• Follow Us on

Home တရုတ်နိုင်ငံတွင် ဒုမြို့တော်ဝန်ဟောင်း အဂတိလိုက်စားမှုနှင့် သေဒဏ် ချမှတ်ခံရ

တရုတ်နိုင်ငံတွင် ဒုမြို့တော်ဝန်ဟောင်း အဂတိလိုက်စားမှုနှင့် သေဒဏ် ချမှတ်ခံရ

Share this post

တရုတ်နိုင်ငံ မြောက်ပိုင်းပြည်နယ် ရှန်စီက လီလျောင် ဒုမြို့တော်ဝန် ဟောင်း ကျောင်းကျုံးရှန်ကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အဂတိလိုက်စားမှုနဲ့ သေဒဏ်ပေးလိုက်ပြီဖြစ်ပါတယ်။

တရားရုံးရဲ့ အဆိုအရ ကျောင်းဟာ အမေရိကန်ဒေါ်လာ ၁၆၅ သန်းနဲ့ ညီမျှတဲ့ လာဘ်ငွေနဲ့ ပစ္စည်းတွေကို လက်ခံခဲ့တယ်လို့သိရပါတယ်။

ကျောင်းဟာ ၁၉၉၇ ခုနှစ်က ၂၀၁၃ခုနှစ်အတွင်း အစိုးရတာဝန်ထမ်း ဆောင်စဉ် အခုလိုအဂတိလိုက်စားခဲ့တာဖြစ်ပါတယ်။

ကျောင်းဟာ အဂတိလိုက်စားမှုအတွက် သေဒဏ်ပေးခံခဲ့ရသလို အစိုးရ ၀န်ထမ်းတစ်ယောက်ရဲ့ ခံစားခွင့်တွေ အားလုံးရုတ်သိမ်းခံခဲ့ရပြီး ပိုင်ဆိုင် မှုတွေကိုလည်း သိမ်းယူခံခဲ့ရပါတယ်။

Ref; https://news.cgtn.com


Share this post