• Follow Us on

Home တရုတ်စစ်တပ်သြဇာလွှမ်းမိုးခံနေရသည်ဟုဆိုကာ ကမ္ဘောဒီးယားနိုင်ငံသို့ လက်နက်ရောင်းချမှုအား အမေရိ ကန် အစိုးရက ပိတ်ပင်

တရုတ်စစ်တပ်သြဇာလွှမ်းမိုးခံနေရသည်ဟုဆိုကာ ကမ္ဘောဒီးယားနိုင်ငံသို့ လက်နက်ရောင်းချမှုအား အမေရိ ကန် အစိုးရက ပိတ်ပင်

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၉ (People Media)

 

ကမ္ဘောဒီးယားနိုင်ငံတွင် တရုတ်စစ်တပ်၏သြဇာလွှမ်းမိုးမှုများ တဖြည်းဖြည်းကြီးထွားလာခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုများရှိခြင်း၊ အကျင့်ပျက်ခြစားမှုများ ရှိနေခြင်းတို့ကြောင့် ကမ္ဘောဒီးယားသို့လက်နက်ရောင်းချမှုနှင့် ကမ္ဘောဒီးယားနိုင်ငံမှ ပြည်ပပို့ကုန်များပေးပို့ခြင်းကို အမေရိကန်ပြည်ထောင်စုက ဒီဇင်ဘာလ ၈ ရက်နေ့တွင် အရေးယူပိတ်ဆို့မှုတစ်ရပ်ချမှတ်ကာ ပိတ်ပင်လိုက်သည်။

 

ကမ္ဘောဒီးယားနိုင်ငံသည် တရုတ်နိုင်ငံ၏ အရေးပါဆုံးသော မဟာမိတ်နိုင်ငံတစ်နိုင်ငံဖြစ်သဖြင့် အရှေ့တောင် အာရှတွင် တရုတ်သြဇာလွှမ်းမိုးမှုများကို ရင်ဆိုင်တုံ့ပြန်ရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ယခုဆောင် ရွက်ချက်များသည် အမေရိကန်အစိုးရ၏ ကြိုးပမ်းအားထုတ်မှုများကို ထင်ဟပ်ပေါ်လွင်စေသည်။

 

လက်နက်ရောင်းချမှုပိတ်ဆို့ထားသည့် နိုင်ငံများစာရင်းတွင် ကမ္ဘောဒီးယားနိုင်ငံကို နိုင်ငံခြားရေးဝန်ကြီးဌာနက ထပ်မံပေါင်းထည့်လိုက်သည်။

 

“အမေရိကန်အရာရှိတွေက မေတ္တာရပ်ခံနေပေမဲ့ ကမ္ဘောဒီးယားနိုင်ငံဟာ တရုတ်စစ်တပ်တည်ရှိနေမှုကို ဆက် လက်တိုးချဲ့ခွင့်ပြုထားပြီး ထိုင်းပင်လယ်ကွေ့မှာ သီးသန့်စစ်စခန်းတွေတည်ဆောက်နေတယ်” ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနကြေညာချက်တွင် ဖော်ပြထားသည်။

 

အမေရိကန်ပြည်ထောင်စုသည် ကမ္ဘောဒီးယားနိုင်ငံအား လက်နက်တင်ပို့နေသည့်နိုင်ငံမဟုတ်သဖြင့် လက်နက် တင်ပို့မှုပိတ်ဆို့လိုက်သည့် ဆုံးဖြတ်ချက်၏ အကျိုးသက်ရောက်မှုကို ရှင်းရှင်းလင်းလင်း မသိရပေ။

 

ရိန်းရေတပ်စခန်းဆောက်လုပ်မှုနှင့်ပတ်သက်၍ အကျင့်ပျက်ခြစားမှုကျူးလွန်ခဲ့သည်ဟူသောစွပ်စွဲချက်နှင့် ကမ္ဘောဒီးယားအရာရှိနှစ်ဦးကို အမေရိကန်အစိုးရက လွန်ခဲ့သည့်လက အရေးယူပိတ်ဆို့ခဲ့သည်။ တရုတ်နိုင်ငံ က ကမ္ဘောဒီးယားအတွက် ဆောက်လုပ်ပေးခဲ့သည့် ရိန်းရေတပ်စခန်းနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှုမရှိ သည့်အတွက် အမေရိကန်အရာရှိများက စိုးရိမ်ပူပန်မှုများ မြင့်တက်ခဲ့သည်။

 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကောင်ဆယ်လာဒဲရစ်ချိုလက်  အာဆီယံအဖွဲ့၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေသည့် ကမ္ဘောဒီးယားနိုင်ငံသို့ ဗုဒဟူးနေ့တွင် ထွက်ခွာရန် ပြင်ဆင်နေစဉ်အတွင်း ယခု ကြေညာချက်ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

 

Ref: U.S. imposes arms embargo on Cambodia over Chinese military influence

 

#PeopleMedia

 

(unicode)


……………………………………………………………..

 


 


 


 


 


 


 


 


 

Ref: U.S. imposes arms embargo on Cambodia over Chinese military influence

 

#PeopleMedia


Share this post