• Follow Us on

Home တာချီလိတ်မြို့နယ်၌ လက်နက်၊ ခဲယမ်းနှင့် ငွေကျပ် ၆ ဒဿမ ၃ ဘီလီယံကျော် တန်ဖိုးရှိမူးယစ်ဆေးဝါးများကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိ


Share this post

ရန်ကုန်၊သြဂုတ်-၆


ဖြစ်စဉ်မှာ တာချီလိတ်မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် သြဂုတ်လ(၅)ရက် နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ပန်ကူ(အခါ)ကျေးရွာအနီး လူနေထိုင်ခြင်းမရှိသည့် မသင်္ကာဖွယ် အဆောက်အဦး ၁ လုံးအား တွေ့ရှိသဖြင့် ဝင်ရောက်ရှာဖွေရာ အဆောက်အဦအတွင်းမှ မိုးကာဖြင့်အုပ်ထားသော အမေရိကန်နိုင်ငံ လုပ် ၉ မမ ပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ၎င်းကျည် ၇ တောင့်၊ WY စာတမ်းပါစိတ်ကြွရူးသွပ်ဆေးပြား ၇၇၃၀၀၀ ပြား၊ ပန်းရောင်၊ လိမ္မော်ရောင်စိတ်ကြွဆေးမှုန့် ၃၄၀ ကီလိုဂရမ်ခန့်၊ ကဖင်းအဖြူရောင်အမှုန့် ၆၀၀ ကီလိုဂရမ်ခန့်(စုစုပေါင်း မူးယစ်ဆေးဝါးများ၏ ခန့်မှန်းတန်ဖိုးငွေကျပ် ၆ ဒဿမ ၃ ဘီလီယံကျော်)နှင့် မူးယစ် ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။



(unicode)
တာချီလိတ်မြို့နယ်၌ လက်နက်၊ ခဲယမ်းနှင့် ငွေကျပ် ၆ ဒဿမ ၃ ဘီလီယံကျော် တန်ဖိုးရှိမူးယစ်ဆေးဝါးများကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိ
……………………………………………………

ရန်ကုန်၊ဩဂုတ်-၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၌ လက်နက်၊ ခဲယမ်းနှင့် ငွေကျပ် ၆ ဒဿမ ၃ ဘီလီယံကျော် တန်ဖိုးရှိမူးယစ်ဆေးဝါးများကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲံသည်။

ဖြစ်စဉ်မှာ တာချီလိတ်မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဩဂုတ်လ(၅)ရက် နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ပန်ကူ(အခါ)ကျေးရွာအနီး လူနေထိုင်ခြင်းမရှိသည့် မသင်္ကာဖွယ် အဆောက်အဦး ၁ လုံးအား တွေ့ရှိသဖြင့် ဝင်ရောက်ရှာဖွေရာ အဆောက်အဦအတွင်းမှ မိုးကာဖြင့်အုပ်ထားသော အမေရိကန်နိုင်ငံ လုပ် ၉ မမ ပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ၎င်းကျည် ၇ တောင့်၊ WY စာတမ်းပါစိတ်ကြွရူးသွပ်ဆေးပြား ၇၇၃၀၀၀ ပြား၊ ပန်းရောင်၊ လိမ္မော်ရောင်စိတ်ကြွဆေးမှုန့် ၃၄၀ ကီလိုဂရမ်ခန့်၊ ကဖင်းအဖြူရောင်အမှုန့် ၆၀၀ ကီလိုဂရမ်ခန့်(စုစုပေါင်း မူးယစ်ဆေးဝါးများ၏ ခန့်မှန်းတန်ဖိုးငွေကျပ် ၆ ဒဿမ ၃ ဘီလီယံကျော်)နှင့် မူးယစ် ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

အဆိုပါ သိမ်းဆည်းရမိ လက်နက်၊ ခဲယမ်းများ၊ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများကို လုံခြုံရေး တပ်ဖွဲ့များက တာချီလိတ်မြို့နယ်၊ မူးယစ်တပ်ဖွဲ့စုသို့ လွှဲပြောင်းအပ်နှံခဲ့သည်။

#PeopleMedia #တာချီလိတ်


Share this post