• Follow Us on

Home တရားသောစစ်နှင့် မတရားသောစစ်ယှဉ်ပါက တရားသောစစ်သည်မုချအောင်မြင်မည်သာဖြစ်ကြောင်း န-စ-က ဒု-ဥက္ကဋ္ဌ ပြောဆို

တရားသောစစ်နှင့် မတရားသောစစ်ယှဉ်ပါက တရားသောစစ်သည်မုချအောင်မြင်မည်သာဖြစ်ကြောင်း န-စ-က ဒု-ဥက္ကဋ္ဌ ပြောဆို

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၃ (People Media)

 

တရားသောစစ်နှင့် မတရားသောစစ်ယှဉ်ပါက တရားသောစစ်သည် မုချအောင်မြင်မည်သာဖြစ်ကြောင်း နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌသည် ယမန်နေ့နံနက်ပိုင်းတွင် ဖားဆောင်း၊ ဘောလခဲ၊ ဖရူဆိုတပ်နယ်များမှ အရာရှိ၊ စစ်သည် မိသားစုများအား တပ်နယ်ခန်းမ၌ သီးခြားစီ သွားရောက်တွေ့ဆုံ၍ အမှာစကားပြောကြားစဉ် ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

 

“အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် NUG၊ CRPHနှင့်  လက်ဝေခံ PDF အဖွဲ့တို့၏ လူမှုကွန်ယက်များမှ မဟုတ်မမှန်ဝါဒဖြန့်မှုများကို စဉ်းစားဆင်ခြင် ဉာဏ်ဖြင့် မှန်ကန်စွာသုံးသပ်ရန်လိုကြောင်းနှင့် မိမိတို့ပါတ်ဝန်း ကျင်ကိုလည်း သတင်းမှန်များ ဖြန့်ဝေအသိပေးရန်လိုကြောင်း၊ တပ်မတော်၏ ကောင်းမွန်သော ဂုဏ်သိက္ခာနှင့် အစဉ်အလာကောင်းများကို ထိန်းသိမ်း၍ စွမ်းရည်များထက်မြက်နေရန် ဆောင်ရွက်သွားရန်လိုကြောင်း၊ တရား သောစစ်နှင့် မတရားသောစစ်ယှဉ်ပါက တရား သောစစ်သည် မုချအောင်မြင်မည်သာဖြစ်ကြောင်း၊ တပ်မတော် သည် တိုင်းရင်းသားအားလုံး ပါဝင်ဖွဲ့စည်းထားသော ခိုင်မာတောင့်တင်းသည့် အဖွဲ့အစည်းဖြစ်၍ စည်းလုံးညီ ညွတ်မှုဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း”ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဥပဒေနှင့် အညီဆောင်ရွက်နေခြင်းဖြစ်၍ အရေးပေါ် ကာလပြ ဌာန်းချက်များအတွင်း၌သာ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး အမြဲတန်းထိန်းသိမ်း ထား၍မရကြောင်း၊ နိုင်ငံစီးပွား ပျက်စီးစေလိုသည့် ပြည်တွင်းပြည်ပ  မလိုတမာသူများ၏ သွေးထိုးမှုများကို နားယောင်၍ နားလည်မှု လွဲမှား နေသူတချို့ရှိ၍ နားလည်မှုမလွဲမှား စေလိုကြောင်း၊  ကိုယ်ကျိုးစီးပွားအရ ပြည်ပ နိုင်ငံကြီးအချို့သည် မိမိ တို့နိုင်ငံရေးအကြပ် အတည်းကို အခွင့်ကောင်းယူ၍ စီးပွားရေး ပိတ်ဆို့မှုများ ပြုလုပ်မှုသည် ပြည်သူလူထုကို များစွာထိခိုက်စေကြောင်း၊ ဘက်ပေါင်းစုံမှ ဖိနှိပ်မှုမှတဆင့် ရုပ်သေးအစိုးရဖြစ်စေရေး ကြံရွယ်ချက်များကိုလည်း လက်ခံဖွယ်ရာမရှိပါ ကြောင်း၊ မိမိတို့နိုင်ငံသည် ဒေသတွင်း အင်အားကြီး ၂ နိုင်ငံကြားတွင်ရှိပြီး နိုင်ငံတော် အနေဖြင့် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ဆက်လက်ကျင့်သုံးလျက်ရှိပြီး  နိုင်ငံများအား လုံးနှင့် ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေးကို ရှေးရှုသည့် နိုင်ငံအချင်းချင်းငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးမူများကို စောင့်ထိန်း၍ ဆက်လက်ရပ်တည်ဆောင်ရွက် လျက်ရှိကြောင်း၊  နိုင်ငံတော် အနေဖြင့် ၁ နှစ်အတွင်း ဘက်ပေါင်းစုံမှ ခက်ခဲသည့် အကြပ်အတည်းများစွာကို ရင်ဆိုင်ခဲ့ ရကြောင်း၊ သို့သော် နိုင်ငံ့ဝန်ထမ်းကောင်းများအပါအဝင် ပြည်သူလူတု၏ ပူပေါင်းပါဝင်မှုဖြင့် အောင်မြင်အောင်ကျော်လွှားနိုင်ခဲ့ကြောင်း၊ တပ်မတော်သားများအနေဖြင့် နိုင်ငံတော်ကာကွယ်ရန်ဟူသည့် ခံယူချက်ဖြင့် တာဝန်ထမ်းဆောင်နေကြခြင်းဖြစ် ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၃၇ တွင်  တပ်မ တော်သည် နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကအကျဆုံးသော လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်ဟု ပြဌာန်းထားကြောင်း၊ ဒါကြောင့် နိုင်ငံတော်ကာကွယ်လိုသော ဆန္ဒ၊ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်သော တာဝန်များအရ မှန်မှန်ကန်ကန်ရပ်တည်၍ ကျေပွန်စွာထမ်းဆောင်ကြရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌက ပြောကြားခဲ့သည်။

 

#PeopleMedia #နစကဒု_ဥက္ကဋ္ဌ

 

(unicode)


…………………………………………………………….

 


 


 


 


 


 

#PeopleMedia #နစကဒု_ဥက်ကဋ်ဌ


Share this post