• Follow Us on

Home တာချီလိတ်မြို့တွင် လိုင်စင်မဲ့ယာဉ်များနှင့်အတူ ကျပ် (၁၈) ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

တာချီလိတ်မြို့တွင် လိုင်စင်မဲ့ယာဉ်များနှင့်အတူ ကျပ် (၁၈) ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၅

 

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ ပါဆပ်ရပ်ကွက်ရှိ နေအိမ်ခြံဝင်းတစ်ခုအတွင်းမှ ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် ငွေကျပ် (၁၈) ဘီလီယံ‌ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

 

မူးယစ်ပူးပေါင်းအဖွဲ့မှ သတင်းအရ တာချီလိတ်မြို့၊ ပါဆပ်ရပ်ကွက်၊ လွန်းကျိုင်းရပ်ရှိ နေအိမ်တစ်ခုအား ဝင် ရောက်ရှာဖွေခဲ့ရာ အဆိုပါ နေအိမ်ခြံဝန်းအတွင်း ရပ်ထားသည့် LIFAN ယာဉ်နှင့် Canter ယာဉ်တို့ အပါအဝင် လိုင်စင်မဲ့ယာဉ်များပေါ်မှ စိတ်ကြွဆေးပြား (၁၄) သန်း နေအိမ်အတွင်းမှ စိတ်ကြွဆေးပြား (၁၂) သန်းပြား၊ အိုက်စ်(၂၀ ကီလို)စီပါ ဆာလာအိတ် ၂၅ အိတ် စုစုပေါင်း ကာလတန်ဖိုး ငွေကျပ် (၁၈ ဒသမ ၆၆ ဘီလီယံ) တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ အမျိုးသား (၁) ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ဖမ်းဆီးရမိသူအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


………………………………………………

 


 


 


 


 

#PeopleMedia


Share this post