• Follow Us on

Home တရုတ်ရေငုပ်သင်္ဘောအခြေစိုက်စခန်း ဘင်္ဂလားဒေ့ရှ်တွင် တည်ဆောက်မည်

တရုတ်ရေငုပ်သင်္ဘောအခြေစိုက်စခန်း ဘင်္ဂလားဒေ့ရှ်တွင် တည်ဆောက်မည်

Share this post

တရုတ်အစိုးရပိုင် ကုမ္ပဏီ PTI ဟာ ဘင်္ဂလားဒေ့ရှ်မှာ တရုတ်နိုင်ငံရဲ့ အမြဲ တမ်း ရေငုပ်သင်္ဘော အခြေစိုက်စခန်းကို အခုနှစ်အတွင်း တည်ဆောက်သွားမှာဖြစ်ပါတယ်။

ဆောက်လုပ်ရေးကုန်ကျစရိတ်ဟာ ထားရှိမယ့် ရေငုပ်သင်္ဘော အရေအတွက်ပေါ်မူတည်ပြီး ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ရှိနိုင်တယ်လို့ အစိုးရအရာရှိတွေက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နဲ့ တရုတ်အစိုးရတို့ကြား သဘောတူညီချက်အရ PTI ကုမ္ပဏီကို ဆောက်လုပ်ခွင့်ပြုခဲ့ခြင်းဖြစ်တယ်လို့လည်းသိရပါတယ်။

ဆောက်လုပ်ရေးစီမံကိန်းပြီးစီးဖို့အတွက် ၁၀ နှစ်ဝန်းကျင်ကြာမြင့်ဖို့ လျာထားပြီး ၂၀၂၇-၂၈ ခုနှစ်မတိုင်မီ စီမံကိန်းပြီးစီးမယ်လို့ သတင်းရ ရှိပါတယ်။

Ref; nenow.in


Share this post