• Follow Us on

Home တာခ်ီလိတ္ၿမိဳ႕၌ တပ္မေတာ္မွ ဗုိလ္မွဴးႏွင့္ တပ္ၾကပ္တစ္ဦးတုိ႔သည္ မူးယစ္ေဆးျပား ၂ သိန္းေက်ာ္ႏွင့္အတူ လက္ရ ဖမ္းမိခဲ့ေၾကာင္း ေဒသအေျခစုိက္မီဒီယာမ်ားေဖာ္ျပ

တာခ်ီလိတ္ၿမိဳ႕၌ တပ္မေတာ္မွ ဗုိလ္မွဴးႏွင့္ တပ္ၾကပ္တစ္ဦးတုိ႔သည္ မူးယစ္ေဆးျပား ၂ သိန္းေက်ာ္ႏွင့္အတူ လက္ရ ဖမ္းမိခဲ့ေၾကာင္း ေဒသအေျခစုိက္မီဒီယာမ်ားေဖာ္ျပ

Share this post

ရန္ကုန္၊ ဇူလုိင္ – ၆

တာခ်ီလိတ္ၿမိဳ႕၌ တပ္မေတာ္မွ ဗုိလ္မွဴးႏွင့္ တပ္ၾကပ္တစ္ဦးတုိ႔သည္ မူးယစ္ေဆးျပား ၂ သိန္းေက်ာ္ႏွင့္အတူ လက္ရဖမ္းမိ ခဲ့ေၾကာင္း ေဒသအေျခစုိက္မီဒီယာမ်ားက ဇူလုိင္(၆)ရက္ေန႔၌ ေဖာ္ျပထားသည္။

တာခ်ီလိတ္ၿမိဳ႕ အေျခစုိက္မီဒီယာတစ္ခုျဖစ္သည့္ Tackileik News Agency ၏ သတင္းေဖာ္ျပခ်က္၌ တာခ်ီလိတ္ၿမိဳ႕သုိ႔ သယ္ ယာသည့္ မုိင္းေယာင္နယ္ေျမခံတပ္မွ ဗုိလ္မွဴးတစ္ဦးႏွင့္ တပ္ၾကပ္တစ္ဦးတုိ႔ကုိ မူးယစ္ေဆးျပား (၂)သိန္းေက်ာ္ႏွင့္အတူ ဖမ္းမိ ေၾကာင္း ေဖာ္ျပထားသည္။

မူးယစ္ေဆးဝါးသတင္းအရ ပူးေပါင္းအဖြဲ႕သည္ ေစာင့္ဆုိင္းေနစဥ္ မုိင္းေယာင္တပ္နယ္မွ ဗုိလ္မွဴးထြန္းလင္းေအာင္ ေမာင္းႏွင္၍ တပ္ၾကပ္ႏုိင္စုိး လုိက္ပါလာသည့္ယာဥ္ကုိ စစ္ေဆးရာ မူးယစ္ေဆးဝါးမ်ားကုိ ဖမ္းမိခဲ့ျခင္းျဖစ္သည္။

လက္ရွိအခ်ိန္၌ မူးယစ္ေဆးသယ္ေဆာင္လာသည့္ တပ္မေတာ္အရာရွိႏွင့္ တပ္ၾကပ္တုိ႔ကုိ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ (ပ)၈၃/၂၀၊စိတ္ပုဒ္မ၁၉(က)/၂၁ အရ အမႈဖြင့္ထားသည္။

အဆုိပါသတင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ People Media မွ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ ဗုိလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းထံ ဖုန္းျဖင့္ ဆက္သြယ္ေမးျမန္းခဲ့ေသာ္လည္း ဖုန္းလက္ခံေျဖၾကားမႈမရွိပါ။

#PeopleMedia #တာခ်ီလိတ္

Photo – Credit

(unicode)
တာချီလိတ်မြို့၌ တပ်မတော်မှ ဗိုလ်မှူးနှင့် တပ်ကြပ်တစ်ဦးတို့သည် မူးယစ်ဆေးပြား ၂ သိန်းကျော်နှင့်အတူ လက်ရ ဖမ်းမိခဲ့ကြောင်း ဒေသအခြေစိုက်မီဒီယာများဖော်ပြ
………………………………………………………

ရန်ကုန်၊ ဇူလိုင် – ၆

တာချီလိတ်မြို့၌ တပ်မတော်မှ ဗိုလ်မှူးနှင့် တပ်ကြပ်တစ်ဦးတို့သည် မူးယစ်ဆေးပြား ၂ သိန်းကျော်နှင့်အတူ လက်ရဖမ်းမိ ခဲ့ကြောင်း ဒေသအခြေစိုက်မီဒီယာများက ဇူလိုင်(၆)ရက်နေ့၌ ဖော်ပြထားသည်။

တာချီလိတ်မြို့ အခြေစိုက်မီဒီယာတစ်ခုဖြစ်သည့် Tackileik News Agency ၏ သတင်းဖော်ပြချက်၌ တာချီလိတ်မြို့သို့ သယ် ယာသည့် မိုင်းယောင်နယ်မြေခံတပ်မှ ဗိုလ်မှူးတစ်ဦးနှင့် တပ်ကြပ်တစ်ဦးတို့ကို မူးယစ်ဆေးပြား (၂)သိန်းကျော်နှင့်အတူ ဖမ်းမိ ကြောင်း ဖော်ပြထားသည်။

မူးယစ်ဆေးဝါးသတင်းအရ ပူးပေါင်းအဖွဲ့သည် စောင့်ဆိုင်းနေစဉ် မိုင်းယောင်တပ်နယ်မှ ဗိုလ်မှူးထွန်းလင်းအောင် မောင်းနှင်၍ တပ်ကြပ်နိုင်စိုး လိုက်ပါလာသည့်ယာဉ်ကို စစ်ဆေးရာ မူးယစ်ဆေးဝါးများကို ဖမ်းမိခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်၌ မူးယစ်ဆေးသယ်ဆောင်လာသည့် တပ်မတော်အရာရှိနှင့် တပ်ကြပ်တို့ကို တာချီလိတ်မြို့မရဲစခန်းတွင် မယ (ပ)၈၃/၂၀၊စိတ်ပုဒ်မ၁၉(က)/၂၁ အရ အမှုဖွင့်ထားသည်။

အဆိုပါသတင်းဖြစ်စဉ်နှင့်ပတ်သက်၍ People Media မှ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းထံ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားမှုမရှိပါ။

#PeopleMedia #တာချီလိတ်

Photo – Credit


Share this post