• Follow Us on
Latest News

Home တာချီလိတ်မြို့တွင် ငွေကျပ် ၃.၂ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ လက်ပစ်ဗုံး၊ ကျည်မျိုးစုံ ၅၄ တောင့်တို့အား ဖမ်းဆီးရမိ

တာချီလိတ်မြို့တွင် ငွေကျပ် ၃.၂ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ လက်ပစ်ဗုံး၊ ကျည်မျိုးစုံ ၅၄ တောင့်တို့အား ဖမ်းဆီးရမိ

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၉ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

တာချီလိတ်မြို့နယ်၊ ဖန်မင်-ဝှေလေလန်ကျေးရွာသွားကားလမ်းတွင် စိုက်ရွက်မောင်းနှင်လာသည့် Honda Fit အမျိုးအစားမော်တော်ယာဉ်ကိုရှာဖွေရာတွင် ငွေကျပ် ၃.၂ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ လက်ပစ်ဗုံး၊ကျည်မျိုးစုံ ၅၄ တောင့်တို့အား ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်သည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့ဝင်များသည် ဇန်နဝါရီ ၆ ရက်နေ့က အဆိုပါ Honda Fit အမျိုးအစားအပေါ်မှ အိုက်စ်(မက်အဖက်တမင်း) ၁ ကီလို၊ ပစ္စတိုသေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ၎င်းကျည် ၅ တောင့် တို့ကိုသိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ ည ၇ နာရီ တွင်ဖန်မင်ကျေးရွာအုပ်စု၊ ဝမ်ကျောက်လုံကျေးရွာနေအိုက်ခေါက်၏ နေအိမ်အားဝင်ရောက်ရှာဖွေရာ ၎င်းအားရှာဖွေမတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင်ပါဝင်သည်။

ထိုနေအိမ်ခြံဝင်းအတွင်း ရပ်ထားသည့် Fotuner အမျိုးအစားမော်တော်ယာဉ်၏ နောက်ခန်းအတွင်းနှင့် နေ အိမ်မြေအောက်အတွင်းတို့မှ ပလပ်စတစ်များဖြင့် ထည့်ထားသည့်စိတ်ကြွရူးသွပ် ဆေးပြား ၁၆ ဒသမ ၉ သိန်း၊ စိတ်ကြွရူးသွပ်ဆေးမှုန့် ၅၈ ကီလို၊ အိုက်စ်(မက်အဖက်တမင်း)၈၆ ဒသမ ၅ ကီလို၊ ဘိန်းဖြူ ၂၃ ဒသမ ၁ကီလို၊ လက်ပစ်ဗုံး ၁ လုံး၊ ကျည်မျိုးစုံ ၅၄ တောင့်နှင့်မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်း များ သိမ်းဆည်းရမိကြောင်း ထုတ်ပြန်သည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသော စိုင်းရွက် (၃၇) နှစ်၊အိုက်ခေါက်(ဖမ်းမမိ) တို့အား ဥပဒေအရအရေး ယူထားကြောင်း ဖော်ပြပါရှိသည်။

#PeopleMedia #မူးယစ်ဆေးဝါး

(unicode)
……………………………………………………








Share this post