• Follow Us on

Home တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးလုပ်ငန်းများကို စနစ်တကျဖြင့် ကြပ်မတ်ဆောင်ရွက်ရန် န-စ-ကဥက္ကဋ္ဌ ပြောကြား

တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးလုပ်ငန်းများကို စနစ်တကျဖြင့် ကြပ်မတ်ဆောင်ရွက်ရန် န-စ-ကဥက္ကဋ္ဌ ပြောကြား

Share this post

နေပြည်တော်၊ ဇန်နဝါရီလ ၂၈ (People Media)

 

နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးလုပ်ငန်းများကို တာဝန်ရှိသူများ အနေ ဖြင့် စနစ်တကျဖြင့် ကြပ်မတ်ဆောင်ရွက်ရန် န-စ-ကဥက္ကဋ္ဌက ပြောကြားလိုက်သည်။

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၂)ကို ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

အဆိုပါ အစည်းအဝေး၌ သက်ဆိုင်ရာ တာဝန်ရှိသူများအပါအဝင် ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်တို့ တက်ရောက်ခဲ့သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက “နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးလုပ်ငန်းများအား တာဝန်ရှိသူများအနေဖြင့် စနစ်တကျဖြင့် ကြပ်မတ်ဆောင်ရွက်ရန် အခြေအနေ၊ နိုင်ငံသားများအနေဖြင့် ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများအား သိရှိလိုက်နာစေရေး အသိပညာများ ရှိရန် အတွက် အတန်းပညာများ တတ်မြောက်အောင် သင်ကြားပေးရန် လိုအပ်မှုနှင့် နိုင်ငံအတွင်း အသိပညာရှင်များ၊ အတတ်ပညာရှင်များ ပေါများရေး အလေးထားဆောင်ရွက်ရန် လိုအပ်မှုအခြေအနေ၊ ဥပဒေပြုရေးနှင့် ပတ် သက်၍ ဥပဒေများပြဌာန်းရာတွင် အားနည်းချက်များမရှိစေရေး အားလုံးဝိုင်းဝန်းဆွေးနွေး ဆောင်ရွက်ရန်နှင့် ဥပဒေပြုရေးကိစ္စရပ်များ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် အလေးအနက် စဉ်းစား ဆောင်ရွက်ရန် လိုအပ်မှုအခြေအနေ၊ နိုင်ငံသားများနှင့် နိုင်ငံပိုင်အဆောက်အဦများ လုံခြုံရေးအတွက် ဆောင်ရွက်ရာတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့မှ ဆောင် ရွက်လျက်ရှိမှုအခြေအနေ၊ ဝန်ကြီးဌာနများအလိုက် လုံခြုံရေးကျိုးပေါက်မှုမရှိစေရေး အသိ၊ သတိဖြင့် ဆောင်ရွက်ရန် လိုအပ်မှုအခြေအနေ၊ ပြည်သူများအားလုံး ညီညွတ်မှုရှိစေရေး တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဆင်းရဲ၊ ချမ်းသာကွာဟမှုများ နည်းပါးအောင် အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ရန်” ပြောကြားခဲ့သည်။

 

ထို့အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ”ရှေးဟောင်းနယ်မြေများနှင့် ရှေးဟောင်းအဆောက် အဦများ ရေရှည်တည်တံ့စေရေးအတွက် စနစ်တကျဖြင့် ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်မှုနှင့် ပြည်ပခရီး သွားများအား ဆွဲဆောင်မှုရှိအောင် ပြုပြင်ထိန်းသိမ်း၍ နိုင်ငံ၏ ဝင်ငွေတိုးတက်အောင် ဆောင်ရွက်နိုင်သည့် အခြေအနေ၊ သစ်တောကြိုးဝိုင်းများ ထိန်းသိမ်းဆောင်ရွက်ရာတွင် သစ်တောသစ်ပင်များအား စနစ်တကျဖြင့် ထိန်းသိမ်းရန်လိုအပ်မှုနှင့် စိုက်ပျိုးမြေအဖြစ် ဆောင်ရွက်ရန် ခွင့်ပြုထားသည့် သစ်တောမြေနေရာများတွင် စည်းကမ်းချက်များနှင့်အညီ စိုက်ပျိုးရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်၍ ထိထိရောက်ရောက်အသုံး ချနိုင်ရေး တာဝန်ရှိသူများက ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်ရန်လိုအပ်သည့်အခြေအနေများနှင့် လုံခြုံရေး ဆိုင်ရာကိစ္စရပ်များ၊ တည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ပြောဆိုခဲ့ကြောင်း” နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်ထားသည်။

 

လက်ရှိအချိန်၌ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်နှင့် မကွေးတိုင်း ဒေသကြီး မြောက်ပိုင်းဒေသများသည် ဒေသခံ PDF အဖွဲ့များ အားကောင်းလျက်ရှိနေသည်။

 

#PeopleMedia #နစက

 

(unicode)


…………………………………………………………………….

 


 


 


 


 


 


 


 



Share this post