• Follow Us on

Home တာချီလိတ်မြို့နယ်၌ ၁ ဒသမ ၃၉ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ

တာချီလိတ်မြို့နယ်၌ ၁ ဒသမ ၃၉ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ

Share this post

မန္တလေး၊ နိုဝင်ဘာ ၁၆ (People Media)

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တာချီလိတ်မြို့တွင် ၁ ဒသမ ၉ ဘီလီယံကျော်တန်းဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိကြောင်း CCDAC Myanmar မှ ထုတ်ပြန်ထားပါတယ်။

 

ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၂ ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ တာချီလိတ်မြို့၊ ပါဆယ်ရပ်ကွက်၊ လွန်ကျိုင်း ကျေးရွာ၊ အမှတ်(၁/၃၆၉) နေထိုင်သည့် စိုင်းလုံနေအိမ်အား သတင်းအရရှာဖွေရာ ၎င်းနှင့်အတူ စိုင်းရီအား တွေ့ရှိခဲ့ကြောင်း သိရပါတယ်။

 

ထိုနေအိမ်အတွင်းမှ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၃၉ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၂၆၅ တုံး၊ အလေးချိန် ၉၂ ကီလို၊ ဘိန်းဖြူမှုန့်အလေးချိန် ၀ ဒသမ ၃ ကီလို စုစုပေါင်းအလေးချိန် ၉၃ ဒသမ ၀၅ ကီလို၊ ဘိန်း ၄ ဒသမ ၉ ကီလို၊ M-16 သေနတ် ၂ လက်၊ ပစ္စတိုသေနတ် ၃ လက်၊ လက်ပစ်ဗုံး ၇ လုံး၊ ခြောက် လုံးပြူးလေသေနတ် ၁ လက်၊ ကျည်မျိုးစုံ ၃၃၇၆ တောင့်နှင့် မော်တော်ယာဉ် ၃ စီးတို့အား ဖမ်းဆီးရမိကြောင်း သိရပါတယ်။

 

ထိုဖမ်းဆီးရမိသူ အမျိုးသားနှစ်ဦးကို ဥပဒေအရအရေးထားပြီး ၎င်းတို့နှင့် ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို စစ်ဆေးဖော်ထုတ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရပါတယ်။

 

Photo – Credit

 

#PeopleMedia #တာချီလိတ်မြို့ #မူးယစ်ဆေးဝါး

 

(unicode)


………………………………………………………………

 

မန်တလေး၊ နိုဝငျဘာ ၁၆ (People Media)

 


 


 


 


 

Photo – Credit

 



Share this post