• Follow Us on

Home တရားမဝင်မြန်မာရွှေ့ပြောင်းလုပ်သားများကို ထိန်းသိမ်းထားသည့်ထိန်းသိမ်းရေးစင်တာတွင် အဓိကရုဏ်း ဖြစ်ပွား

တရားမဝင်မြန်မာရွှေ့ပြောင်းလုပ်သားများကို ထိန်းသိမ်းထားသည့်ထိန်းသိမ်းရေးစင်တာတွင် အဓိကရုဏ်း ဖြစ်ပွား

Share this post

ရနောင်း၊ ဇန်နဝါရီ ၂၆ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

လူကုန်ကူးခံထားရသည့်ရွှေ့ပြောင်းလုပ်သားများထွက်ပြေးရန်ကြိုးစားခဲ့ပြီးနောက် လူဝင်မှုကြီးကြပ်ရေးရုံး၏ ထိန်းသိမ်းရေးစင်တာကိုစောင့်ကြပ်ရန် ထိုင်းရဲများနှင့်စစ်သားများကို ရွှေ့ပြောင်းနေရာယူခိုင်းထားသည်။ အမျိုးသား ၃၆၅ ယောက်အပါအဝင် မြန်မာနိုင်ငံမှတရားမဝင်ရွှေ့ပြောင်းလုပ်သား ၄၀၂ ယောက်ကိုထိန်းသိမ်း ထားသည့် ၅ ထပ်အဆောက်အဦတွင် တနင်္လာနေ့က ဖြစ်ပွားခဲ့သည်။

အခန်းများမှဖောက်သွားပြီးနောက် မြေညီထပ်မှသံမဏိစည်းရိုးကို ဖြတ်ကျော်နိုင်ခြင်းမရှိခဲ့ချေ။ အဓိကရုဏ်းများဖြစ်ပွားသဖြင့် ရဲနှင့်တပ်ဖွဲ့ဝင်အယောက် ၂၀၀ ကို လုံခြုံရေးမြှင့်တင်ရန် စေလွှတ်ခဲ့ပြီး အခြေ အနေထိန်းချုပ်ထားနိုင်သည့်အပြင် ထိခိုက်ဒဏ်ရာရသူတယောက်မှမရှိကြောင်း သတင်းရင်းမြစ်တ ယောက်ကပြောသည်။

ထိန်းသိမ်းခံထားရသူများ စိတ်ဖိအားများနေပုံပေါ်ပြီး အိမ်ပြန်ချင်ကြောင်း အများအပြားကအော်ဟစ်နေသည်ဟု သတင်းရင်းမြစ်တယောက်ကပြောသည်။ ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ရောဂါကြောင့် နယ်စပ်ပိတ်ထားရသဖြင့် မြန်မာနိုင်ငံမှ ခိုဆောင်ကျွန်းသို့ သူတို့ကို ပြန်ပို့ရန်အစီအစဉ်ကို ရွှေ့ဆိုင်းထားရကာ လပေါင်းများစွာထိန်းသိမ်းခံထားရခြင်းဖြစ်သည်။

Image for Presentational Purpose Ref : Troops called in after riot at detention centre #PeopleMedia (unicode)


……………………………………………………….


Image for Presentational Purpose Ref : Troops called in after riot at detention centre #PeopleMedia


Share this post