းအဝေးခန်းမ၌ Video Conference စနစ်ဖြင့် ဘင်္ဂလားဒေ့ရ်ှနိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပသည့်အစည်းအဝေးတွင် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
 
အဆိုပါအစည်းအဝေးတွင် ရာဘဆေးပြားများ သယ်ဆောင်ရောင်းဝယ်လျက်ရှိသည့် ပုံစံများ၊ လမ်းကြောင်း များ၊ ပြစ်မှုကျူးလွန်ပုံနည်းလမ်းများနှင့်ပတ်သက်၍ သတင်းဖလှယ်ခြင်း၊ ဘင်္ဂလားပင်လယ်အော်တစ်လျှောက် ရေကြောင်းအသုံးပြု မူးယစ်ဆေးဝါးသယ်ဆောင်မှု ကြိုတင်ကာကွယ်ရေးများ၊ နှစ်နိုင်ငံအောက်ခြေအဆင့် တားဆီးနှိမ်နင်းရေးအရာရှိများ အစည်းအဝေးကျင်းပနိုင်ရေး လိုအပ်လျက်ရှိမှုများ၊ နှစ်နိုင်ငံအကြား စစ်ဆင်ရေး ဆောင်ရွက်မှု၊ သုံးစွဲမှုလျှော့ချရေးနှင့် နောက်ဆက်တွဲ အန္တရာယ်လျှော့ချရေး ဆောင်ရွက်နေမှုများနှင့် ပတ် သက်၍ အတွေ့အကြုံကောင်းများ ဖလှယ်ခြင်း၊ တရားမဝင်မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် လျှို့ဝှက်ဓာတ်ခွဲ ခန်းများနှင့်ပတ်သက်၍ နှစ်နိုင်ငံဆွေးနွေးခဲ့ကြကြောင်း ဖော်ပြပါရှိသည်။
 
အစည်းအဝေးသို့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ကြပြီး ဘင်္ဂလားဒေ့ရ်ှနိုင်ငံ၊ မူးယစ် ဆေးဝါးထိန်းချုပ်ရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် Mr.Muhammed Ahsanul Jabber ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့မှ Video Conference စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။
 
#PeopleMedia #ပြည်ထဲရေး #မူးယစ်ဆေးဝါး

Share this post