• Follow Us on

Home တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတစ်ဦးချင်းစီ တိုင်းနိုင်ငံသားစိစစ်ရေးကတ်ရှိ မရှိ၊ လဝက ပုံစံ ၆၆/၆ ရှိ မရှိ တစ်အိမ်တက်တစ်အိမ်ဆင်း စိစစ်ကြရန် န.စ.ကဒုဥက္ကဋ္ဌ မှာကြား

တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတစ်ဦးချင်းစီ တိုင်းနိုင်ငံသားစိစစ်ရေးကတ်ရှိ မရှိ၊ လဝက ပုံစံ ၆၆/၆ ရှိ မရှိ တစ်အိမ်တက်တစ်အိမ်ဆင်း စိစစ်ကြရန် န.စ.ကဒုဥက္ကဋ္ဌ မှာကြား

Share this post

နေပြည်တော်၊ ဧပြီ ၂

 

တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတစ်ဦးချင်းစီတိုင်း နိုင်ငံသားစိစစ်ရေးကတ်ရှိ မရှိ၊ လဝကပုံစံ ၆၆/၆ ရှိ မရှိ တစ်အိမ်တက်တစ်အိမ်ဆင်းစိစစ်ဆောင်ရွက်သွားကြရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက မှာကြားသည်။

 

ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရေးဆိုင်ရာအစည်းအဝေးကို ယမန်နေ့က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ တက် ရောက် မှာကြားခဲ့ခြင်းဖြစ်သည်။

 

“၂၀၂၃ ခုနှစ်မှာ ကျင်းပရန်ရည်ရွယ်ထားတဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်တဲ့ တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့ အခြေခံအားဖြင့် စာရင်းဇယားမှန်ကန်တိကျဖို့ အဓိကလိုအပ်တဲ့အတွက် စာရင်းဇယားတွေ တိကျမှန်ကန်စေဖို့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနေနဲ့ ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဌာနများနှင့် ပေါင်းစပ်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ တစ်ဦးချင်းစီတိုင်း နိုင်ငံသားစိစစ်ရေးကတ်ရှိမရှိ၊ လဝက ပုံစံ ၆၆/၆ ရှိ၊မရှိ တစ်အိမ်တက်တစ်အိမ်ဆင်းစိစစ်ဆောင်ရွက်သွားကြရမှာဖြစ်တယ်” ဟု နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဒုတိယဥက္ကဋ္ဌက ပြောသည်။

 

ထို့ကြောင့် မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးနိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဌာနရှိ တစ်နိုင်ငံလုံး ထုတ်ပေးထားသည့် မှတ်ပုံတင်မှတ်တမ်းများကို မှတ်တမ်းစာအုပ်မှ ကွန်ပျူတာသို့ ပြောင်းနေပါ ကြောင်း၊ အဆိုပါ ကွန်ပျူတာသို့ စာရင်းသွင်းပြီးချိန်တွင် လဝကပုံစံ ၆၆/၆ ကိုလည်း တစ်ပြိုင်နက် ကွန်ပျူတာ အတွင်း စာရင်းသွင်းလျက်ရှိပါကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်စာရင်းနှင့် လဝက ပုံစံ ၆၆/၆ များ ကွန်ပျူတာ အတွင်းရရှိပြီးပါက သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်များသို့ ပူးပေါင်းအဖွဲ့များဖြင့် ရွေး ကောက်ပွဲကျင်းပရန် ရည်ရွယ်ထားသည့် ၂၀၂၃ ခုနှစ်မတိုင်မီ မြေပြင်စာရင်း မှန်ကန်မှုရှိ၊မရှိ ပြီးစီးအောင် တိုက်ဆိုင် စစ်ဆေးဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌက ပြောသည်။

 

၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲတွင် အိမ်ထောင်စုလူဦးရေစာရင်းအား လဝက ပုံစံ ၆၆/၆၊ နိုင်ငံသား စိစစ်ရေးကတ် စသည်တို့နှင့် မြေပြင်တိုက်ဆိုင်စစ်ဆေးနိုင်မှုမရှိဘဲ ရှိ/ကောက် စနစ်ဆောင်ရွက်ခဲ့၍ မဲမသ မာမှုများ အမြောက်အမြားဖြစ်ပေါ်ခဲ့ကြောင်း၊ နိုင်ငံသားတစ်ဦးလျှင် နိုင်ငံသားစိစစ်ရေးကတ်တစ်ခုသာ တရား ဝင်ကိုင်ဆောင်ခွင့်ရှိသဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ မှန်၊ မမှန် ကြပ်မတ်စိစစ်ဆောင်ရွက်ကြရမည်ဖြစ်ပြီး တရားမဝင်ကတ်များကို ပယ်ဖျက်ကြရမည်ဖြစ်ကြောင်း၊ အလားတူ ပုံစံ ၆၆/၆ များကိုလည်း စိစစ်ကြရမည် ဖြစ်ကြောင်း၊ သို့မှသာ ဆန္ဒမဲပေးရာတွင် သန့်ရှင်းလွတ်လပ်၍ တရားမျှတမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌက ပြောကြားသည်။

 

အစည်းအဝေးသို့ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဦးခင်ရီနှင့် ဒေါက်တာမျိုးသိန်းကျော်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦး၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင်၊ ဦးဇော်ဝင်း၊ ဦးအောင်ထွန်းခိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြ ပြီး နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက် ရောက်ခဲ့ကြသည်။

 

(unicode)


…………………………………..

 


 


 


 


 


 


 



Share this post