• Follow Us on
Latest News

Home တရုတ်လေတပ်ကိုလေ့ကျင့်ပေးဖို့ အနောက်တိုင်းလေသူရဲတွေစုဆောင်းနေတာဟာ လက်ခံနိုင်စရာမဟုတ် ကြောင်း ဗြိတိန်လေတပ်အကြီးအကဲပြော

တရုတ်လေတပ်ကိုလေ့ကျင့်ပေးဖို့ အနောက်တိုင်းလေသူရဲတွေစုဆောင်းနေတာဟာ လက်ခံနိုင်စရာမဟုတ် ကြောင်း ဗြိတိန်လေတပ်အကြီးအကဲပြော

Share this post

နိုင်ငံတကာ၊ မတ် ၂

 

တရုတ်စစ်တပ်ကိုလေ့ကျင့်ပေးဖို့အတွက် ဗြိတိန်နိုင်ငံက လေသူရဲဟောင်းတွေကို စည်းရုံးစုဆောင်းနေတာကို ခွင့်မပြုနိုင်ကြောင်း ဗြိတိန်လေတပ်အကြီးအကဲက ပြောကြားလိုက်ပါတယ်။

 

ဗြိတိန်လေသူရဲဟောင်းတွေ တရုတ်အစိုးရအတွက်အလုပ်မလုပ်ပေးဖို့ သတိပေးနိုင်ရေးအတွက် သြစတးလျ ထောက်လှမ်းရေးအဖွဲ့အစည်းတွေနဲ့ ဗြိတိန်အစိုးရတို့ သတင်းအချက်အလက်တွေဖလှယ်နေတယ်လို့လည်း ၎င်းက ပြောပါတယ်။

 

ဗြိတိန်ထောက်လှမ်းရေးအဖွဲ့အစည်းတွေက သတိပေးပြီးနောက်ပိုင်း ဗြိတိန်နိုင်ငံက လေသူရဲဟောင်းတွေ အ နေနဲ့ ပြည်ပနိုင်ငံကစစ်တပ်ရဲ့လေသူရဲတွေကို ဆက်လက်လေ့ကျင့်သင်ကြားပေးနေဦးမယ်ဆိုရင် ပြစ်မှုအဖြစ် သတ်မှတ်သွားဖို့ ဥပဒေတစ်ရပ်ပြင်ဆင်ချမှတ်သွားမှာဖြစ်ကြောင်း ဗြိတိန်အစိုးရက ပြီးခဲ့တဲ့နှစ် အောက်တိုဘာ လအတွင်းက ပြောကြားခဲ့ပါတယ်။

 

အခုသတိပေးချက်ဟာ တရုတ်နိုင်ငံနဲ့ပတ်သက်ပြီး သတိပေးနေတာဖြစ်ကြောင်း သြစတေးလျနိုင်ငံမှာကျင်းပတဲ့ အေဗလွန်လေကြောင်းပြပွဲက အင်တာဗျူးတစ်ခုမှာ ဗြိတိန်တော်ဝင်လေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီးမိုက်ဝင်းစ တန်က ABC သတင်းဌာနကို ပြောပါတယ်။

 

“ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဆုံးဖြတ်ချက်ကို အများပြည်သူသိအောင် ရှင်းရှင်းလင်းလင်း ကျယ်ကျယ် ပြန့်ပြန့် ထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ လက်မခံနိုင်တဲ့ကိစ္စပါ။ ကျွန်တော်တို့ လက်မခံနိုင်ကြောင်း တရုတ်နိုင်ငံကို တရားဝင်အသိပေးဖို့လည်း ပြင်ဆင်ထားပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

ဒီကိစ္စရပ်တန့်ဖို့ သြစတေးလျအစိုးရကလည်း ဥပဒေအတိုင်း တင်းကျပ်စွာဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။ အာဏာရှင်အစိုးရတွေအတွက် အလုပ်လုပ်ပေးနေတဲ့ လေသူရဲဟောင်းတွေဟာ “သီးသန့်နယ်ပယ်က အတော် ဆုံးပုဂ္ဂိုလ်” တွေမဟုတ်ဘဲ “ရူးသွပ်မိုက်မဲတဲ့ အစေအပါး” တွေသာဖြစ်ကြောင်း သြစတေးလျထောက်လှမ်းရေး အကြီးအကဲက ပြောပါတယ်။

 

“သြစတေးလျနဲ့ တခြားမဟာမိတ်နိုင်ငံတွေက ထောက်လှမ်းရေးအဖွဲ့အစည်းတွေနဲ့ ကျွန်တော်တို့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိနေတာကြောင့် ကျွန်တော်တို့အားလုံး ဒီသတင်းတွေကို မျှဝေထားပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ အားလုံး သတိဝီရိယနဲ့ တပ်လှန့်ထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သြစတေးလျအစိုးရနဲ့ ကျွန်တော်တို့ သ ဘောတူညီထားပြီးဖြစ်ပါတယ်။” လို့ ဗိုလ်ချုပ်ကြီးဝင်းစတန်က ABC သတင်းဌာနကို ပြောပါတယ်။

 

Ref: British RAF chief calls it ‘unacceptable’ for China to recruit western military pilots

 

#PeopleMedia

 

(unicode)


………………………………………

 


 


 


 


 


 


 


 


 

Ref: British RAF chief calls it ‘unacceptable’ for China to recruit western military pilots

 

#PeopleMedia


Share this post