• Follow Us on
Latest News

Home တရုတ်လုပ်ငန်းနှင့် လူပုဂ္ဂိုလ်များ၏လုံခြုံရေးကို အာမခံပေးရန် တရုတ်သံရုံးတောင်းဆို

တရုတ်လုပ်ငန်းနှင့် လူပုဂ္ဂိုလ်များ၏လုံခြုံရေးကို အာမခံပေးရန် တရုတ်သံရုံးတောင်းဆို

Share this post

ရန်ကုန်၊ မတ် – ၁၅

မြန်မာနိုင်ငံရှိ တရုတ်လုပ်ငန်းနှင့် လူပုဂ္ဂိုလ်များ၏ လုံခြုံရေးကို အာမခံပေးရန် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ယမန်နေ့က တောင်းဆိုချက် ထုတ်ပြန်လိုက်သည်။

မတ်လ ၁၄ ရက်နေ့ညနေတွင် မြန်မာနိုင်ငံ ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုန်ရှိ တရုတ်လုပ်ငန်းစက်ရုံအချို့သည် အဖျက်အမှောင့်ဆောင်ရွက်သူများ၏ ဖျက်ဆီးလုယက် မီးရှို့ခြင်းခံရပြီး တရုတ်ဝန်ထမ်းများစွာ ဒဏ်ရာရရှိကာ ပိတ်မိသည့် ဝန်ထမ်းများလည်း ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးသည် China Enterprises Chamber of Commerce in Myanmar ၊ သက်ဆိုင်ရာလုပ်ငန်းရှင်များနှင့် အချိန်မီဆက်သွယ်ပြီး ဒေသခံ ရဲတပ်ဖွဲ့ဝင်များအား ထိရောက်သောအစီအမံများဆောင်ရွက်၍ တရုတ်လုပ်ငန်းနှင့် လူပုဂ္ဂိုလ်များ၏ လုံခြုံရေးကို အာမခံပေးရန် လျင်မြန်စွာတောင်းဆိုခဲ့ပါသည်။ သံရုံးက မြန်မာနိုင်ငံရှိ တရုတ်လုပ်ငန်းများနှင့် ဝန်ထမ်းပုဂ္ဂိုလ်များကိုလည်း လုံခြုံရေးသတိပေးချက် ထပ်မံထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ယခုအကြိမ်ထိခိုက်ခံရသည့် လုပ်ငန်းအများစုသည် အထည်ချုပ်လုပ်ငန်းများ ဖြစ်ပြီး တရုတ်လုပ်ငန်းကုမ္ပဏီများက အဆိုပါကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုသည် မြန်မာနိုင်ငံအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၄ သိန်းကျော် ဖန်တီးပေးခဲ့ပါသည်။ အဖျက်အမှောင့် ဆောင်ရွက်သူများ၏ လုပ်ရပ်သည်လည်း မြန်မာနိုင်ငံပြည်သူများ၏ အကျိုးစီးပွားကို ထိခိုက်နေခြင်းဖြစ်ကြောင်း တရုတ်သံရုံးထုတ်ပြန်သည်။

ယခု ဖျက်ဆီးလုယက်မီးရှို့ခံရသည့်ကိစ္စသည့် အခြေအနေ အလွန်ပြင်းထန်ဆိုးဝါးကြောင်း၊ မြန်မာဘက်မှ ထိရောက်သည့်အစီအမံ ဆောင်ရွက်၍ အကြမ်းဖက်လုပ်ရပ်အားလုံး ရပ်တန့်စေပြီး သက်ဆိုင်ရာကျူးလွန်သူအား ဥပဒေနှင့်အညီ စစ်ဆေးအပြစ်ပေးကာ မြန်မာနိုင်ငံရှိ တရုတ်လုပ်ငန်းများနှင့် လူပုဂ္ဂိုလ်များ၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံ‌ရေးကို အာမခံချက်ရှိစေရန် တရုတ်ဘက်က တောင်းဆိုကြောင်း၊ မြန်မာပြည်သူများအား ဥပဒေနှင့်ညီညွတ်စွာ တောင်းဆိုချက်များကို ဖော်ထုတ်ရန်၊ လှုံ့ဆော်မှုများနှင့် အသုံးချမှုများကြောင့် တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှုများကို မဖျက်ဆီးမိစေရန် တိုက်တွန်းကြောင်း တရုတ်သံရုံးက ထုတ်ပြန်ခဲ့သည်။

#peoplemedia


Share this post