• Follow Us on

Home တာခ်ီလိတ္ၿမိဳ႕၌ ေငြက်ပ္ ၁ ဘီလီယံတန္ဖိုးရွိ အိုက္စ္မ်ားဖမ္းဆီးရမိ

တာခ်ီလိတ္ၿမိဳ႕၌ ေငြက်ပ္ ၁ ဘီလီယံတန္ဖိုးရွိ အိုက္စ္မ်ားဖမ္းဆီးရမိ

Share this post

ရန္ကုန္၊ ဒီဇင္ဘာ ၁၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕နယ္မွ ေငြက်ပ္ ၁ ဘီလီယံ တန္ဖိုးရွိ အိုက္စ္မ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာနိုင္ငံ ရဲတပ္ဖြဲ႕မွ ယေန႔ ထုတ္ျပန္လိုက္သည္။

မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္မ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ ဒီဇင္ဘာလ ၁၆ ရက္ေန႔ ေန႔လယ္ ၁ နာရီအခ်ိန္တြင္ ႀကိဳတင္ခ်ိတ္ဆက္ထားသည့္ သတင္းအရတာခ်ီလိတ္ၿမိဳ႕နယ္၊ လြယ္စီတုံေက်းရြာ၊ ေလာကဓမၼဘုန္းႀကီး ေက်ာင္းလမ္းတြင္ ေစာင့္ဆိုင္းေနစဥ္ ယန္းေခါင္ေက်းရြာဘက္မွေလာကဓမၼေက်းရြာဘက္သို႔ အားေဝေမာင္းႏွင္လာသည့္ Toyota Hilux Revo Double Cab ေမာ္ေတာ္ယာဥ္ႏွင့္ လီေကာင္း(ခ)အားခ်ာေမာင္းႏွင္ၿပီး အားေဂၽြ႕လိုက္ပါလာသည့္ Toyota Hilux Vigo Double Cab ေမာ္ေတာ္ယာဥ္တို႔ေရာက္ရွိလာခဲ့သည္။

သို႔ျဖစ္၍ တပ္ဖြဲ႕ဝင္မ်ားမွ စစ္ေဆးရန္ ရပ္တန႔္ခိုင္းစဥ္ လီေကာင္း(ခ)အားခ်ာမွာ ယာဥ္ေပၚမွ ခုန္ခ်ထြက္ေျပးလြတ္ေျမာက္သြားၿပီး အားေဝႏွင့္ အားေဂၽြ႕ တို႔အားအိုက္စ္ ၅၀ ကီလို၊ ေမာ္ေတာ္ယာဥ္ႏွစ္စီးတို႔ႏွင့္ အတူဖမ္းဆီးရမိခဲ့သျဖင့္အားေဝ(၂၃)ႏွစ္၊ အားေဂၽြ႕(၁၆)ႏွစ္၊ လီေကာင္း(ခ)အားခ်ာ(ဖမ္းမမိ)တို႔အား ဥပေဒအရအေရးယူထားေၾကာင္းႏွင့္ သိမ္းဆည္းရမိေသာ အိုက္စ္မ်ားကိုက်ိဳင္းတုံမွ တာခ်ီလိတ္သို႔ သယ္ေဆာင္ျခင္းျဖစ္ေၾကာင္း ျမန္မာနိုင္ငံရဲတပ္ဖြဲ႕မွ ထုတ္ျပန္သည္။

#PeopleMedia #မူးယစ္ #တာခ်ီလိတ္

(unicode)
တာချီလိတ်မြို့၌ ငွေကျပ် ၁ ဘီလီယံတန်ဖိုးရှိ အိုက်စ်များဖမ်းဆီးရမိ
…………………………………

ရန်ကုန်၊ ဒီဇင်ဘာ ၁၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်မှ ငွေကျပ် ၁ ဘီလီယံ တန်ဖိုးရှိ အိုက်စ်များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ယနေ့ ထုတ်ပြန်လိုက်သည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၁၆ ရက်နေ့ နေ့လယ် ၁ နာရီအချိန်တွင် ကြိုတင်ချိတ်ဆက်ထားသည့် သတင်းအရတာချီလိတ်မြို့နယ်၊ လွယ်စီတုံကျေးရွာ၊ လောကဓမ္မဘုန်းကြီး ကျောင်းလမ်းတွင် စောင့်ဆိုင်းနေစဉ် ယန်းခေါင်ကျေးရွာဘက်မှလောကဓမ္မကျေးရွာဘက်သို့ အားဝေမောင်းနှင်လာသည့် Toyota Hilux Revo Double Cab မော်တော်ယာဉ်နှင့် လီကောင်း(ခ)အားချာမောင်းနှင်ပြီး အားဂျွေ့လိုက်ပါလာသည့် Toyota Hilux Vigo Double Cab မော်တော်ယာဉ်တို့ရောက်ရှိလာခဲ့သည်။

သို့ဖြစ်၍ တပ်ဖွဲ့ဝင်များမှ စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် လီကောင်း(ခ)အားချာမှာ ယာဉ်ပေါ်မှ ခုန်ချထွက်ပြေးလွတ်မြောက်သွားပြီး အားဝေနှင့် အားဂျွေ့ တို့အားအိုက်စ် ၅၀ ကီလို၊ မော်တော်ယာဉ်နှစ်စီးတို့နှင့် အတူဖမ်းဆီးရမိခဲ့သဖြင့်အားဝေ(၂၃)နှစ်၊ အားဂျွေ့(၁၆)နှစ်၊ လီကောင်း(ခ)အားချာ(ဖမ်းမမိ)တို့အား ဥပဒေအရအရေးယူထားကြောင်းနှင့် သိမ်းဆည်းရမိသော အိုက်စ်များကိုကျိုင်းတုံမှ တာချီလိတ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်သည်။

#PeopleMedia #မူးယစ် #တာချီလိတ်


Share this post