• Follow Us on

Home တာချီလိတ်မြို့၊ မယ့်ဖုံးလုံကျေးရွာ၌ အလုပ်ရှင်နှင့် အလုပ်သမားတို့ ရန်ဖြစ်ရာ အလုပ်ရှင် ဓားထိုးခံရပြီး သေဆုံး

တာချီလိတ်မြို့၊ မယ့်ဖုံးလုံကျေးရွာ၌ အလုပ်ရှင်နှင့် အလုပ်သမားတို့ ရန်ဖြစ်ရာ အလုပ်ရှင် ဓားထိုးခံရပြီး သေဆုံး

Share this post

တောင်ကြီး၊ ဇန်နဝါရီ ၃ (People Media)

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မိုင်းကိုင်းကျေးရွာအုပ်စု၊ မယ့်ဖုံးလုံကျေးရွာ၌ ဒီဇင်ဘာ ၃၁ ရက် ညပိုင်းက အုတ်စက်ပိုင်ရှင် ဦးမြင့်ဝင်းနှင့် အလုပ်သမားဖြစ်သူ ဇော်မျိုးထက်(ခ)မုန့်လုံးတို့သည် စကားများ ရန်ဖြစ်ရာ အလုပ်ရှင်သည် ဓားထိုးခံရ၍ သေဆုံးသွားသည်။

 

“လစာနဲ့ပတ်သတ်ပြီးတော့ ရန်ဖြစ်စကားများတာ။ ဓါးက အလုပ်ရှင်ဓါး။ အဲ့ချိန်မှာ တစ်ယောက်တလှည့် ခုခံရင်းနဲ့ အလုပ်ရှင် ဓါးထိုးခံရတာ။ ကောင်လေးကိုတော့ အဲ့နေရာမှာပဲ ဖမ်းမိတယ်” လို့ မျက်မြင်တစ်ဦးက ပြောသည်။

 

ဓားဖြင့်အထိုးခံမှုကြောင်း အလုပ်ရှင်ဆိုသူမှာ လည်ပင်းတွင် ဓားဒဏ်ရာ(၁)ချက်၊ နှုတ်ခမ်းတွင် ဓားဒဏ်ရာ (၁) ချက်တို့ရရှိပြီး၊ ဆေးရုံးသို့ ပို့ဆောင်ခဲ့သော်လည်း ဇန်နဝါရီ ၁ ရက်နေ့တွင် ဆေးရုံ၌ သေဆုံးသွားသည်။

 

အဆိုပါ အခင်းဖြစ်ပွားရာနေရာသို့ လူမှုကူညီရေးအသင်းမှ သွားရောက်ကူညီခဲ့ပြီး၊ ရဲတပ်ဖွဲ့များမှလည်း သွား ရောက် စစ်ဆေးခဲ့ကာ ပြစ်မှုကျူးလွန်ခဲ့သူကိုလည်း ဟောင်လိတ်နယ်မြေရဲကင်းစခန်းမှ လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့် ဖမ်းဆီးရေးယူထားသည်။

 

Photo – Credit

 

#PeopleMedia #တာချီလိတ်မြို့

 

(unicode)


…………………………………………………………

 


 


 


 


 


 

Photo – Credit

 



Share this post