• Follow Us on

Home တရုတ်နိုင်ငံ၏ခြိမ်းခြောက်မှုကြောင့် အာရှ-ပစိဖိတ်ဒေသ၌ စစ်ရေးအင်အား အမေရိကန်နိုင်ငံ တိုးမြှင့်မည်

တရုတ်နိုင်ငံ၏ခြိမ်းခြောက်မှုကြောင့် အာရှ-ပစိဖိတ်ဒေသ၌ စစ်ရေးအင်အား အမေရိကန်နိုင်ငံ တိုးမြှင့်မည်

Share this post

နိုင်ငံတကာ၊ မတ် ၁၃

သမ္မတ ဂျိုးဘိုင်ဒင်အစိုးရအဖွဲ့က အာရှ-ပစိဖိတ်ဒေသတွင် တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှုကို ထိန်းချုပ် ရန် ပြင်ဆင်လျက်ရှိရာ အဆိုပါဒေသ၌ စစ်ရေးအင်အား တိုးမြှင့်ချထားရန် အမေရိကန်နိုင်ငံက လုပ်ဆောင်လျက် ရှိသည်။

အာရှ-ပစိဖိတ်ဒေသနှင့် အရှေ့တောင်အာရှနိုင်ငံအချို့၌ အမေရိကန်နိုင်ငံက စစ်ရေးအင်အား တိုးမြှင့်ချ ထားရန် စိန်ခေါ်မှုတစ်ခု ဖြစ်လာနိုင်ကြောင်း လေ့လာသူများက ပြောသည်။

ပင်တဂွန်က အဖွဲ့ဝင် ၁၅ နိုင်ငံပါ အထူးလုပ်ငန်းအဖွဲ့မှတစ်ဆင့် တရုတ်နိုင်ငံ၏မူဝါဒကို အကဲဖြတ်နေ ဆဲဖြစ်ပြီး အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က တရုတ်နိုင်ငံအား ခြိမ်းခြောက်မှုတစ်ခုအဖြစ် ပြောဆိုလိုက်သည်။

တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှုကို ထိန်းချုပ်မည့် စစ်ဘက်စခန်းများ တည်ဆောက်ရန်နှင့် မဟာမိတ်နိုင်ငံ များနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် အာရှ-ပစိဖိတ် ကွပ်ကဲမှုဌာနချုပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ဖိလစ်ဒေး ဗစ်ဆင်က ထပ်တိုးအသုံးစရိတ် ဒေါ်လာ ၄ ဒသမ ၆ ဘီလီယံ အဆိုပြချက်တစ်ရပ်ကို ကွန်ဂရက်သို့ တင်သွင်းခဲ့ သည်။

ပစိဖိတ်ဒေသတွင် တရုတ်နိုင်ငံနှင့် မြေပြင်စစ်ပွဲ ဖြစ်ပွားပါက ခေတ်မီ သံချပ်ကာယာဉ်များ လိုအပ်မည်ဟု အမေရိကန် ဗိုလ်ချုပ် ရစ်ချတ်ကော့ဖ်မင်းက ပြောသည်။

အမေရိကန်နိုင်ငံနှင့် စစ်ပွဲဖြစ်ပွားလာနိုင်မှုကြောင့် ကြိုတင်ပြင်ဆင်ရေး တရုတ်နိုင်ငံက စစ်ရေးအသုံးစ ရိတ် တိုးမြှင့်ရန်လိုအပ်ကြောင်း သမ္မတ ရှီကျင့်ဖျင်ပြီးလျင် တရုတ်လက်နက်ကိုင်တပ်ဖွဲ့၏ ဒုတိယအကြီးအကဲ ဗိုလ်ချုပ်ကြီး ရှုကျိလင်က ပြောကြားပြီးနောက် ဗိုလ်ချုပ် ရစ်ချတ်က ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

အာရှ-ပစိဖိတ်ဒေသရှိ အမေရိကန် စစ်ဘက်ကွပ်ကဲမှုဌာနအောက်၌ ရေတပ်၊ လေတပ်ဖွဲ့နှင့် ကမ်းတက် တပ်ဖွဲ့များဖြင့် ဖွဲ့စည်းထားပြီး စစ်ပွဲဖြစ်ပွားပါက သံချပ်ကာယာဉ်များက အဆုံးအဖြတ် ဖြစ်လာနိုင်ဟု ၎င်းက ဆို သည်။

သမ္မတဟောင်း ဒေါ်နယ်ထရမ့်လက်ထက်တွင် အမေရိကန်ရေတပ်က မဟာဗျူဟာအရ အလွန်အရေးပါ သော ရေလမ်းကြောင်းဖြစ်သည့် တောင်တရုတ်ပင်လယ်အတွင်း လွတ်လပ်သောရေကြောင်းမောင်းနှင်မှုကို အရှိန် တိုးမြှင့်လုပ်ဆောင်ခဲ့သည်။

Ref; US moves to boost military presence in Indo-Pacific amid China ‘threat’


Share this post