• Follow Us on

Home တရားမဲ့ျပဳက်င့္မႈမ်ားကို ဥပေဒႏွင့္အညီ ကန႔္ကြက္ထားမႈအေပၚ UEC ၏ တုန႔္ျပန္ေဆာင္ရြက္မႈမ်ားအား ေစာင့္ေမွ်ာ္လ်က္ရွိေၾကာင္း PPP ပါတီက UEC ထံ အိတ္ဖြင့္ေပးစာေပးပို႔

တရားမဲ့ျပဳက်င့္မႈမ်ားကို ဥပေဒႏွင့္အညီ ကန႔္ကြက္ထားမႈအေပၚ UEC ၏ တုန႔္ျပန္ေဆာင္ရြက္မႈမ်ားအား ေစာင့္ေမွ်ာ္လ်က္ရွိေၾကာင္း PPP ပါတီက UEC ထံ အိတ္ဖြင့္ေပးစာေပးပို႔

Share this post

ရန္ကုန္၊ ဒီဇင္ဘာ ၁၆ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

တရားမဲ့ျပဳက်င္မႈမ်ားကို ဥပေဒႏွင့္အညီ ကန႔္ကြက္ထားမႈအေပၚ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္၏ တုန႔္ျပန္ေဆာင္ရြက္မႈမ်ားအား ေစာင့္ေမွ်ာ္ေနလ်က္ရွိေၾကာင္း ျပည္သူ႔ေရွ႕ေဆာင္ပါတီက ယေန႔၌ ျပည္ ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ထံ အိတ္ဖြင့္ေပးစာ ေပးပို႔လိုက္သည္။

မိမိတို႔ ျပည္သူ႔အေရွ႕ေဆာင္ပါတီအေနျဖင့္ ျပည္သူမ်ား၏ေရြးခ်ယ္မႈအား ေလးစာေသာအားျဖင့္ ေရြးေကာက္ပြဲ ရလဒ္ကို အျငင္းမပြားလိုေသာ္လည္း ဒီမိုကေရစီသက္တမ္းႏုနယ္ေသးသည့္ အမိျမန္မာနိုင္ငံေတာ္ႀကီးတြင္ ၅ ႏွစ္လွ်င္ တစ္ႀကိမ္သာ က်င္းပသည့္ အေထြေထြေရြးေကာက္ပြဲတိုင္းကို ဥပေဒႏွင့္အညီ လြတ္လပ္ၿပီး တရားမွ် တေစရန္အတြက္လည္းေကာင္း၊ ေနာင္လာမည့္ ေရြးေကာက္ပြဲမ်ားတြင္ တရားမဲ့ျပဳက်င့္မႈကို အစဥ္အလာတစ္ခု မျဖစ္သြားေစရန္အတြက္လည္းေကာင္း၊ အမိျမန္မာနိုင္ငံေတာ္ႀကီးတြင္ ဒီမိုကေရစီစနစ္ ဆက္လက္ရွင္သန္ရန္ အတြက္လည္းေကာင္း၊ နိုင္ငံေရးပါတီတစ္ခုအေနႏွင့္ ထိန္းေက်ာင္းေပးရန္ တာဝန္ရွိသည္ဟု အေလးအနက္ ယုံၾကည္ေၾကာင္း အိတ္ဖြင့္ေပးစာ၌ ေဖာ္ျပထားသည္။

မိမိတို႔ ျပည္သူ႔ေရွ႕ေဆာင္ပါတီမွ ဥပေဒႏွင့္အညီ ကန႔္ကြက္တင္ျပခဲ့သည့္ ပူးတြဲေဖာ္ျပပါစာမ်ားအား ေရြး ေကာက္ပြဲေကာ္မရွင္အဆင့္ဆင့္သည္ ယေန႔အခ်ိန္ထိ အေၾကာင္းတစ္စုံတစ္ရာ ျပန္ၾကားမႈမရွိေသးေၾကာင္း အိတ္ဖြင့္ေပးစာတြင္ ေဖာ္ျပထားသည္။

သို႔ျဖစ္ပါ၍ မဲေပးျခင္းလုပ္ငန္းစဥ္ႏွင့္ပတ္သက္သည့္ တရားမဲ့ျပဳက်င့္မႈမ်ားကို ဥပေဒအညီႏွင့္ အညီကန႔္ကြက္မႈ အား ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္၏ တာဝန္ယူမႈတာဝန္ခံမႈျဖင့္ တုန႔္ျပန္ေဆာင္ရြက္မႈမ်ား ျပန္ၾကား ခ်က္ကို ေစာင့္ေမွ်ာ္လ်က္ရွိေၾကာင္း ျပည္သူ႔ေရွ႕ေဆာင္ပါတီမွ အိတ္ဖြင့္ေပးစာ၌ ေဖာ္ျပထားသည္။

#PeopleMedia #PPP #UEC #political

(unicode)
တရားမဲ့ပြုကျင့်မှုများကို ဥပဒေနှင့်အညီ ကန့်ကွက်ထားမှုအပေါ် UEC ၏ တုန့်ပြန်ဆောင်ရွက်မှုများအား စောင့်မျှော်လျက်ရှိကြောင်း PPP ပါတီက UEC ထံ အိတ်ဖွင့်ပေးစာပေးပို့
…………………………………………………..

ရန်ကုန်၊ ဒီဇင်ဘာ ၁၆ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

တရားမဲ့ပြုကျင်မှုများကို ဥပဒေနှင့်အညီ ကန့်ကွက်ထားမှုအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တုန့်ပြန်ဆောင်ရွက်မှုများအား စောင့်မျှော်နေလျက်ရှိကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီက ယနေ့၌ ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ အိတ်ဖွင့်ပေးစာ ပေးပို့လိုက်သည်။

မိမိတို့ ပြည်သူ့အရှေ့ဆောင်ပါတီအနေဖြင့် ပြည်သူများ၏ရွေးချယ်မှုအား လေးစာသောအားဖြင့် ရွေးကောက်ပွဲ ရလဒ်ကို အငြင်းမပွားလိုသော်လည်း ဒီမိုကရေစီသက်တမ်းနုနယ်သေးသည့် အမိမြန်မာနိုင်ငံတော်ကြီးတွင် ၅ နှစ်လျှင် တစ်ကြိမ်သာ ကျင်းပသည့် အထွေထွေရွေးကောက်ပွဲတိုင်းကို ဥပဒေနှင့်အညီ လွတ်လပ်ပြီး တရားမျှ တစေရန်အတွက်လည်းကောင်း၊ နောင်လာမည့် ရွေးကောက်ပွဲများတွင် တရားမဲ့ပြုကျင့်မှုကို အစဉ်အလာတစ်ခု မဖြစ်သွားစေရန်အတွက်လည်းကောင်း၊ အမိမြန်မာနိုင်ငံတော်ကြီးတွင် ဒီမိုကရေစီစနစ် ဆက်လက်ရှင်သန်ရန် အတွက်လည်းကောင်း၊ နိုင်ငံရေးပါတီတစ်ခုအနေနှင့် ထိန်းကျောင်းပေးရန် တာဝန်ရှိသည်ဟု အလေးအနက် ယုံကြည်ကြောင်း အိတ်ဖွင့်ပေးစာ၌ ဖော်ပြထားသည်။

မိမိတို့ ပြည်သူ့ရှေ့ဆောင်ပါတီမှ ဥပဒေနှင့်အညီ ကန့်ကွက်တင်ပြခဲ့သည့် ပူးတွဲဖော်ပြပါစာများအား ရွေး ကောက်ပွဲကော်မရှင်အဆင့်ဆင့်သည် ယနေ့အချိန်ထိ အကြောင်းတစ်စုံတစ်ရာ ပြန်ကြားမှုမရှိသေးကြောင်း အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

သို့ဖြစ်ပါ၍ မဲပေးခြင်းလုပ်ငန်းစဉ်နှင့်ပတ်သက်သည့် တရားမဲ့ပြုကျင့်မှုများကို ဥပဒေအညီနှင့် အညီကန့်ကွက်မှု အား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တာဝန်ယူမှုတာဝန်ခံမှုဖြင့် တုန့်ပြန်ဆောင်ရွက်မှုများ ပြန်ကြား ချက်ကို စောင့်မျှော်လျက်ရှိကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီမှ အိတ်ဖွင့်ပေးစာ၌ ဖော်ပြထားသည်။

#PeopleMedia #PPP #UEC #political


Share this post