• Follow Us on

Home တမူးမြို့ တရားရုံးမှ အမှုသက်သေခံပြီး ပြန်လာသည့် အထူးမူးယစ်တပ်ဖွဲ့ယာဉ်ကို တမူး PDF အဖွဲ့မှ မိုင်း ဆွဲတိုက်ခိုက်ရာ ရဲမှူး၊ ဒု-ရဲမှူး၊ ရဲအုပ်အပါအဝင် ရဲတပ်ဖွဲ့ဝင် ၅ ဦး ကျဆုံး

တမူးမြို့ တရားရုံးမှ အမှုသက်သေခံပြီး ပြန်လာသည့် အထူးမူးယစ်တပ်ဖွဲ့ယာဉ်ကို တမူး PDF အဖွဲ့မှ မိုင်း ဆွဲတိုက်ခိုက်ရာ ရဲမှူး၊ ဒု-ရဲမှူး၊ ရဲအုပ်အပါအဝင် ရဲတပ်ဖွဲ့ဝင် ၅ ဦး ကျဆုံး

Share this post

တမူး၊ ဇန်နဝါရီ ၁၈ (People Media)

 

ဇန်နဝါရီ ၁၇ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့ တရားရုံးမှ အမှုသက်သေခံပြီး ပြန်လာသည့် အထူးမူးယစ်တပ်ဖွဲ့ယာဉ်ကို တမူး PDF အဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ရာ ရဲမှူး၊ ဒု-ရဲမှူး၊ ရဲအုပ်အပါအဝင် ရဲ တပ်ဖွဲ့ဝင် ၅ ဦး ကျဆုံးခဲ့သည်။

 

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး People Media က တာဝန်ရှိသူတစ်ဦးကို ဆက်သွယ်မေးမြန်းရာ “တမူးခရိုင် တရားရုံးမှာ အမှုသက်သေခံဖို့အတွက် ကလေးမြို့ကနေ ရဲမှူးသောင်းမြင့်၊ ရဲတပ်ကြပ် ဇော်မင်းအောင်နဲ့ ရဲဒုတပ်ကြပ် ကျော်ဇင်ထိုက်တို့ ၃ ဦးဟာ ကလေးမြို့ကနေ တမူးကို လာခဲ့တယ် ။ ညနေ ၂ နာရီခွဲတော့ တမူး မြို့ကနေ ကလေးမြို့ကိုပြန်တဲ့ အပြန်လမ်းကြောင်းမှာ တမူး မူးယစ်တပ်ဖွဲ့စု (၇) ကနေ ပုသိမ်မူးယစ်တပ်ဖွဲ့စု ( ၄၉) ကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်မယ့် ဒု-ရဲမှူး ဝင်းနိုင်နဲ့ တမူး မူးယစ်တပ်ဖွဲ့စု (၇) ကနေ ရန်ကုန် မူးယစ် တပ်ဖွဲ့စု (၄၀) မြောက်ပိုင်းကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်မယ့် ရဲအုပ် မိုးထက်နိုင်က အပြန်လမ်းကြုံ လိုက် လာခဲ့တာ” လို့ ပြောသည်။

 

အဆိုပါ ရဲမှူး၊ ဒုရဲမှူး၊ ရဲအုပ်အပါအဝင် ရဲတပ်ဖွဲ့ဝင် ၅ ဦး လိုက်ပါလာသည့်ယာဉ်သည် တမူး-ကလေးကားလမ်း ၊ ဝိတုတ်ကျေးရွာနှင့် ရန်လင်းဖိုင်ကျေးရွာအကြားမှာ PDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

 

အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါလာသည့် 36 ဗို့ ခြောက်လုံးပြူး သေနတ် ၁ လက်၊ MA -13 သေနတ် ၂ လက်နဲ့အတူ အသုံးအဆောင်ပစ္စည်းများကို PDF အဖွဲ့က ယူဆောင်သွားသည်။

 

#PeopleMedia #တမူးမြို့

 

(unicode)


………………………………………………………….

 


 


 


 


 


 



Share this post