• Follow Us on

Home တာခ်ီလိတ္ၿမိဳ႕နယ္၌ မူးယစ္ေဆးဝါးခ်က္လုပ္သည့္ ဆက္စပ္ပစၥည္းမ်ား ပုိင္ရွင္မဲ့ သိမ္းဆည္းရမိ

တာခ်ီလိတ္ၿမိဳ႕နယ္၌ မူးယစ္ေဆးဝါးခ်က္လုပ္သည့္ ဆက္စပ္ပစၥည္းမ်ား ပုိင္ရွင္မဲ့ သိမ္းဆည္းရမိ

Share this post

ရန္ကုန္၊ ေအာက္တုိဘာ – ၂
ရွမ္းျပည္နယ္(အေရွ႕ပုိင္း)၊ တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း၌ မူးယစ္ေဆးဝါး ခ်က္လုပ္သည့္ ဆက္စပ္ပစၥည္းမ်ား ပုိင္ရွင္မဲ့ သိမ္းဆည္းရမိခဲ့သည္။

ျဖစ္စဥ္မွာ လံုၿခံဳေရး ေဆာင္ရြက္ေနေသာ ပူးေပါင္းအဖြဲ႕သည္ ေအာက္တုိဘာ ၁၃ ရက္ ည ၆ နာရီခန္႔တြင္ ဟာလဘေက်းရြာ၏ အေနာက္ေျမာက္ဘက္ မီတာ ၃ဝဝဝ ခန္႔အကြာရွိ ေတာအတြင္းသို႔ အေရာက္၌ မူးယစ္ေဆးဝါး ခ်က္လုပ္သည့္ေနရာေဟာင္း တစ္ခုအားေတြ႕ရွိသျဖင့္ စစ္ေဆး ရွာေဖြရာ WY စာတန္းပါ စိတ္ၾကြ႐ူးသြပ္ေဆးျပား ၂ဝဝဝ ျပားႏွင့္ ကဖင္းအမႈန္႔ ၅၉၅ ကီလုိဂရမ္(စုစုေပါင္း မူးယစ္ေဆးဝါး ခန္႔မွန္းတန္ဖုိး ေငြက်ပ္ သိန္း ၅ဝဝ ေက်ာ္)ႏွင့္ မူးယစ္ေဆးဝါး ထုတ္လုပ္ရာတြင္ အသံုးျပဳသည့္ ေမာ္ကားအရည္ ၁ ကီလုိဂရမ္ခန္႔ပါ ငါးပံုး၊ ဟုန္ေမအျဖဴေရာင္ အမႈန္႔ ၂ဝ ကီလုိဂရမ္ခန္႔ပါ ႏွစ္အိတ္၊ ေဆးျပား အေျခာက္ခံ စတီးဗန္းသံုးခု၊ မီးစက္အေသးသံုးလံုး၊ ေလေမာ္တာႏွစ္ခု၊ Gas မီးဖုိ ၁၅ ခု၊ Gas အုိး၂၂ ခု၊ ၉၉၉/ၾကယ္ငါးလံုး တံဆိပ္တံုး ၂၉ ခုႏွင့္ ကမၻာလံုးႏွင့္ျခေသၤ့ပံုပါ တံဆိပ္တံုးႏွစ္ခုတို႔အား ပုိင္ရွင္မဲ့ေတြ႕ရွိ သိမ္းဆည္း ရမိခဲ့သည္။

အဆုိပါသိမ္းဆည္းရမိ မူးယစ္ေဆးဝါးမ်ားႏွင့္ မူးယစ္ေဆးဝါး ထုတ္လုပ္ရာတြင္ အသံုးျပဳသည့္ ဆက္စပ္ပစၥည္းမ်ားကုိ လုံျခံဳေရးအဖြဲ႔မ်ားမွ တာခ်ီလိတ္ၿမိဳ႕နယ္ မူးယစ္တပ္ဖြဲ႕စုသု႔ိ စနစ္တက် လႊဲေျပာင္းအပ္ႏွံသြားမည္ျဖစ္သည္။

(unicode)
တာချီလိတ်မြို့နယ်၌ မူးယစ်ဆေးဝါးချက်လုပ်သည့် ဆက်စပ်ပစ္စည်းများ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ
……………………………………………………………………

ရန်ကုန်၊ အောက်တိုဘာ – ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်း၌ မူးယစ်ဆေးဝါး ချက်လုပ်သည့် ဆက်စပ်ပစ္စည်းများ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့သည်။

ဖြစ်စဉ်မှာ လုံခြုံရေး ဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၁၃ ရက် ည ၆ နာရီခန့်တွင် ဟာလဘကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၃ဝဝဝ ခန့်အကွာရှိ တောအတွင်းသို့ အရောက်၌ မူးယစ်ဆေးဝါး ချက်လုပ်သည့်နေရာဟောင်း တစ်ခုအားတွေ့ရှိသဖြင့် စစ်ဆေး ရှာဖွေရာ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၂ဝဝဝ ပြားနှင့် ကဖင်းအမှုန့် ၅၉၅ ကီလိုဂရမ်(စုစုပေါင်း မူးယစ်ဆေးဝါး ခန့်မှန်းတန်ဖိုး ငွေကျပ် သိန်း ၅ဝဝ ကျော်)နှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် မော်ကားအရည် ၁ ကီလိုဂရမ်ခန့်ပါ ငါးပုံး၊ ဟုန်မေအဖြူရောင် အမှုန့် ၂ဝ ကီလိုဂရမ်ခန့်ပါ နှစ်အိတ်၊ ဆေးပြား အခြောက်ခံ စတီးဗန်းသုံးခု၊ မီးစက်အသေးသုံးလုံး၊ လေမော်တာနှစ်ခု၊ Gas မီးဖို ၁၅ ခု၊ Gas အိုး၂၂ ခု၊ ၉၉၉/ကြယ်ငါးလုံး တံဆိပ်တုံး ၂၉ ခုနှင့် ကမ္ဘာလုံးနှင့်ခြင်္သေ့ပုံပါ တံဆိပ်တုံးနှစ်ခုတို့အား ပိုင်ရှင်မဲ့တွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။

အဆိုပါသိမ်းဆည်းရမိ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို လုံခြုံရေးအဖွဲ့များမှ တာချီလိတ်မြို့နယ် မူးယစ်တပ်ဖွဲ့စုသု့ိ စနစ်တကျ လွှဲပြောင်းအပ်နှံသွားမည်ဖြစ်သည်။


Share this post