• Follow Us on

Home တာခ်ီလိတ္ၿမိဳ႕နယ္တြင္ ကတ္တမင္းမ်ားႏွင့္ လက္နက္/ခဲယမ္းမ်ား ဖမ္းဆီးရမိ

တာခ်ီလိတ္ၿမိဳ႕နယ္တြင္ ကတ္တမင္းမ်ားႏွင့္ လက္နက္/ခဲယမ္းမ်ား ဖမ္းဆီးရမိ

Share this post

ေနျပည္ေတာ္၊ ေဖေဖာ္ဝါရီ ၁၈

မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ တားဆီးႏွိမ္နင္းေရးလုပ္ငန္းမ်ားေဆာင္ရြက္စဉ္ တာခ်ီလိတ္ၿမိဳ႕နယ္တြင္ ကတ္တမင္းမ်ားႏွင့္ လက္နက္/ခဲယမ္းမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ျဖစ္စဉ္မွာ ေဖေဖာ္ဝါရီလ ၁၇ ရက္ေန႔ ၁၆၀ဝ အခ်ိန္တြင္ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္မ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ သတင္းအရ သက္ေသမ်ားႏွင့္အတူ တာခ်ီလိတ္ၿမိဳ႕၊ ဆန္ဆိုင္း(ခ)ရပ္ကြက္၊ ပုံလို႔လမ္းႏွင့္ အုန္းၿခံလမ္းေထာင့္တြင္ ေမာ္ေတာ္ယာဉ္ျဖင့္ေရာက္ရွိလာသူ တာခ်ီလိတ္ၿမိဳ႕နယ္၊ မိုင္းဖုန္း(က)ေက်းရြာ အုပ္စု၊ ဝမ္တုံေက်းရြာေန စိုင္းရွဲန္ဝန္း ၂၀ ႏွစ္အား စစ္ေဆးရွာေဖြရာ ေမာ္ေတာ္ယာဉ္ေပၚတြင္တင္ေဆာင္လာေသာ ကတ္တမင္းအေလးခ်ိန္ ၉၀ဝ ဂရမ္(ေဒသကာလေပါက္ေဈးတန္ဖိုးေငြက်ပ္ ၉၀ သိန္း)ႏွင့္ လက္ကိုင္ဖုန္း ၂ လုံးတို႔ အား ေတြ႕ရွိသိမ္းဆည္းရမိခဲ့ၿပီး ၁၇၃၀ အခ်ိန္တြင္ ပူးေပါင္းအဖြဲ႕သည္ စိုင္းရွဲန္ဝန္း၏ေနအိမ္အား ဆက္လက္ရွာေဖြရာ ေနအိမ္အိပ္ခန္းအတြင္းမွ အေမရိကန္ႏိုင္ငံလုပ္ M-16 ေသနတ္ ၁ လက္၊ ၎က်ည္အိမ္ ၈ ခု၊ 5.56 MM က်ည္ ၂၉၄ ေတာင့္၊ 9 MM Luger က်ည္ ၁၀ဝ ေတာင့္တို႔အား ထပ္မံေတြ႕ရွိသိမ္းဆည္းရမိခဲ့သျဖင့္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒျဖင့္ အမႈဖြင့္အေရးယူၿပီး ကြင္းဆက္မ်ား ေဖာ္ထုတ္စစ္ေဆးလ်က္ရွိေၾကာင္း သတင္းရရွိသည္။

ကိုေမာင္(မုံရြာ)

#peoplemedia #တာခ်ီလိတ္

(Unicode)
တာချီလိတ်မြို့နယ်တွင် ကတ်တမင်းများနှင့် လက်နက်/ခဲယမ်းများ ဖမ်းဆီးရမိ
……………………………………………………………………………..

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၈

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် တာချီလိတ်မြို့နယ်တွင် ကတ်တမင်းများနှင့် လက်နက်/ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ၁၆၀ဝ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ပုံလို့လမ်းနှင့် အုန်းခြံလမ်းထောင့်တွင် မော်တော်ယာဉ်ဖြင့်ရောက်ရှိလာသူ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာ အုပ်စု၊ ဝမ်တုံကျေးရွာနေ စိုင်းရှဲန်ဝန်း ၂၀ နှစ်အား စစ်ဆေးရှာဖွေရာ မော်တော်ယာဉ်ပေါ်တွင်တင်ဆောင်လာသော ကတ်တမင်းအလေးချိန် ၉၀ဝ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၉၀ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ၁၇၃၀ အချိန်တွင် ပူးပေါင်းအဖွဲ့သည် စိုင်းရှဲန်ဝန်း၏နေအိမ်အား ဆက်လက်ရှာဖွေရာ နေအိမ်အိပ်ခန်းအတွင်းမှ အမေရိကန်နိုင်ငံလုပ် M-16 သေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၈ ခု၊ 5.56 MM ကျည် ၂၉၄ တောင့်၊ 9 MM Luger ကျည် ၁၀ဝ တောင့်တို့အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ကိုမောင်(မုံရွာ)

#peoplemedia #တာချီလိတ်


Share this post